အခြေအနေ တစ်ခုကြောင့် ရှောင်တိမ်း နေရတဲ့ သူမ ရဲ့ လက်ရှိအခြေအနေကို ပြောပြ လာတဲ့ ခေးဆက်သွင်

Posted on

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ခေးဆက်သွင်ဟာဆိုရင် ဇာတ်လမ်းပေါင်း များစွာရိုက်ကူးခဲ့တဲ့အထဲမှ အရိပ်ဆိုတဲ့ဇာတ်လမ်းတွဲထဲက အမာညိုဆိုတဲ့ကာရိုက်တာလေးနဲ့ပါဝင်ရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ရင်ထဲကိုတိုးဝင်ခဲ့တဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ဟာဆိုရင် သွယ်လျှပပြီး အချိုးအစားပြေပြစ်လွန်း ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်.။ရိုးသားဖြူစင်ပြီး စကားပြောပွင့်လင်းတဲ့ခေးကို ဆိုရင် ပရိတ်သတ်တွေကသာမကပဲ အနုပညာမောင်နှစ်မတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ချိုသာတဲ့မျက်နှာထားပိုင်ရှင်လေး ခေးဆက်သွင်က Tik Tok တွေဆိုကစားရင်းပရိတ်သတ်ကိုနောက်ထပ်ပုံစံတစ်မျိုးနဲ့ဆွဲဆောင်နိုင်တဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။

သူမဟာဆိုရင် လတ်တလော ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေ နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်ကတည်းက ပြည်သူလူထုနဲ့အတူ နေ့စဉ်နေ့တိုင်လမ်းပေါ်ထွက်ပြီးလွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာတတ်တတ်ကြွကြွပါဝင်ရင်း ဆန္ဒပြတဲ့ပြည်သူတွေကို အစားအသောက်တွေ ကိုလည်း သူမတတ်နိုင် သလောက် လှူဒါန်းခဲ့တာကို လေးစားစွာတွေမြင်ခဲ့ရပါသေးတယ်ပရိတ်သတ်ကြီးရေ…။ပြည်သူလူထုနဲ့တစ်သားတည်း အမှန်တရားဘက်ကရပ်တည်ခဲ့တဲ့ခေးဆက်သွင်က ပီးခဲ့တဲ့ ရက်ပိုင်း မှာတော့ ပုဒ်မ၅၀၅(က)နဲ့အရေးယူခံရတဲ့ စာရင်းထဲပါလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒီလိုအရေးယူခံရပေမယ့်လည်းခေးက နောက်မဆုတ်ပဲ ဓမ္မဘက်ကနေ ဆက်လက် ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတဲ့ခေးက လူမှုကွန်ယက်ကနေ ပရိတ်သတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့လိုအဆက်အသွယ်ပြတ်သွားတဲ့ အတွက် ပရိတ်သတ်တွေက ခေးဆက်သွင် ရဲ့ဘေးကင်းလုံခြုံမှုကို စိတ်ပူနေကြတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်တော့ သူမကိုစိတ်ပူနေတဲ့ပရိတ်သတ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ စိတ်မပူကြဖို့ အသိပေး လာခဲ့တာပဲ ဖြစ်ပါတယ်နော်…။

ခေးက” Internetမရတဲ့နေရာမှာ ပုန်းအောင်းနေတာ ၁လလောက် ရှိပါပြီ…ဘေးကင်းနေ ပါသေးတယ်..စိတ်မပူကြပါနဲ့နော်” ဆိုပြီးသူမရဲ့လက်ရှိအခြေအနေကိုပြောပြလာတာပဲဖြစ်ပါတယ်။အဲ့ဒီပို့စ်အောက်မှာလဲ သူမကိုချစ်တဲ့ပရိတ်သတ်တွေက အစစအရာရာဂရုစိုက်ဖို့ မှာထားတာကိုလည်းတွေရပါသေးတယ်။ ပရိတ်သတ်ကြီး ကလညး် ခေးတစ်ယောက်ဘေးကင်းလုံခြုံစေဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအုံးနော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်..။

Source ; Khay Sett Thwin Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *