သရုပ်ဆောင် မေသက်ခိုင်ကတော့ အနုပညာ အလုပ်တွေ နဲ့ အလှမ်းဝေးကွာ နေပေမယ့် ပရိသတ်အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲ ဖြစ်တဲ့ သူတစ်ယောက်ပါ။ မေသက်ခိုင်ကလည်း သူမရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ပရိသတ်တွေထံ အမြဲ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း မေသက်ခိုင်က ပြည်သူတွေ နဲ့အတူ တစ်သားတည်းရပ်တည်နေခဲ့ပါတယ်။
မေသက်ခိုင်က သူမရဲ့ လူမှုကွန်ယက်ထက် မှာလည်း ယခု အခြေအနေနဲ့ သက်ဆိုင်တဲ့ Postတွေနဲ့ ပုံတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း မေသက်ခိုင်က သူမ ရဲ့ Facebook Account ထက်မှာ လူအများ နားလည်မှုလွဲနေတဲ့ ကိစ္စတစ်ချို့ ကို ပြန်လည်ဖြေရှင်းပြောပြလာခဲ့ပါတယ်။
ဒါကတော့ ယခုလို အခြေအနေမျိုး မှာ ကိုးကွယ်တဲ့ ဘာသာမတူလို့ ဖြစ်စေ လူမျိုးမတူလို့ဖြစ်စေ စိတ်ဝမ်းကွဲနေစရာမလိုပဲ အတူတူကျော်ဖြတ်သွားရင် ပန်းတိုင်အမြန်ဆုံးရောက်ရှိမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ မေသက်ခိုင်က ” ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ကောင်းတဲ့လူရှိသလို မကောင်းတဲ့ လူလည်းရှိမယ် ဘာသာနဲ့မဆိုင်သလို လူမျိုးနဲ့လည်းမဆိုင်ဘူး တစ်ယောက်ချင်းစီ ရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်တယ် ဘာမှသွေးကွဲစရာ အကြောင်းမရှိသလို အမုန်းစကားလည်းမဆိုဘူး ” လို့ ဆိုကာ သူရဲ့ Account ထက်မှာ ရေးသားဝေမျှလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
Photo credit – May Thet Khine’s Facebook Account
zawgyi
သ႐ုပ္ေဆာင္ ေမသက္ခိုင္ကေတာ့ အႏုပညာ အလုပ္ေတြ နဲ႔ အလွမ္းေဝးကြာ ေနေပမယ့္ ပရိသတ္အားေပးမႈကို ယေန႔တိုင္ရရွိေနဆဲ ျဖစ္တဲ့ သူတစ္ေယာက္ပါ။ ေမသက္ခိုင္ကလည္း သူမရဲ႕ လႈပ္ရွားမႈေတြကို လူမႈကြန္ယက္စာမ်က္ႏွာက တစ္ဆင့္ ပရိသတ္ေတြထံ အၿမဲ ေဝမွ်ေလ့ရွိတာျဖစ္ပါတယ္။ ဒါ့အျပင္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္းက ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရးအေျခအေနေတြမွာလည္း ေမသက္ခိုင္က ျပည္သူေတြ နဲ႔အတူ တစ္သားတည္းရပ္တည္ေနခဲ့ပါတယ္။
ေမသက္ခိုင္က သူမရဲ႕ လူမႈကြန္ယက္ထက္ မွာလည္း ယခု အေျခအေနနဲ႔ သက္ဆိုင္တဲ့ Postေတြနဲ႔ ပုံေတြကို အမ်ားျပည္သူသိရေအာင္ တင္ေပးေလ့ရွိတာျဖစ္ပါတယ္။ မၾကာေသးတဲ့ နာရီပိုင္းအခ်ိန္ကလည္း ေမသက္ခိုင္က သူမ ရဲ႕ Facebook Account ထက္မွာ လူအမ်ား နားလည္မႈလြဲေနတဲ့ ကိစၥတစ္ခ်ိဳ႕ ကို ျပန္လည္ေျဖရွင္းေျပာျပလာခဲ့ပါတယ္။
ဒါကေတာ့ ယခုလို အေျခအေနမ်ိဳး မွာ ကိုးကြယ္တဲ့ ဘာသာမတူလို႔ ျဖစ္ေစ လူမ်ိဳးမတူလို႔ျဖစ္ေစ စိတ္ဝမ္းကြဲေနစရာမလိုပဲ အတူတူေက်ာ္ျဖတ္သြားရင္ ပန္းတိုင္အျမန္ဆုံးေရာက္ရွိမယ့္ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။ ေမသက္ခိုင္က ” ဘယ္ဘာသာကိုးကြယ္ကိုးကြယ္ ဘယ္လူမ်ိဳးပဲျဖစ္ျဖစ္ ေကာင္းတဲ့လူရွိသလို မေကာင္းတဲ့ လူလည္းရွိမယ္ ဘာသာနဲ႔မဆိုင္သလို လူမ်ိဳးနဲ႔လည္းမဆိုင္ဘူး တစ္ေယာက္ခ်င္းစီ ရဲ႕စိတ္ဓာတ္နဲ႔ပဲဆိုင္တယ္ ဘာမွေသြးကြဲစရာ အေၾကာင္းမရွိသလို အမုန္းစကားလည္းမဆိုဘူး ” လို႔ ဆိုကာ သူရဲ႕ Account ထက္မွာ ေရးသားေဝမွ်လာတာျဖစ္လို႔ ပရိသတ္ေတြထံ ကူးယူ ေဖာ္ျပေပးလိုက္ပါတယ္။
Photo credit – May Thet Khine’s Facebook Account