အခုလို လုံခြုံရေးအရ တိမ်းရှောင်နေရတဲ့ အချိန်မျိုးမှာ မိတ်ဆွေ အရင်းအခြာတွေ ရဲ့ ခွဲခြားတဲ့ လုပ်ရပ်တွေ ကြောင့် ဝမ်းနည်းနေရတဲ့ ဘုန်းဆက်သွင်

Posted on

သရုပ်ဆောင်ဘုန်းဆက်သွင် ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမလျော့သွေးမအေးသွားဘဲ အင်တိုက်အားတိုက်ရသလောက် ကြိုးစားပါဝင်နေသူပဲ ဖြစ်ပါတယ်..။၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့် လက်ရှိ အချိန်တွေမှာလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ ဘုန်းဆက်သွင်ကတော့ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားမှာ ကိုယ်ကျိုးစွန့်နေသူတွေထဲက တစ်ယောက် ပါပဲ..။

ဘုန်းဆက်သွင်ကတော့ ရှောင်တိမ်းပြေးလွှားနေရတဲ့ လတ်တလောအချိန်တွေမှာ မိတ်ဆွေရင်း လူရင်းတချို့ရဲ့ ထင်မှတ်မထားတဲ့ လုပ်ရက်တွေကြောင့် ကြုံတွေ့နေရတာတွေ ကို စိတ်မကောင်းစွာ ပြောပြလာပါတယ်..။ လက်ရှိအခြေအနေတွေကြောင့် ဝရမ်းပြေး လူသတ်သမား သူခိုးတစ်ယောက်လို ဆက်ဆံခံနေကြသလို သူ့ကိုအကြောင်းမဲ့သက်သက် ကြောက်နေကြပြီး မလာစေချင်ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောပြထား တာပါ..။ “ကျွန်တော့်ကို တစ်ချို့က ဝရမ်းပြေးတစ်ယောက်လိုတစ်ချို့က လူသတ်သမားတစ်ယောက်လိုတစ်ချို့က သူခိုးတစ်ယောက်လိုဆက်ဆံနေကြတယ်ကြောက်နေကြတယ်

ကျွန်တော်က အခုအချိန်ထိ လူလည်းမသတ်ဘူးအခုအချိန်ထိ ခိုးလည်းမခိုးဘူးလုပ်ခဲ့တာများရှိရင် သက်သေနဲ့တကွပြပေးကြပါ..ဒါပေမဲ့ အကြောင်းမဲ့ သက်သက်ကြီး ကြောက်နေခဲ့ ရင် လည်း ခင်ဗျားတို့ဆီမလာပါဘူး ခင်ဗျာ P.Sအကြွေးရှင်တွေတော့ရှိပါတယ် ခင်ဗျာအဓိကက လူရင်းတွေကိုပြောတာပါ ဗျာကျွန်တော် လည်း အကြွေးတွေရှိနေတုန်းပါ ခင်ဗျာ..” ဆိုပြီး ဘုန်းဆက်သွင်က ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။လတ်တလောကြုံတွေ့နေရတဲ့အဆင်မပြေမှုလေးတွေကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းစွာနဲ့ အားပေးစကားတွေ လည်း ပြောထားကြ ပါတယ်..။

Source – PhoneSett Thwin

zawgyi

သ႐ုပ္ေဆာင္ဘုန္းဆက္သြင္ ဟာ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ယေန႔အခ်ိန္ထိ အားမေလ်ာ့ေသြးမေအးသြားဘဲ အင္တိုက္အားတိုက္ရသေလာက္ ႀကိဳးစားပါဝင္ေနသူပဲ ျဖစ္ပါတယ္..။၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရေပမယ့္ လက္ရွိ အခ်ိန္ေတြမွာလည္း လမ္းေပၚထြက္လႈပ္ရွားမႈေတြ ျပဳလုပ္ေနဆဲျဖစ္တဲ့ ဘုန္းဆက္သြင္ကေတာ့ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားမွာ ကိုယ္က်ိဳးစြန႔္ေနသူေတြထဲက တစ္ေယာက္ ပါပဲ..။

ဘုန္းဆက္သြင္ကေတာ့ ေရွာင္တိမ္းေျပးလႊားေနရတဲ့ လတ္တေလာအခ်ိန္ေတြမွာ မိတ္ေဆြရင္း လူရင္းတခ်ိဳ႕ရဲ႕ ထင္မွတ္မထားတဲ့ လုပ္ရက္ေတြေၾကာင့္ ႀကဳံေတြ႕ေနရတာေတြ ကို စိတ္မေကာင္းစြာ ေျပာျပလာပါတယ္..။ လက္ရွိအေျခအေနေတြေၾကာင့္ ဝရမ္းေျပး လူသတ္သမား သူခိုးတစ္ေယာက္လို ဆက္ဆံခံေနၾကသလို သူ႔ကိုအေၾကာင္းမဲ့သက္သက္ ေၾကာက္ေနၾကၿပီး မလာေစခ်င္ၾကတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး ေျပာျပထား တာပါ..။ “ကြၽန္ေတာ့္ကို တစ္ခ်ိဳ႕က ဝရမ္းေျပးတစ္ေယာက္လိုတစ္ခ်ိဳ႕က လူသတ္သမားတစ္ေယာက္လိုတစ္ခ်ိဳ႕က သူခိုးတစ္ေယာက္လိုဆက္ဆံေနၾကတယ္ေၾကာက္ေနၾကတယ္

ကြၽန္ေတာ္က အခုအခ်ိန္ထိ လူလည္းမသတ္ဘူးအခုအခ်ိန္ထိ ခိုးလည္းမခိုးဘူးလုပ္ခဲ့တာမ်ားရွိရင္ သက္ေသနဲ႔တကြျပေပးၾကပါ..ဒါေပမဲ့ အေၾကာင္းမဲ့ သက္သက္ႀကီး ေၾကာက္ေနခဲ့ ရင္ လည္း ခင္ဗ်ားတို႔ဆီမလာပါဘူး ခင္ဗ်ာ P.Sအေႂကြးရွင္ေတြေတာ့ရွိပါတယ္ ခင္ဗ်ာအဓိကက လူရင္းေတြကိုေျပာတာပါ ဗ်ာကြၽန္ေတာ္ လည္း အေႂကြးေတြရွိေနတုန္းပါ ခင္ဗ်ာ..” ဆိုၿပီး ဘုန္းဆက္သြင္က ေရးသားေျပာျပထားတာ ျဖစ္ပါတယ္..။လတ္တေလာႀကဳံေတြ႕ေနရတဲ့အဆင္မေျပမႈေလးေတြေၾကာင့္ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ပရိသတ္ေတြကလည္း စိတ္မေကာင္းစြာနဲ႔ အားေပးစကားေတြ လည္း ေျပာထားၾက ပါတယ္..။

Source – PhoneSett Thwin

Leave a Reply

Your email address will not be published. Required fields are marked *