အခြားတစ်ဖက်ကို ထောက်ခံရင်တိုင်းပြည် ရဲ့ သစ္စာဖောက်”ဆိုတဲ့လုပ်ရပ်မျိုး‌တွေ ကြောင့် တိုင်းပြည် အနာဂတ်ကိုရင် လေးမိကြောင်း ပြောပြလာတဲ့ မင်အုပ်စိုး ကို ပရိသတ်တွေ အပြင်းအထန် ဝေဖန်

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုး ကတော့ လူသတ်မှု နဲ့ ထောင်ကျနေတာ အတော်လေး ကြာခဲ့ပါပြီနော်။ အချိန်အတော်ကြာ တရားရင်ဆိုင် ရပြီးနောက် သေဒဏ်ဆိုပြီး အမိန့်ချမှတ် ခံခဲ့ရတာပါနော်။ ထောင်ကျပြီး နောက်ပိုင်း သူနဲ့ပတ်သက်တဲ့ သတင်းမှန်သမျှ ဘာမှမကြားရတာ အတော်ကြာခဲ့ပါပြီနော်။ ဒါ‌ေပမယ့်မကြာသေးခင်ပဲ သရုပ်ဆောင် မင်းအုပိစိုးဟာပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တချို့ကတော့ သရုပ်ဆောင် မင်းအုပ်စိုး ပြန်လည်လွတ်မြောက် လာတဲ့ အပေါ် အမျိုးမျိုးဝေဖန်သံတွေထွက်လာခဲ့ကြပြီး ဒေါသထွက်ခဲ့ ကြပါသေးတယ်။

မင်းအုပ်စိုးကတော့လတ်တလောအခြေနေတွေနဲ့ ပတ်သတ်ပြီးထောက်ခံ တာခြင်းမတူတာ နဲ့ ရန်သူဖြစ်ကြကြေးလား ငါနဲ့မတူငါ့ရန်သူ အခြားတစ်ဖက်ကိုထောက်ခံတဲ့သူကတိုင်းပြည်ရဲ့သစ္စာဖောက် ထိုလုပ်ရပ်မျိုး‌တွေကြောင့် တိုင်းပြည်အနာဂတ်ကို ရင်လေးမိကြောင်းသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ကနေ ရေးသားပြောပြလာပါတယ်။

ထောက်ခံတာခြင်းမတူတာနဲ့ရန်သူဖြစ်ကြကြေးလားခုနှစ်တွေအချိန်တွေ နေ့ရက်တွေကိုတော့ အတိအကျရေးမပြတော့ပါဘူး။မမှတ်မိလို့လဲမဟုတ်ပါဘူး။အခုရေးမှာကအချိန်တွေခုနှစ်တွေအကြောင်းမဟုတ်ဘဲအဖြစ်အပျက်ကို ရေးပြချင်တာမို့အချိန်တွေ၊နေ့ရက်တွေ၊ခုနှစ်တွေကိုကျော်ပစ်လိုက်တဲ့သဘောပါ။ ကျွန်တော်အခု ရေးပြမယ့်အကြောင်းအရာလေးဖြစ်ခဲ့တဲ့နေရာကတော့ အမေရိကန်နိုင်ငံမှာပါ။အိုဘားမားကသမ္မတလောင်းဖြစ် ရွေးကောက်ပွဲဝင်ပြီးမဲဆွယ်စည်းရုံးနေတဲ့အချိန်ပေါ့။

အဲ့ဒီ့လိုပဲတစ်ဖက်ပါတီကနေ ဟီလာရီကလင်တန် ကလဲ အမေရိကန် သမ္မတလောင်း အဖြစ်မဲဆွယ် စည်းရုံးနေတဲ့အချိန်ပေါ့။အဲ့ဒီ့အချိန်မှာ အင်မတန်ထူးခြားတဲ့အခြေအနေတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင် အကယ်၍များအိုဘားမားသမ္မတဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသောလူမည်းသမ္မတဖြစ်မှာပါ။

အဲ့ဒီ့လိုပါပဲတကယ်လို့များ တစ်ဖက်ပါတီကဟီလာရီကလင်တန် အနိုင်ရခဲ့မယ်ဆိုရင်လဲ သူမဟာ အမေရိကန်နိုငိငံ ရဲ့ ပထမဦးဆုံးသောအမျိုးသမီးသမ္မတ ဖြစ်လာမှာပါ။အဲ့ဒီလိုမျိုးထူးခြားတဲ့ အခြေအနေတစ်ခု ရှိနေခဲ့လေတော့ အဲ့ဒီနှစ်က ကျင်းပခဲ့တဲ့အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာအခြားနှစ်တွေတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောင်ပွဲတွေထက် အဆပေါင်းများစွာပြိုင်ဆိုင်မှု ကြီးမားခဲ့ပါတယ်၊ ပြင်းထန်ခဲ့ပါတယ်။

အဲ့ဒီ့တော့လဲပြည်သူတွေရဲ့ စိတ်ဝင်စားမှုကအခြားအခြားသော နှစ်တွေထက်ပိုပြီးတော့ မြင့်မားပြင်းထန်ခဲ့ပါတယ်။အိုဘားမားကို သဘောကျတဲ့ လူတွေကလဲ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသောလူမည်းသမ္မတကိုရွေးကောက်တင်မြှောက်ခွင့်ရဖို့အတွက် အပြင်းအထန် ကြိုးစားကြပါတယ်။

ဟီလာရီကလင်တန်ကို လိုလားကြိုက်နှစ်သက်ကြတဲ့ ပြည်သူတွေကလဲ အမေရိကန်နိုင်ငံ မှာပထမဆုံးသော အမျိုးသမီးသမ္မတစ်ယောက် ပေါ်ပေါက်ခွင့်ရလာနိုင်ဖို့အတွက်အားကျိုးမာန်တက် ကြိုးစားကြ စည်းရုံးကြမဲဆွယ်ကြပါတယ်။ကိုယ့်လူအနိုင်ရဖို့မဲဆွယ်ရတာဖြစ်တဲ့အတွက်ကိုယ့်လူကောင်းကြောင်း ကို နဂိုရှိရင်း စွဲထက်ပိုပြီး ချီးမွှန်းကြ အမွှန်းတင်ကြရပါတယ်။ကိုယ့်လူကောင်းတဲ့အကြောင်းကို နဂိရှိရင်းစွဲထက်ပိုပြီးတော့ အမွှန်းတင်ပြီဆိုမှတော့အခြားပါတီက သမ္မတလောင်းအဖြစ်ဝင်အရွေးခံတဲ့ အိုဘားမားကိုသူ့မှာရှိသမျှအပြစ်တွေအားနည်းချက်တွေကိုလိုက်ရှာပြီးမဲမရအောင်၊ပြည်သူတွေမထောက်ခံအောင် တစ်စက်ကလေးမှ ရစရာမရှိတဲ့အထိအပုတ်ချကြ၊အပြစ်ပြောကြ၊သိက္ခာချကြပါတယ်။

အဲ့ဒီ့တော့လဲအိုဘားမားဘက်က လူတွေကဟီလာရီကလင်တန်နဲ့ ပတ်သက်ပြီးမကောင်း တဲ့ သတင်းမှန်သမျှ လေ့လာစုံစမ်းပြီး တကယ့်အရှိတရားထက် အဆပေါင်းများစွာရေးသားဖြန့်ဝေပုတ်ခတ် ပြောဆိုကြပါတယ်။အိုဘားမားဘက်က လူတွေကဟီလာရီကလင်တန်ကို တစ်စက်ကလေးမှ ရစရာမရှိအောင် ပြောလိုက်၊ ဟီလာရီကလင်တန်ဘက်က လူတွေကအိုဘားမားကိုရစရာမရှိအောင် ပြောလိုက်နဲ့ အဲ့ဒီ့အချိန်တုန်းကအမေရိကန်ရွေးကောင်ပွဲအကြိုကာလတွေဟာ လူမျိုးရေးအပုတ်ချပွဲ၊လူမှုရေးအပုတ်ချပွဲတွေနဲ့ သောသောညံနေခဲ့ပါတယ်။ဒီတော့လဲရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့စိတ်ဝင်စားမှု အတိုင်းအတာဟာအခြားရွေးကောက်ပွဲတွေထက်ပိုပြီး ပြင်းထန်မြင့်မားခဲ့ပါတယ်။

ရွေးကောင်ပွဲနီးလာတာနဲ့အမျှသူ့ဘက်ကိုယ့်ဘက်မှာ ရှိနေကြတဲ့ ပြည်သူ အချင်းချင်း အပြိုင်အဆိုင်အပုတ်ချကြယုံ၊အပြစ်ပြောကြယုံ မဟုတ်တောဘဲ ဟီလာရီကလင်တန်ကိုယ်တိုင်က မဲဆွယ်စည်းရုံးရေးစင်မြင့်တွေထက်ကနေပြီး အိုဘားမားကို နာမည်တပ်ပြီးတော့ ငယ်ကျိုးငယ်နာမှန်သမျှ ဖော်ထုတ်ပါတော့တယ်။အိုဘားမား ဘက်ကလဲ မဲဆွယ်စည်းရုံးရေး စင်မြင့်တွေထက်ကနေ ဟီလာရီကလင်တန်ရဲ့ဆိုးကွက်မှန်သမျှ မတွေ့တွေ့အောင်ရှာပြီးတန်ပြန်အပုတ်ချပွဲကြီး ဆင်နွှဲပါတော့တယ်။သမ္မတလောင်းတွေ ကိုယ်တိုင်ကတစ်ယောက်နဲ့တစ်ယောက်စင်မြင့်ထက်ကနေ ဝေဖန်အပြစ်တင် အပုတ်ချနေပြီ ဆိုမှတော့သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေကအဆပေါင်းများစွာ ပြင်းထန်တဲ့ဝေဖန် အပြစ်တင်ရှုတ်ချမှုတွေနဲ့တစ်ဖက်ကိုတစ်ဖက် စကားလုံးမြှားတွေနဲ့ ပစ်ခွင်းကြပါတယ်။

ဒါပေမဲ့လည်း ဟီလာရီကလင်တန်ကို ကြိုက်တဲ့ပြည်သူတွေက အိုဘားမားကို ကြိုက်တဲ့ပြည်သူတွေအပေါ်ကို အမုန်းပွား တာမျိုး ဝေဖန်အပြစ်တင်တာမျိုးကိုယ်ထိလက်ရောက်ရိုက်နှက်ကျူးလွန်တာမျိုးဆိုတဲ့အဖြစ်အပျက်မျိုးတွေက ဖြစ်ပျက်ခဲ့တာအင်မတန်မှ နည်းပါးလွန်းပါတယ်။ အိုဘားမားကိုကြိုက်တဲ့ ပြည်သူကလဲဟီလာရီကလင်တန်ကို ကြိုက်ရကောင်းလားဆိုပြီးအခြားတစ်ဖက်ကလူကို ပြသနာမရှာပါဘူး။အဲ့ဒီ့ထက်ပိုပြီး အံ့ဩထူးဆန်းဖို့ကောင်းတာက အိုဘားမားကိုအမေရိကန်သမ္မတအဖြစ်အရွေးချယ်ခံရတဲ့အချိန်မှာဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးနေရာပေးပြီးသူ့အစိုးရအဖွဲ့ထဲမှာ အမှုထမ်းစေခဲ့ပါတယ်။

ဟီလာရီကလင်တန်ကလဲအိုဘားမားကမ်းလှမ်းတဲ့နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ နေရာကိုကြည်ကြည်ဖြူဖြူပဲ ယူပြီးအမေရိကန်နိုင်ငံကြီးရဲ့ကောင်းရာကောင်းကျိုး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါတယ်။အိုဘားမားကလဲ ဟီလာရီကလင်တန်အပေါ်မှာရွေးကောက်ပွဲကာလတွေတုန်းကငါ့အပေါ်နှစ်ပြားမတန်အောင်ပြောခဲ့တဲ့ မိန်းမပါလားဆိုတဲ့အညှိုးအတေးမြိုးတှေ မရှိတော့သလိုဟီလာရီကလင်တန်ကလဲ ရွေးကောက်ပွဲကာလတွေတုန်းကငါ့အပေါ်မှာ ရစရာမရှိအောင်အပုတ်ချဝေဖန် အပြစ်ပြောခဲ့တဲ့ လူမည်းတစ်ယောက်ရဲ့လက်အောက်မှာတော့အလုပ်မလုပ်နိုင်ဘူးဆိုတဲ့မာန်မနမျိုးမထားဘဲအိုဘာမားကမ်းလှမ်းတဲ့ ရာထူးကိုကြည်ကြည်ဖြူဖြူ၊ကျေကျေနပ်နပ်နဲ့ပဲတာဝန်ယူခဲ့ပြီးတိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း အိုဘားမားနှင့် လက်တွဲညီစွာ ဆောင်ရွက်ခဲ့ပါတယ်။

အဲ့ဒီလိုပါပဲဟီလာရီကလင်တန်ကို သမ္မတဖြစ်စေချင်ကြတဲ့ ကြိုက်နှစ်သက် ကြတဲ့ပြည်သူတွေ၊အိုဘားကိုတစ်စက်မှကြည့်မရ သဘောမကျတဲ့ပြည်သူတွေကလဲ သူတို့မထောက်ခံတဲ့လူတစ်ယောက် အာဏာရပြီးသမ္မတဖြစ်သွားချိန်မှာသူတို့မကြိုက်တဲ့ သူတို့မလိုချင်တဲ့ သမ္မတရဲ့စီမံခန့်ခွဲ အုပ်ချုပ်မှုအောက်မှာဘဲဥပဒေနှင့်အညီ နေထိုင်ကြရင်း အချိန်ကာလတစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့စောင့်ဆိုင်းခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ကိုသဘောကျတဲ့သူတွေ ကြိုက်နှစ်သက်တဲ့သူတွေ လိုချင်တဲ့သူတွေ ကျင့်သုံးချင်တဲ့သူတွေဟာ အခြေအနေတစ်ခုခုနှင့်ကြုံတွေ့ရချိန်မှာအထူးသဖြင့်ကိုယ်လက်သင့်မခံချင်တဲ့အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာကိုယ်ကြိုက်တာကိုမကြိုက်တဲ့သူ ကိုယ်လက်ခံတာကို လက်မခံတဲ့လူကိုယ်လုပ်သလို လိုက်မလုပ်တဲ့သူတွေအပေါ်မှာ အပြစ်မမြင်ကြ အပြစ်မတင်ကြသလိုရိုက်နှက်စော်ကားအပုတ်ချခြင်းမျိုးကိုလဲတစ်စက်ကလေးတောင် မလုပ်တတ်ကြပါဘူး။ငါနဲ့မတူငါ့ရန်သူလို့သဘောထားတဲ့စိတ်မျိုးလဲ မရှိတတ်ကြပါဘူး။ ဟုတ်ပါပြီလက်ရှိမြန်မာပြည်ရဲ့အခြေအနေဟာအဲ့ဒီ့တုန်းက အမေရိကန်နိုင်ငံရဲ့ရွေးကောင်ပွဲ လုပ်နေတဲ့အခြေအနေမျိုးနဲ့မှ မတူတာဘဲဆိုတဲ့ အကြောင်းပြချက်မျိုးနှင့်ငြင်းချက်ထုတ်မယ်ဆိုရင်ငြင်းလို့ရနိုင်ပါတယ်။အခြေအနေတွေမတူဘူးဆိုပေမယ့်ဒီမိုကရေစီကို လိုချင်လှပါတယ်မြတ်နိုးလှပါတယ်ဆိုပြီးတကြော်ကြော်အော်နေကြတဲ့လူတွေရဲ့ ရင်ထဲမှာ

