အကြောင်း အမျိုးမျိုးကြောင့် တိမ်းရှောင် နေရပေမယ့် လည်း ခင်ပွန်းဖြစ်သူ ရဲ့ မွေးနေ့လေး ကို ထူးထူး ခြားခြားလေး ဆုတောင်းပေး လိုက်တဲ့ ပိုင်ဖြိုးသု

Posted on

ပရိတ်သတ်ကြီးရေ…အနုပညာလောက မှာ ပရိတ်သတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝ ရရှိထားတဲ့ပြည်သူချစ် အနုပညာရရှင်တ စ် ယောက်ဖြစ်ပိုင်ဖြိုးသုဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ပီပြင်ပိုင်နိုင်စွာနဲ့ကျရာ ဇာတ်ရုပ်တိုင်းကို အ သက်ဝင်အောင် သရုပ်ဆောင်နိုင်နတဲ့အတွက် အကယ်ဒမီဆုကြီးကိုလည်းထိုက်ထိုက်တန်ထန်ဆွတ်ခူးရရှိထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်…။

ပိုင်ဖြိုးသုကတော့ အရမ်းကိုအေးချမ်းလွန်းပြီး ခင်ပွန်းကောင်း ပီသလွန်းတဲ့ ဒါရိုက်တာဏကြီးနဲ့အိမ်ထောင်ကြပြီး သာယာတဲ့ အိမ်ထောင် သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သူမအပေါ်အရမ်းကိုချစ်ခင်ပြီးသူမဆိုးသမျှကို သည်းခံခွင့်လွှတ်ပေးတတ်တဲ့ ရေခဲတုံး ကြီး တစ်မျှအေးချမ်းလွန်းတဲ့ ခင်ပွန်းသည်ကို ပိုင်ဖြိုးသုက ချစ်စနိုး နဲ့ ဦးရေခဲကြီးလို့ခေါ်ခဲ့တာဖြစ်ပြီး ပရိတ်သတ်ကလည်း ဒီအခေါ်အဝေါ် လေး ကြောင့် သုသုကိုပိုပြီးချစ်နေကြတာပဲဖြစ်ပါတယ်နော်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာကြောင့် ပရိတ်သတ်တွေက သူမတို့ဇနီးမောင်နှံကို လေးစားနေကြတာပဲဖြစ်ပါတယ်။သုသုတို့ဇနီးမောင်နှံက လူထုလှုပ်ရှားမှုမှာ နေ့စဉ် နေ့တိုင်း လမ်း ပေါ်ထွက်ပြီး ဆန္ဒဖော် ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်.။အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ သူမတို့ဇနီးမောင်နှံကို ၅၀၅(က)နဲ့အမှုဖွင့်အ ရေး ယူခံခဲ့ရတာပဲဖြစိပါတယ်နော်.။အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်း ရတဲ့နေရာကနေ ပါဝင်နေတာပဲဖြစ် ပါတယ်နော်။

ဒီကနေ့ဟာဆိုရင်တော့ ဒါရိုက်တာဏကြီးရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်နော်။ ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူဏကြီးရဲ့မွေးနေ့လေးကို ထူးထူးခြား ခြားလေးဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ သုသုက”အသက်(၄၀)မှဘဝကစတာတဲ့…ဦးရေခဲကြီးဘဝကိုစလုံးရေစရတဲ့အချိန်မှာမှ စစ်အာဏာသိမ်းခံထားရချိန်နဲ့ကြုံရတာတော့ကျက်သရေမရှိဘူးပေါ့နော်….ဘဝမှာသူ့အတွက် ဒီမိုကရေစီအမြန်ရရှိပါစေ စစ်အာဏာ ရှင် အုပ်ချုပ်ခံရမှုမှအမြန်လွတ်မြောက်ပါစေ လို့မွေးနေ့မှာဆုတောင်းပေးရမယ်လို့အိပ်မက်တောင်မမက်ဖူးဘူး…

Anyway, I’ll always be by your side, through thick and thin. Have a peaceful birthday Boo Bear❤️#အရေးတော်ပုံ အမြန် ဆုံးအောင်ပါစေ” ဆိုပြီးခင်ပွန်းဖြစ်သူရဲ့မွေေးနေ့လေးကို ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်နော်။ပိုင်ဖြိုးက သူမရဲ့ခင်ပွန်းဏကြီး ရဲ့ မွေး နေ့ကို အခုလိုအခြေအနေမျိုးနဲ့ကြုံနေရလို့စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ…..။ ဒါရိုက်တာဏကြီးရဲ့ မွေး နေ့ လေးကို ပရိတ်သတ်ကြီးကလည်း ဆုတောင်းမေတ္တာပို့သပေး ခဲ့ကြပါအုံးနော်….။ ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူး ပဲကျေးဇူးတင်ရှိပါတယ်…။

Source ; Paing Phyo Thu Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *