အချိန်တိုင်း အနားမှာ အမြဲ ရှိနေပေးတဲ့ သူငယ်ချင် းဖြစ် သူ ယွန်းယွန်း ကို အရမ်းချစ်တဲ့ အကြောင်း ရေးသား ပြော ပြလာတဲ့ သဇင်ထူးမြင့်

Posted on

သရုပ်ဆောင် ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ နှစ်ယောက် ကတော့ အနုပညာ လှုပ်ရှားမှုတွေ အတူတူလုပ်ဆောင်ကြရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မအရင်းတွေလို ချစ်ခင်ကြသူတွေ ဖြစ်ပြီး လိုအပ်တဲ့အချိန်တိုင်း ဖေးမ ကူညီပေးနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်းသူတို့နှစ်ယောက်စလုံးလူငယ်ပီပီလမ်းပေါ်ထွက် ကာရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်

သဇင်ထူးမြင့်ကတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပြီး ယွန်းယွန်းတစ်ယောက်သူမရဲ့ သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်နေတာပါ။ နှစ်ယောက်သား အနေဝေးနေကြပေမယ့်လည်း လိုအပ်တဲ့အချိန်တိုင်း ကူညီပေးနေတာ ဖြစ်ပါတယ်။ မနေ့ည က လည်း သဇင်ထူးမြင့်ရဲ့ Facebookstory တွင် ပုံလေး တစ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အချိန်တိုင်း အနားမှာအမြဲရှိနေပေးတဲ့ သူငယ်ချင်းဖြစ်သူယွန်းယွန်းကိုအရမ်းချစ်တဲ့အကြောင်း စာရေးပြီး တင် ထားတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်တွင် သဇင်ထူးမြင့် နာမည် နဲ့ Page အတုဟာ အလှပုံ အဟောင်းတွေ တင်ပြီး တမင်အဆဲခံ ရအောင်လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဲမှ ဒီ FakePage ကို report ထုပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ယွန်းယွန်းကလည်း ကိုယ့်သူငယ်ချင်းအတွက် Report ထုပေးပြီး ကူညီ ပေးခဲ့တာ ဖြစ်ပါတယ်။ “

အချိန်တိုင်းကို ငါ့အတွက်ရှိနေပေးတယ် အရမ်းချစ်တယ် ” ဆိုပြီး သဇင်ထူးမြင့် မှ ရေးသားထားတာ ဖြစ်ပါတယ်။ ဘဝမှာသူငယ်ချင်းကောင်းတွေ ရရှိပိုင်ဆိုင်ထားခြင်းဟာ သိပ်ကိုကံကောင်းလွန်းပါတယ်။ ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့သူငယ်ချင်းနှစ်ယောက်လည်း အရင်လိုစိတ်တူကိုယ်တူ အမြန်ဆုံးပြန်တွေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-Thazin Htoo Myint’s Facebook Account

PROMOTED CONTENT
Mgid
Mgid

Leave a Reply

Your email address will not be published. Required fields are marked *