အခြေခံ စားသောက်ကုန် များကို လိုအပ် နေသူများ ထံ လှူဒါန်း ထားတဲ့ မြောက်ဒဂုံ မှ ” ပိုလျှင် လှူပါ လိုလျှင်ယူပါ “အစီစဉ်

Posted on

အခြေခံ စားသောက်ကုန်လေးများကို လိုအပ်နေသူများထံ လှူဒါန်း ထားတဲ့ မြောက်ဒဂုံမှ ” ပိုလျှင်လှူပါ လိုလျှင်ယူပါ”မင်္ဂလာပါ ဒီနေ့ တင်ဆက် ပေးသွားမှာကတော့ ဝန်ထမ်းတွေက CDM လုပ် ၊ကျပန်းသမားတွေလည်း ဆန္ဒထုတ်ဖော် ၊စက်ရုံ သမားတွေ အခြေခံ လူတန်းစားတွေလည်း သပိတ်မှောက်နဲ့ယခုဆိုရင် ၁ လ နဲ့ ၁၉ ရက် ရှိခဲ့ပါပြီ။တချို့ မိသားစုတွေဟာ စားဝတိနေရေး အတော်လေးခက်ခဲနေကြပေမယ့် အမှန်တရား ဘက် ရပ်တည်ကာ ဆက်လက် တိုက်ပွဲဝင်နေကြစဲပါပဲ။ပြည်သူ လူထုဟာ ဇွဲ မလျော့ပဲ အရေးတော်ပုံကြီး အောင်မြင်ဖို့ကိုသာ အဓိကထား တိုက်ပွဲဝင်နေကြတာပါ။ဒါ့အပြင် ယခု ကာလဟာ သူသူကိုယ်ကိုယ် စားဝတ်နေရေး ခက်ခဲနေကြတာပါ။

ဒါ့ကြောင့်ပြည်သူများအနေနဲ့ လိုအပ်တဲ့ စားသောက်ကုန် စိမ်းလေး များကို အခမဲ့ ပေးနိုင်ရန် မတ် လ ၁၇ ရက်နေ့ထဲက (Community Food Sharing) အစီစဉ်လေးကို မြောက်ဒဂုံမြို့မှာ စတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစီစဉ်လေးဟာ အောင်မြင်သွားခဲ့ပြီး လိုအပ်သူများ လာယူနိုင်ပြီး တတ်နိုင်တဲ့သူများကိုလည်း လာရောက် လှူဒါန်းနိုင်ရန်အတွက်” ပိုလျှင်လှူပါ လိုလျှင်ယူပါ ” ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ တိုက်တွန်း လာခဲ့ပါတယ်။ မြောက်ဒဂုံ မြို့နယ်၊ ဦးဝိစာရ လမ်းပေါ်ရှိ Bo Bo Min Bakery မှာ ပြုလုပ် ပေးနေပါတယ်။အစီစဉ်လေးကို ပြုလုပ်တာဟာ ဒီနေ့နဲ့ဆို ၃ ရက် မြောက်နေ့ပါ။ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အစားအသောက်များ

လာယူဆောင်နိုင်ပြီး အခြားသော မြို့နယ်များမှာလည်း ယခုလို အစီစဉ်လေး ပြုလုပ် အကောင်ထည်ဖော်နိုင်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ပရိသတ်ကြီးလည်း မြောက်ဒဂုံနဲ့ နီးရင် သွားရောက် ယူဆောင်နိုင်ပါတယ်ခင်ဗျာ။ပရိသတ်ကြီး အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့အတူ ဖြတ်သန်း နိုင်ကြပါစေဗျာ။ မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းပါစေဗျာ။ သူရဲကောင်းများနဲ့ ပြည်သူလူထုအား အစဉ်လေးစားလျက်

Source:Bo Bo Min Bakery Confectionery

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *