အခု ဖြစ်နေတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီ ပြန်ကြဖို့ ​​ပြောဆိုလိုက်တဲ့ ရန်ရန်ချမ်း

Posted on

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တစ်ဟုန်ထိုး များပြား လာနေပြီး ကိုဗစ်ကြောင့် ပြည်သူအများအပြားလည်း နေ့စဥ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေလည်း တစ်နေ့တစ်ခြားများပြားလာနေပြီး ပြည်သူတွေကတော့ မိမိဘာသာ မိမိကြိုတင်ကာကွယ်မှုတွေပြုလုပ်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်က ကိုဗစ်ရောဂါကို စနစ်တကျကိုယ်တွယ်ဖြေရှင်းခဲ့ပုံနဲ့ ယခုလက်ထက် ကိုဗစ်ရောဂါကူးစက်မှုကိုင်တွယ်ဖြေရှင်းပုံတို့ကို နှိုင်းယှဥ်ပြီး ပြည်သူအများအပြားက ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

လူထုလှုပ်ရှားမှုတွေ မှာလည်း ပါဝင်ခဲ့ပြီး အမှန်တရား ဘက်ကနေ ပြည်သူတွေ နဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အဆိုတော်ရန်ရန်းချမ်းတစ်ယောက်ဟာ ယခုဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတစ်ခုပြုလုပ်လာခဲ့ပါတယ်။ ရန်ရန်ချမ်းကတော့ အခုဖြစ်နေတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီ ပြန်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သူရဲ့ ပြောဆိုချက်ကို ပြည်သူအများအပြားကလည်း ထောက်ခံကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောဆိုနေကြပါတယ်။

ရန်ရန်ချမ်း ကတော့ ” စစ်တန်းလျားပြန်ကြပါတော့ ခင်ဗျား တို့ ခုဖြစ်နေတဲ့တိုင်းပြည် အခြေအနေကိုဘယ်လိုမှမကိုင်တွယ်နိုင်ဘူးဆိုတာသေချာနေပြီခင်‌ဗျားတို့ကိုလည်းဘယ်သူမှမကူညီတော့ဘူး …..ခင်ဗျားတို့စကားလည်းဘယ်သူမှမလိုက်နာကြ ခင်ဗျားတို့ ကိုလည်းဘယ်သူမှမကြောက်ကြတဲ့ ပြည်သူတွေကိုခင်ဗျားတို့ဘယ်လိုဆက်အုပ်ချုပ်မလည်း ကြာလေတိုင်းပြည်နာလေ ခင်ဗျားတို့ဆွေစဉ်မျိုးဆက်အတွက် အန္တရာယ်များလေပဲ ကျွန်တော့်အကောင့်ထဲမှာရှိတဲ့နီးစပ်တဲ့သူတွေဒီစာကိုသူတို့မြင်အောင်ပြပေးပါ “ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Yan Yan Chan ‘ s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *