အခက်အခဲတွေ ကြားထဲက နိုင်ငံ့ဂုဏ် ကို ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ မြန်မာ ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်

Posted on

အမေရိကန် နိုင်ငံကိုစစရောက် ချင်းမှာပဲ Miss Universe 2021 ပွဲအတွက် ပြင်ဆင်လာတဲ့ ပြိုင်ပွဲ ဝင် အဝတ်အစ ားတွေ ထ ည့်ထ ားတဲ့ Luggage ဟာ လေကြောင်းလိုင်းတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားရပြီး အခုချိန်ထိ ပြန်မရနိုင်သေးသလို နိုင် ငံရဲ့ ရိုး ရာယဉ်ကျေးမှုကိုဖော်ကျူးမယ့် National Costume ဟာလည်း အချိန်မီ ရောက်မလာခဲ့လို့ အခက်ခဲပေါင်းများစွာနဲ့ စိတ် ဖိစီး နေခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင် ကို ပရိသတ်တွေက အားတင်းထားဖို့နဲ့ စိတ်ဓာတ်မကျဖို့ ဝိုင်းဝန်းပြီး စိတ်ခွန်အားပေးနေ ခဲ့ပါတယ်။ National Costume အချိန်မီမရောက်ခဲ့ရင်လည်း အစားထိုး အနေနဲ့ စီစဉ်ထားတဲ့ဝတ်စုံကို လူကြုံနဲ့ ထည့်ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

စစ်မှန်တဲ့အောင်မြင်မှုဟာ အခက်အခဲ အတားအဆီးတွေ အများကြီးကို ရင်ဆိုင်ပြီးမှ ရနိုင်တာမျိုးပါ။ အခုချိန်မှာကြုံတွေ့ရ တဲ့အခက် အ ခဲတွေ ဟာ နောင်တ ချိန်မှာ Candy အတွက် အတွေ့အကြုံ ကောင်းတွေ ဖြစ်လ ာမှာပါ။ ဘယ် လိုအ ဆင်မပြေမှုတွေ ရှိ နေ ပါစေ သူ မ ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရေခြား မြေခြားမှာ ကိုယ့်မြန်မာအချင်းချင်း အစစအရာရာ ကူညီပေးသူတွေကြောင့် အဆိုးထဲက အကေ ာင်းပါပဲ။ အမဖြစ်သူမေလည်း ညီမလေး စိတ်ဓာတ်မကျရအောင် အမျိုးမျိုးဖေးမပြီး ပြိုင်ပွဲမှာအကောင် းဆုံး ယှဉ်ပြိုင်နိုင်အောင် အားပေ းနေခဲ့ပါတယ်။

ဒီနေ့မှာလည်း ဒီဇိုင်နာကောင်းမြတ်က Miss Universe ပြိုင်ပွဲ မဝင်ခင် Official Photo Shooting အတွက် သူ့ရဲ့နောက်ဆုံး Latest Coll ection အသစ်ထဲက အလှပဆုံး ခရမ်းရောင်ဝတ်စုံလေးကို ဆင်မြန်းထားတဲ့ သူဇာဝင့်လွင်ရဲ့ ရပ်သပ် ရှုမောဖွယ်ရာ ပုံရိ ပ်တွေကို ” ညီမလေး သူဇာဝင့်လွင် ရဲ့ Road to Miss Universe ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ကာလတွေ တုန်းက official photo shooting အတွက် ကျွန်တော့်ရဲ့ နောက်ဆုံး latest collection အသစ်ထဲမှ ဆင်မြန်းပေးထားပါတယ် ကျွန်တော်တို့ရဲ့ Miss Universe Myanmar လေ းကို အင်တိုက်အားတိုက် အားပေး လိုက်ကြရအောင်နော် 💜💜💜 ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဘယ်လို အခက်အခဲ တွေပဲကြုံကြုံ စိတ်ဓာတ်မကျဘဲ အကောင်းဆုံး Performance တွေနဲ့ ယှဉ်ပြိုင်နိုင်ပါစေ Candy လေးရေ။

သတင်းအရင်းမြစ်: Designer Kaung Myat’s FB Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *