ခုချိန်လုပ်သင့်တာတွေ..
မလုပ် တတ်ရင် Youtube မှာ How to ဆိုပြီး ရှာကြည့် ပါ။ အကုန်ရှိ ပါတယ်။
၁။ အင်တာနက် စဖွင့်ကတည်းက VPN သုံးပါ။ VPN ကို ဖွင့် လိုက် ပိတ်လိုက်မလုပ်ပါနဲ့။ Free ထက် Paid ကို ပိုအားပေးပါတယ်။ ဘယ်လောက်မှ မပေးရပါဘူး။ Nord တို့၊ Tor တို့ သုံးပါ။
၂။ ဖုန်း ရဲ့ Browsing Data Clear လုပ်ပါ။ Browsing ကို Private Mode နဲ့သုံးပါ။
၃။ ဖုန်း Location ကို အကုန် Turn Off လုပ်ထားပါ။
၄။ Chat Group တွေလုပ် ရင် Signal App ကို သုံးပါ။
၅။ မြို့နယ်လုံခြုံရေးအဖွဲ့တွေထဲ ဝင်ပါ။ Zello App နဲ့လုပ် ထားတဲ့ Group တွေ ရှိပါတယ်။ ဒါကတော့ Optional ပါ။ ကိုယ့်ရပ်ကွက်က ညီတယ်ဆို လိုချင်မှလည်းလိုမယ်။
၆။ အရေးကြီး ပစ္စည်းတွေ အားလုံးစုပြီး တနေရာတည်းမှာ ထုတ်ထားပါ။ Online မှာ သူများတွေတင်ထားပေးတဲ့ List တွေရှိပါတယ်။ အိမ်သားတွေနဲ့ ဘာဖြစ်ရင် ဘာလုပ်မယ် ညှိထားပါ။ ကြောက်လို့မဟုတ်ပါ။ Plan ရှိရင် ကောင်းကောင်းအိပ်ပျော်တယ်။
၇။ တစ်နာရီ တစ်ခါ Alarm ပေးထားပြီး ရေသောက်ပါ။ အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ။
၈။ Online မှာ သူများရေးတာ ကိုယ် မကြိုက်ရင် ကျော်သွားပါ။ မကြိုက်ရင် Block/Report တန်းလုပ်ပါ။ မခံစားပါနဲ့။
၉။ စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာအောင်နေပါ။
Ma Saint အကောင့်ပိုင်ရှင်၏ အကြံပြုချက်များဖြစ်ပါသည်။