အခု ချိန်ထိ မြေပြင်က လူတွေ နဲ့ အတူ ရှိနေပြီး အခက်အခဲ ဖြစ်နေတဲ့ နေရာတွေမှာ လိုအပ်သမျှတွေ ကို ကူညီပေးနေတဲ့ J FIRE

Posted on

အဆိုတော် J Fireကတော့ အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် ဖေဖော်ဝါရီလ အစမှာ ပြောင်းလဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပါ။ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်တဲ့ လူထု လှုပ်ရှားမှုကြီးမှာလည်း ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အပါအဝင် ရက်ပေါင်း ၅၄ ရက်ကြာ ရှိခဲ့ပြီဖြစ်တဲ့ အခြေအနေတွေ မှာတော့ J Fireက သွေးအေးမသွားပဲ ဆက်လက် ရပ်တည်နေတာကို တွေ့ရပါတယ်။

J Fireက ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသလို လူထု လှုပ်ရှားမှုကြောင့် အသက်ပေးကာ ကျဆုံး ခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစု ဝင်တွေအတွက်လည်း ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်တွေ ခက်ခဲနေကြတဲ့ အခြေခံလူတန်းစား ပြည်သူအချို့ အတွက်လည်း လိုအပ်တာတွေကို လှူဒါန်းတာဖြစ်ပါတယ်။


Photo credit – J Fire’s Facebook Page

zawgyi



အခုလို လႉဒါန်းပြီး လူထုလႈပ်ရွားမႈကြီးမွာ ပါဝင်နေခဲ့တဲ့ J Fireက သူရဲ႕ Facebook စာမၾက်ႏွာထက်မွာ ” ၾကႇန်ေတာ်မြေပြင်က လူတွေနဲ႔ အခုၿခိန်အထိ အတူရွိနေပြီး အခက်အခဲဖြစ်နေပြီး လိုအပ်တဲ့နေရာမွန်သျမႇမွာ ကူညီေပးနေပါတယ်။ မြင်တဲ့သူတွေလည်းမြင်ကြမယ် ထင်ပါတယ်။ တခြားလုပ်နေတာေတွ ပုံေတွ Post တွေကို ပုံမွန် Social Media မွာမတင်ဖြစ်တာက်ိဳေတာ့ နားလည်မယ်ထင်ပါတယ်။ ဂ႐ုစိုက်ကြပါ အေကာင်းဆုံးတွေကိုရဖို႔ အဆိုးဆုံးတွေကို အရင်ဆုံးေၾကာ်ဖြတ်ကြတာေပါ့ ” ဆိုတဲ့ စာသားနဲ႔ ပုံတွေကို ဝေျမႇလာခဲ့ပါတယ်။ ႏိုင်ငံအတွက် တစ်ဖက်တစ်လမ်းကေန တက်တက်ကႊကႊပါဝင်နေရင်း ပြည်သူတွေနဲ႔အတူ ပူးေပါင်းလုပ်ေဆာင်နေတဲ့ J Fireရဲ႕ စာသားတွေနဲ႔ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ေဖာ်ပြေပးလိုက်ပါတယ် ။

Photo credit – J Fire’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *