အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လှိုင်သာယာက ပြည်သူ တချို့အတွက် တတ်နိုင် သလောက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ.. ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ် ကတော့ သရုပ်ဆောင် ကောင်းမှုတွေ နဲ့ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး စကားပြောပွင့်လင်းတာတွေကြောင့် အောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ခိုင်မာစွာရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလိုအခြေအနေတွေမှာလည်း ပြည်သူတွေ အတွက် သူမရဲ့ကိုယ်ပိုင်ချွေး နည်းစာငွေကြေးလေးတွေနဲ့လည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း မကြာခဏဆိုသလို တွေ့ရပါတယ်..။

နှိုင်းယှဉ်ကတော့ ကိုယ်တိုင်လမ်းပေါ်ထွက် လှုပ်ရှားမှု တွေပြုလုပ်နေတဲ့အပြင် အခက်အခဲတွေ နဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ သူရဲကောင်းပြည်သူတွေ အတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်..။ အခုတစ်ခါမှာလည်း အခြားအလှူရှင်တွေနဲ့အတူ စားဝတ်နေရေးခက်ခဲနေကြတဲ့ လှိုင်သာယာက ပြည်သူတချို့ အတွက်လည်း ရေသန့်နဲ့ ထမင်းဗူးတွေလှူဒါန်းပြီး ကုသိုလ်ယူ ခဲ့တာလေးတွေကို အသိပေးဝေမျှလာပါတယ်..။

ကိုယ်ကိုယ်တိုင် မရောက်နိုင်ပေမယ့် လိုအပ်တဲ့ နေရာထိ ရောက်အောင် ပို့ဆောင်ပေးတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ် လူကိုယ်တိုင် လည်း လာချင်ပါတယ် လှိုင်သာယာ အားတင်းပေးထားကြပါ🙏🙏🙏..” ဆိုပြီး ဝေမျှထားတာပါ..။ ဒီကနေ့မှာ လှူဒါန်းထားတဲ့ ကုသိုလ်ယူအလှူပုံရိပ်လေးတွေကို နှိုင်းယှဉ်မြင့်မိုရ်က ပြန်လည်မျှဝေရင်း စားဝတ်နေရေးတွေ အပြင် အမျိုးမျိုးသော အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ လှိုင်သာယာက ပြည်သူတွေအတွက် အားပေးစကားတွေလည်း ပြောထားတာ ဖြစ်ပါတယ်..။

Photo Credit – Nhying Shin’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. ဇာတ္ပို႔သ႐ုပ္ေဆာင္ႏႈိင္းယွဥ္ျမင့္မိုရ္ ကေတာ့ သ႐ုပ္ေဆာင္ ေကာင္းမႈေတြ နဲ႔ ဇာတ္ကားေတြမ်ားစြာ႐ိုက္ကူးထားၿပီး စကားေျပာပြင့္လင္းတာေတြေၾကာင့္ ေအာင္ျမင္မႈေတြနဲ႔ အႏုပညာေလာကမွာ ခိုင္မာစြာရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ အခုလိုအေျခအေနေတြမွာလည္း ျပည္သူေတြ အတြက္ သူမရဲ႕ကိုယ္ပိုင္ေခြၽး နည္းစာေငြေၾကးေလးေတြနဲ႔လည္း ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနတာလည္း မၾကာခဏဆိုသလို ေတြ႕ရပါတယ္..။

ႏႈိင္းယွဥ္ကေတာ့ ကိုယ္တိုင္လမ္းေပၚထြက္ လႈပ္ရွားမႈ ေတြျပဳလုပ္ေနတဲ့အျပင္ အခက္အခဲေတြ နဲ႔ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတဲ့ သူရဲေကာင္းျပည္သူေတြ အတြက္လည္း တတ္ႏိုင္တဲ့ဘက္ကေန လႉဒါန္းမႈေတြလည္း ျပဳလုပ္ေနတာ ျဖစ္ပါတယ္..။ အခုတစ္ခါမွာလည္း အျခားအလႉရွင္ေတြနဲ႔အတူ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ လႈိင္သာယာက ျပည္သူတခ်ိဳ႕ အတြက္လည္း ေရသန႔္နဲ႔ ထမင္းဗူးေတြလႉဒါန္းၿပီး ကုသိုလ္ယူ ခဲ့တာေလးေတြကို အသိေပးေဝမွ်လာပါတယ္..။

ကိုယ္ကိုယ္တိုင္ မေရာက္ႏိုင္ေပမယ့္ လိုအပ္တဲ့ ေနရာထိ ေရာက္ေအာင္ ပို႔ေဆာင္ေပးတဲ့ အတြက္ လည္း ေက်းဇူးတင္ပါတယ္ လူကိုယ္တိုင္ လည္း လာခ်င္ပါတယ္ လႈိင္သာယာ အားတင္းေပးထားၾကပါ🙏🙏🙏..” ဆိုၿပီး ေဝမွ်ထားတာပါ..။ ဒီကေန႔မွာ လႉဒါန္းထားတဲ့ ကုသိုလ္ယူအလႉပုံရိပ္ေလးေတြကို ႏႈိင္းယွဥ္ျမင့္မိုရ္က ျပန္လည္မွ်ေဝရင္း စားဝတ္ေနေရးေတြ အျပင္ အမ်ိဳးမ်ိဳးေသာ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ လႈိင္သာယာက ျပည္သူေတြအတြက္ အားေပးစကားေတြလည္း ေျပာထားတာ ျဖစ္ပါတယ္..။

Photo Credit – Nhying Shin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *