အခုလို အခြေအနေမှာ ပြည်သူ တွေ နဲ့ အတူရှိ နေကြောင်း သူတို့ဘက်မှ သက်သေ ပြ ပေးသွားခဲ့တဲ့ အတွက် ကျေးဇူး တင်နေတဲ့ သက်မွန်မြင့်

Posted on

နေမကောင်းဖြစ်နေသော်လည်း ဖေဖော်ဝါရီလ ကတည်းမှစပြီး လူထု လှုပ်ရှားမှုတွေ မှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသူကတော့ သရုပ်ဆောင် သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ပြီး အင်တိုက် အားတိုက် မပါဝင်နိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းနည်းနေ တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေက လည်းနေမကောင်းတဲ့ကြားက အခုလို ပါဝင်ပေးနေတဲ့ ချစ်သက်ကို အရင်ကထက်ပိုပြီး ချစ်ခင် အားပေးနေ ကြတာပါ။

သက်မွန်မြင့်ကတော့ လတ်တလော ဖြစ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ခေတ္တတိမ်းရှောင်နေ ရတာပါ။ အခုလိုတွေ ဖြစ်နေပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့်တော့ သတင်းအချက်အလက်တွေကို ပြန်လည်ဝေမျှပေးနေတာကို မြင်တွေ့ကြ ရမှာပါ။ မကြာသေးခင် ရက်ပိုင်းလောက် ကလည်း သက်မွန်မြင့် ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် အခုလိုအခြေအနေမှာ ပြည်သူတွေနဲ့ အတူရှိနေကြောင်း သူတို့ဘက်မှ သက်သေပြပေးသွားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” ကျန်းမာရေး မကောင်းလို့ ဘာမှ မပါဝင်နိုင်ဘူး ဆိုပြီး စိတ်မကောင်း ဖြစ် ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ…

ပြည်သူနဲ့ အတူ ဆိုတာ သူတို့က သက်သေပြပေး လိုက်တာပါပဲ

ပြည်သူတွက် ပါဝင်ခွင့်ရလို့

ကျေးဇူးတင် ပါတယ်

#အရေးတော်ပုံ အောင်တော့မည် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီပို့စ် ရဲ့အောက်မှာလည်း အနုပညာရှင်မောင်နှမများနဲ့ မိတ်ဆွေတစ်ချို့က အစစအရာရာ ဂရုစိုက်ဖို့ ချစ်သက်ကို comment ရေးသားထားကြတာပါ။ ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thet Mon Myint’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *