အချစ်ဟောင်းနဲ့ ပြန်လည်အဆင်ပြေတော့မလားလို့ ပရိတ်သတ်တွေ ထင်ကြေးပေးခံနေရတဲ့ နန်းစုရတီစိုး..

Posted on

နန်းဆုရတီစိုး ကတော့ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးပြီး သီဆိုလေ့ရှိတတ်သူလေး ဖြစ်တဲအပြင် မြန်မာဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ ရှိတာကြောင့် ပရိသတ်နဲ့ ရင်းနှီးလွန်းသူလေး ဖြစ်ပါတယ်…

နန်းဆုကတော့ အရင်က အဆိုတော်ချစ်သူနဲ့ အချစ်သီချင်းတွေကို တွဲဖက်ညီစွာ သီဆိုခဲ့တာကြောင့် ခုချိန်ထိလည်း ချစ်သူတွေကြားမှာ ရေပန်းစားနေဆဲ သီချင်းတွေကို သီဆိုခဲ့ကြပြီး SHOW ပွဲတွေမှာလည်း လူငယ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်….

မကြာသေးခင်ကာလမှာတော့ နန်းဆု ကချစ်သူနဲ့ အခန့်မသင့်လို့ လမ်းခွဲခဲ့ကြပေမဲ့ ဒီနေ့မှာတော့ နန်းဆုက “အေးစက်တဲ့လေပြေတွေတိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ…လှပတဲ့ပန်းလေးတွေ ထပ်ပွင့်လာမှာပါ… ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီးပန်းတွေ ဖူးပွင့်လာမှာပါ”

ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထားပြီး ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ်ပုံတွေကို တင်ပြီး အသိပေးလာတာ ဖြစ်ပါတယ်…

နန်းဆုရဲ့ ပုံတွေအောက်မှာလည်း အချစ်ဟောင်းနဲ့ ပြန်အဆင်ပြေတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း ပရိသတ်က မေးထားပြီး ပြန်လည်ပေါင်းစည်းဖို့လည်း တိုက်တွန်းထားကြပါသေးတယ်….. ပရိသတ်ကြီးလည်း နန်းဆုတို့အတွက် ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုခုကို ပြောခဲ့ပေးပါအုံးနော်…

Source: Nansu Yati Soe
Crd: Celebrity Secret

Leave a Reply

Your email address will not be published.