အခု ချိန် မှာ ဘာလုပ်လုပ် အပြစ်ပြောဖို့ ချောင်းနေ တဲ့ လူတွေနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ကောင်းမြတ်စံ

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားတွေအပြင် ကြော်ငြာ တွေ လည်း များစွာ ရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိ ထား တဲ့ သရုပ်ဆောင်မင်းသားချောကောင်းမြတ်စံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ကောင်းမြတ်စံကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီးတော့လည်း အားလုံး နဲ့အတူလှုပ်ရှားမှု တွေပါဝင်ပြုလုပ်နေပြီး ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

မင်းသားကောင်းမြတ်စံကတော့ လတ်တလောအခြေအနေတွေကြောင့် အခုလို အချိန်မှာ ဘာလုပ်လုပ်အပြစ်ပြောနေတဲ့လူတွေနဲ့ ပတ် သက် ပြီး ပွင့်ပွင့်လင်းလင်းပြောလာပါတယ်..။

“အခုချိန်မှာ လေကိုနှာခေါင်းနဲ့ရှူရင်တောင် လိပ်ပြာ လုံပါစေဆိုပြီး $ပြစ်ပြောဖို့ ချောင်းနေတဲ့ သူတွေက သက်သက်ကိုရှိတာ..”ဆိုပြီးကောင်း မြတ်စံက ရေးသားပြောပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကလည်း သူအဆင်ပြေနေတဲ့အကြောင်း အသိပေးပြောပြထားပါသေးတယ်..။

“ကိုယ် အဆင်ပြေပါကြောင်း သာကြောင်း မာကြောင်းပါ ချစ်သူ 🖤..” ဆိုပြီး ပရိသတ်တွေစိတ်မပူကြစေဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက သူရဲ့ ဖေ့စ် ဘွတ်စာမျက်နှာကနေ ကောင်းမြတ်စံက ပြောပြထားတာ ဖြစ်ပါတယ်..။

သူ့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ကျန်းမာရေးအပြင် အစစအရာရာ ဂရုစိုက် ဖို့ကို ပြန်လည် ပြောထားကြပြီး အန္တရာယ်ကင်း ဘေးရှင်းစေဖို့အတွက်လည်း ဆုတောင်းစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Kaung Myat San’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *