အခက်အခဲတွေ နဲ့ ရှောင်တိမ်းနေရတဲ့အချိန်မှာတောင် ပြည်သူတွေ ဘက်က အမြဲထာဝရ ရပ်တည် သွားမယ့် အကြောင်း ကတိစကား ဆိုလာတဲ့ အလင်းရောင်

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတော်တော် များများ ရိုက်ကူးကာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောအလင်းရောင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေ အင်တိုက်အား တိုက်ပြုလုပ်နေသူပါ..။

တော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့ အတူရပ်တည်ပြီး နေ့တိုင်းလိုလို အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို တတ်နိုင်သလောက်လှူဒါန်းမှုတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်..။

အလင်းရောင် ကတော့ ၅၀၅-က ဖြင့် အရေး ယူခြင်းခံထားရပြီး လက်ရှိ အခြေအနေတွေအရ အခက်အခဲတွေနဲ့ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေအတွပ် စိုးရိမ်ပေးနေပြီး အမြဲထာဝရပြည်သူတွေဘက်က ရပ်တည်သွားမယ့်အကြောင်းကိုလည်း ကတိစကားဆို လာပါတယ်..။

တော်လှန်ရေး အစပိုင်းကတည်းက အခုလိုမျိုး တွေကြုံလာနိုင်တယ်ဆိုတာကို ကြိုတင် တွက်ဆထားသလို ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာမို့ လုပ်သင့်လုပ်ထိုက်တာတွေ ကို လုပ်ခဲ့တဲ့အကြောင်းတွေကိုလည်း အလင်းရောင်က ပြောပြထားတာ ဖြစ်ပါတယ်..။

“တော်လှန်ရေး ကနဦးအစထဲက ခုလိုမျိုး ကြုံလာနိုင်တယ် ဆို တာ ကြိုတင် တွက်ဆထားပြီးသားပါ …..

ကျွန်တော်လည်း ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပါပဲ …..

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို ကိုယ်တတ်နိုင်သလောက် လုပ်ဖြစ်ခဲ့ပါတယ် …..

ပြည်သူတွေဘက်က ထာဝရအမြဲ ရပ်တည်သွားပါ့မယ် လို့လည်း ကတိပေးပါတယ် …..

အားလုံးလည်း အထူး ဂရုစိုက် ကြပါခင်ဗျာ …..

ကျွန်တော်တို့ အတူတူ အောင်ပွဲခံရအုန်း မှာမို့ပါ …..

အရေးတော်ပုံအောင်ရမည်..” ဆိုပြီး ရေးသားပြောပြထားတာပါ..။

အခက်အခဲတွေ နဲ့ ရှောက်တိမ်းနေရတဲ့ မင်းသားအလင်းရောင် ကိုလည်း ပရိသတ်တွေကစိတ်ပူပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့နဲ့ အားတင်းထားဖို့ကို အားပေးစကားတွေ လည်း အသီးသီး ပြောထားကြတာလည်း တွေရပါတယ်..။

Photo Credit – ALINNYAUNG’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *