အခုလို အခြေအနေတွေ ကြောင့် ဆက်လက် ရပ်တည် ဖို့ခက်ခဲနေတဲ့ ပြည် သူ အချို့ထံ လှူဒါန်းခွင့် ရလို့ ပီတိဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေ

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အများက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စား ခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကိုရက်ရောသူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင် ထားတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေ နဲ့အတူ တစ်သားတည်း ရပ်တည်ကာ တရားမျှတမှုရရှိရေးမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင်လည်း ပြောင်းလဲ ခဲ့တဲ့ အခြေအနေ တွေကြောင့် ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေတဲ့ ပြည်သူတွေထံ လိုအပ်တာတွေကိုလည်း သွားရောက်လှူဒါန်းလေ့ရှိတာပါ။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူတွေထံ ပြောင်းဖူး ၊ ကြက်သွန်နီ၊ ဆန်နဲ့ အအေးတွေကို ဝေငှခဲ့ပါတယ်။ သွားရောက် လှူဒါန်းခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်တွေကိုလည်း သူမရဲ့ Facebook Account ထက်မှာ တင်ပေး လာခဲ့ပါတယ်။

အဆိုပါ အလှူပုံရိပ်တွေအပြင် ခိုင်နှင်းဝေက ” ကိုယ့်အတွက် ခြိုးခြံ ချွေတာ ပြီး ကျွန်မ တတ်နိုင်သလောက်လေးတွေ မျှဝေ လှူဒါန်းဖြစ်ပါတယ်ရှင် ခက်ခဲနေတဲ့ မိသားစုလေးတွေ လာလှူတဲ့ အချိန်မှာ ပျော်ပြီး မျက်ရည်ကျတာ မြင်ရတော့ စိတ်မကောင်းလဲ ဖြစ်မိ ပါတယ် အခက်အခဲတွေကြားက လှူပေးရတဲ့ အတွက် ပိုပြီးလဲ ပီတိ ဖြစ်မိပါတယ် ခက်ခဲ လိုအပ်နေတဲ့ သူတွေကို ကျွန်မ တတ်နိုင်သလောက် ဆက်လက် လှူဒါန်းသွားပါဦးမယ်ရှင် ” ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားမျှဝေလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo credit – Khine Hnin Wai’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *