အခုချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် အပြစ်တွေ ပြောမနေကြဘဲ လိုချင်တဲ့ ပန်းတိုင် ရောက် အောင်သာ ကြိုးစား သင့်ကြောင်း ပြောလာတဲ့ အိစိကွေး

Posted on

ကလေးသရုပ်ဆောင် ဘဝဖြင့် အနုပညာ လောကမှာ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိထားသူကတော့ အိစိကွေးပဲ ဖြစ်ပါတယ်။ သူ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ကာရိုက်တာမျိုးစုံကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင် သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုဘက် တွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး သူသီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေထံ ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ နယ်မြို့က ပြည်သူတစ်ချို့ထံ စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွ အား Speak Out မလုပ်ခဲ့တာကြောင့် အောင်လအန်ဆန်အားပရိသတ်တစ်ချို့က ဝေဖန်နေကြတာပါ။ ဒီမနက်ပိုင်းတွင် ကျင်းပခဲ့တဲ့ Light Heavyweight ချန်ပီယံကာကွယ်ပွဲတွင်အောင်လအန်ဆန်တစ်ယောက် ရှုံနိမ့် ခဲ့တာကြောင့် အပြစ်တင်နေကြတာနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

” စာတော့ နည်းနည်းရှည်မယ် ဖတ်ကြည့်ပါ

အောင်လက Speak out မလုပ်လို့တို့

ဒီလိုအချိန်မှာ နိင်ငံကိုယ်စားပြုပြီးပြိုင်လို့တို့

ရှုံးလို့တို့ ဆိုပြီး ဆဲကြတယ်

သူ speak out လုပ်ပေးတာပဲ

တကယ်ဆို တိုင်းရင်းသားတွေက ကိုယ်တွေထက်စောပြီး ရာစုနှစ်စာ ဒီဒဏ်တွေ ကို ခံစားခဲ့ရတာ ပါ

သူတို့ဆို မိန်းကလေးကအစ တောထဲဝင် လက်နက်ကိုင်ခဲ့ကြတာ

အရင်ကဆို တိုင်းရင်းသားတစ်ချို့ က ဗမာတွေ ကို အတူတူထင်ပြီး မုန်းခဲ့ကြတယ်

နောက်ပိုင်းမှ ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်မှ ဒီအမုန်းတရား တွေ ပျောက်သွားခဲ့ကြတာ ဒါတောင် ယုံကြည်မှုတွေ ပြန်တည်ဆောက်ရဦးမယ်

အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရမယ့် အချိန် ဗျ တိုင်းရင်းသားတွေရဲ့ အကူအညီတွေအများကြီးလိုတယ်

အချင်းချင်းတွေ မဆဲကြရအောင်ဗျာ

အကုန်လုံးက ဒီမြေမှာ မွေး ဒီရေကိုပဲ သောက်ကြရတာ သွေးချင်း ညီအစ်ကိုတွေပါပဲ

မင်းဆရာကြီးလား မေးရင် ကျွန်တော် အိစိကွေး ဆရာကြီး မဟုတ်ဘူး အခုကာလ မှာ ကိုယ်တိုင် တိုင်းရင်းသားတွေရဲ့ ရင်ထဲက စကားကို ကြားခဲ့ရလို့ပါ

Brazil မှာ Democracy မရခင်က

ဘောလုံးသမား Pele လည်း ကိုယ်စားပြုကစားပြီး နိင်ငံတကာရဲ့ attention ကို ရယူပြီး Brazil ပြည်သူတွေ အတွက်အားတစ်ခု ဖြစ်ခဲ့တယ်

အဲ့တော့ အောင်လလည်း သူတတ် နိင်သလောက် လုပ်ပေးနေတာလို့ မြင်ပေးရအောင်ဗျာ

ဘာပဲဖြစ်ဖြစ်ဗျာ လိုချင်တဲ့ Goal က တစ်ခုတည်းပဲ

အချင်းချင်းစည်းလုံးရအောင်ဗျာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ​အားလုံးအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် အားလုံးစည်းလုံး ညီညွတ်မှသာ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အောင်မြင်သွားတဲ့အခါ တိုင်း ရင်းသား ညီအစ်ကိုမောင်နှမတွေအတွက်လိုအပ်တဲ့အရာများကို ကူညီဖြည့်ဆည်းပေးသွားကြဖို့လည်း လိုအပ်ပါတယ်နော်။

Source and Photo Crd-Ei Si Kway’s Facebook and Instagram Account

Leave a Reply

Your email address will not be published. Required fields are marked *