ငါနဲ့မတူငါ့ရန်သူငါတို့လုပ်သလို လိုက်မလုပ်ရင် ငါတို့ရန်သူငါတို့ထောက်ခံ တဲ့သူကို မထောက်ခံဘဲအခြား တစ်ဖက်ကိုထောက်ခံတဲ့သူကတိုင်းပြည်ရဲ့သစ္စာဖောက်ဒီလိုလူမျိုးတွေကိုလူတောမတိုးရဲအောင်လုပ်ရမယ် အရှက်တကွအကျိုးနည်းဖြစ်အောင်လုပ်ရမယ်။မိသားစုလိုက်ပါ ဒုက္ခရောက်အောင်ငါတို့တွေက ဝိုင်းလုပ်ကြရမယ် ဆိုတဲ့ အတွေးမျိုးတွေ လုပ်ရပ်မျိုးတွေ ဟာလည်းဒီမိုကရေစီ အနှစ်သာရနဲ့ လုံးလုံးယားယားကြီးကင်းကွာနေတယ်ဆိုတာအဲ့ဒီ့လူစားတွေ ဘာရယ်ကြောင့်များမသိကြပါလိမ့်လို့ တွေးလိုက်မိတိုင်းရှေ့ခရီးကို ဆက်ရမယ့်ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီအနာဂါတ်အတွက်အင်မတန်မှကိုရင်လေးမိပါတယ်။

ဒီမိုကရေစီစနစ်နှင့်ရှင်သန်ကြီးထွားအသက်ရှင် ချင်ပြီးနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကို လိုချင်လှပါတယ်လို့ပါးစပ်ဖျားကနေတစ်ဖွဖွ တစ်ကြော်ကြော်ကြွေးကြော်နေကြတဲ့ လူတွေရဲ့လုပ်ရပ်ဟာဒီမိုကရေစီနဲ့ဖီလာဆန့်ချင်ဖြစ်လာပြီ ဆိုရင်တော့အဲ့ဒီတိုင်းပြည်ဟာဒီမိုကရေစီစနစ်နဲ့ပိုပိုပြီးတော့ဝေးကွာ သွာတက်ပါတယ်။

ကိုယ်လက်သင့်မခံနိုင်တဲ့ကိုယ်မကြိုက်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံလာရတဲ့အခါမှာဘာကြောင့်ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရတယ် ဆိုတာကို အစွဲကင်းကင်းပုဂိုလ်ရေးကိုးကွယ်မှု ကင်းကင်းနဲ့လေ့လာဝေဖန်စန်းစစ်ဖို့တော့လိုအပ်ပါလိမ့်မယ် ဒီမိုကရေစီစနစ်ကို လိုချင်တယ်မြတ်နိုးတယ်ဆိုရင်လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကိုလဲနားလည်ပေးရပါမယ်လက်ခံပေးရပါမယ် သူ့အကြိုက် ကိုယ့်အကြိုက်ငြိမ်းချမ်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုနားလည်လက်ခံပေးနိုင်ခြင်းဟာစစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ အနှစ်သာရတစ်ခုပါပဲ။စာဖတ်ပရိသတ်ကြီးကိုချစ်ခင်စွာဖြင့်မင်းအုပ်စိုးဆိုပြီး ရေးသားပြောပြထားတာပါ။အဲ့ဒီပို့စ်ရဲ့ကိုပရိသတ်တွေက မျှဝေပြီး မင်းအုပ်စိုးကို အမျိုးမျိုးပြစ်တင်ဝေဖန်မှုတွေနဲ့အတူ ရှုတ်ချတဲ့ စကားတွေလည်း အသီးသီး ပြောထားကြတာလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *