ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှု မှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်တော့ Speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ မိသားစုနဲ့ တကွဲတပြား နေထိုင် နေရတာကို မြင်ပြီး ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ။ ဒီနေ့ကတော့ ကိုပေါက်ရဲ့ ချစ်လှစွာသော ဇနီးမွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ကိုပေါက်ကတော့ ဇနီးရဲ့မွေးနေ့ကို အခက်အခဲတွေများစွာကြားထဲက အမှတ်တရမွေးနေ့ ဆုတောင်းစာလေး ပေးပို့လာခဲ့တာပါ။ ဒါကတော့”အခက်အခဲတွေကြားထဲက မွေးနေ့ဆုတောင်းလေး ပို့ပေးတဲ့
“အိုပါးရေ အရမ်းချစ်တယ်နော်” သည်းရေ ဒီနေ့ ကျရောက်တဲ့ မွေးနေ့မှာ မင်္ဂလာပါ လို့တောင် နှုတ်ဆက်ခွင့်မရတဲ့ နိုင်ငံအရေးထဲ တို့တွေဝေးနေကြတာ တစ်လနဲ့ရှစ်ရက်ရှိသွားပြီ။ အမှတ်တရနွေဦးပါပဲ သည်းရေ။ တို့ရဲ့ဝေးကွာမှုက နွေဦးမှာအသက်ပေးသွားကြရတဲ့ တော်လှန်ရေးမိသားစုတွေရဲ့ဘဝနဲ့စာရင်တော့ သေးသေးလေးပါ သည်းရေ။ ရည်းစားဘဝကနေ မနှစ်ကသည်းမွေးနေ့အထိအနားမှာအတူတူရှိခဲ့ပေမယ့်ဒီနှစ်မွေးနေ့မှာ အတူတူရှိမနေနိုင်ခဲ့ဘူး။ Sorry ပါ။ ကျန်းမာရေးဂရုစိုက်ပြီး သား၂ယောက်အတွက်အားတင်းပေးပါလို့တောင်းဆိုပါတယ်။ (မတောင်းဆိုလည်းရှိနေပြီးသား ဆိုတာသိပါတယ်) အရင်နှစ်ကလို တခြားဆုတွေအများကြီးတောင်းပေးမယ့်အစား “အရေးတော်ပုံအောင်ပါစေ” ဆိုရင် သည်းလိုချင်တဲ့ဆုနဲ့ပြည့်မယ် လို့ထင်ပါတယ်။
မိုးမကူးခင်ပြန်ဆုံကြမယ်နော်။ အားလုံးကို ချစ်တယ်။ သတိရတယ်။ လွမ်း တယ်။ သည်းရဲ့ အိုပါး အိုပါးစာလေးကို သားသားတို့ကို ဖက်ပြလိုက်တယ်နော် သားငယ်လေးက မေမေ တဲ့ သားသား ဖေဖေ ပြန်မလာတာကြာပြီနော်တဲ့ အရေးတော်ပုံအောင်ရမည်။ ” ဆိုပြီး ရေးသားထားတာပါ။ ကိုပေါက်ရဲ့ ဇနီးကလည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ဆုတောင်းစာကို ဖတ်ပြီး ကြည်နူးနေတာပါ။ အရေးတော်ပုံကြီး အောင်မြင်ပြီး ခွဲခွာနေရတဲ့ မိသားစုတွေ အမြန်ဆုံးပြန်ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Htet Nini’s Facebook Account
zawgyi
ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူထုလႈပ္ရွားမႈ မွာ ျပည္သူေတြ နဲ႔အတူ တက္ႂကြစြာ ပါဝင္လႈပ္ရွားခဲ့သူတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ေတာ့ Speak out လုပ္ေပးေနတာလည္း ျဖစ္ပါတယ္။ မိသားစုနဲ႔ တကြဲတျပား ေနထိုင္ ေနရတာကို ျမင္ၿပီး ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ေနၾကတာပါ။ ဒီေန႔ကေတာ့ ကိုေပါက္ရဲ႕ ခ်စ္လွစြာေသာ ဇနီးေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ကိုေပါက္ကေတာ့ ဇနီးရဲ႕ေမြးေန႔ကို အခက္အခဲေတြမ်ားစြာၾကားထဲက အမွတ္တရေမြးေန႔ ဆုေတာင္းစာေလး ေပးပို႔လာခဲ့တာပါ။ ဒါကေတာ့”အခက္အခဲေတြၾကားထဲက ေမြးေန႔ဆုေတာင္းေလး ပို႔ေပးတဲ့
“အိုပါးေရ အရမ္းခ်စ္တယ္ေနာ္” သည္းေရ ဒီေန႔ က်ေရာက္တဲ့ ေမြးေန႔မွာ မဂၤလာပါ လို႔ေတာင္ ႏႈတ္ဆက္ခြင့္မရတဲ့ ႏိုင္ငံအေရးထဲ တို႔ေတြေဝးေနၾကတာ တစ္လနဲ႔ရွစ္ရက္ရွိသြားၿပီ။ အမွတ္တရေႏြဦးပါပဲ သည္းေရ။ တို႔ရဲ႕ေဝးကြာမႈက ေႏြဦးမွာအသက္ေပးသြားၾကရတဲ့ ေတာ္လွန္ေရးမိသားစုေတြရဲ႕ဘဝနဲ႔စာရင္ေတာ့ ေသးေသးေလးပါ သည္းေရ။ ရည္းစားဘဝကေန မႏွစ္ကသည္းေမြးေန႔အထိအနားမွာအတူတူရွိခဲ့ေပမယ့္ဒီႏွစ္ေမြးေန႔မွာ အတူတူရွိမေနႏိုင္ခဲ့ဘူး။ Sorry ပါ။ က်န္းမာေရးဂ႐ုစိုက္ၿပီး သား၂ေယာက္အတြက္အားတင္းေပးပါလို႔ေတာင္းဆိုပါတယ္။ (မေတာင္းဆိုလည္းရွိေနၿပီးသား ဆိုတာသိပါတယ္) အရင္ႏွစ္ကလို တျခားဆုေတြအမ်ားႀကီးေတာင္းေပးမယ့္အစား “အေရးေတာ္ပုံေအာင္ပါေစ” ဆိုရင္ သည္းလိုခ်င္တဲ့ဆုနဲ႔ျပည့္မယ္ လို႔ထင္ပါတယ္။
မိုးမကူးခင္ျပန္ဆုံၾကမယ္ေနာ္။ အားလုံးကို ခ်စ္တယ္။ သတိရတယ္။ လြမ္း တယ္။ သည္းရဲ႕ အိုပါး အိုပါးစာေလးကို သားသားတို႔ကို ဖက္ျပလိုက္တယ္ေနာ္ သားငယ္ေလးက ေမေမ တဲ့ သားသား ေဖေဖ ျပန္မလာတာၾကာၿပီေနာ္တဲ့ အေရးေတာ္ပုံေအာင္ရမည္။ ” ဆိုၿပီး ေရးသားထားတာပါ။ ကိုေပါက္ရဲ႕ ဇနီးကလည္း ခင္ပြန္းျဖစ္သူရဲ႕ ေမြးေန႔ဆုေတာင္းစာကို ဖတ္ၿပီး ၾကည္ႏူးေနတာပါ။ အေရးေတာ္ပုံႀကီး ေအာင္ျမင္ၿပီး ခြဲခြာေနရတဲ့ မိသားစုေတြ အျမန္ဆုံးျပန္ဆုံႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။
Source and Photo Crd-Htet Nini’s Facebook Account