အကြောင်းမဲ့ ဖမ်းဆီး ခံရပြီးနောက် ပြန်လည် လွတ်မြောက်လာပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အဆိုတော်မီးနို

Posted on

ပြီးခဲ့တဲ့ ရက်ပိုင်းက နေအိမ်ကနေ ဖမ်းဆီးခံ ခဲ့ လိုက်ရတဲ့ အဆိုတော်မီးနို ဟာ ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။ မီးနိုလွတ်မြောက်လာတဲ့အကြောင်းကိုတော့ သူမနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းက လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားကာ ဝမ်းသာအားရ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

မီးနိုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၆)ရက်နေ့က နေအိမ် ကနေ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး (၂) ရက်အကြာ ဒီကနေ့ ဇူလိုင်(၈)ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ..။ လက်ရှိအချိန်ကာလကြီးမှာ ပရဟိတအလုပ်တွေနဲ့ ပြည်သူ့အကျိုးပြုနေတဲ့ မီးနိုတစ်ယောက် အခုလို ပြန်လည် လွတ်မြောက်လာတဲ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်..။

ကျန်းကျန်းမာမာ နဲ့ အချိန်တိုအတွင်း ပြန်လည်လွတ်မြောက်လာတဲ့ မီးနို အတွက် မိသားစုတွေနဲ့ထပ်တူ စိတ်အေးဝမ်းသာရသလို ပရိသတ်တွေအတွက်လည်း သတင်းကောင်းလေးကို ဝေမျှအသိပေးလိုက်ပါတယ်နော်..။ မီးနိုဟာ 2009 Melody World ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ အနုပညာရှင်အဖြစ်လည်း ရပ်တည်နေသလို စစ်ရှောင်ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit – Mee No’s Fb Acc

zawgyi

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေနအိမ္ကေန ဖမ္းဆီးခံ ခဲ့ လိုက္ရတဲ့ အဆိုေတာ္မီးႏို ဟာ ဒီကေန႔မွာေတာ့ ျပန္လည္လြတ္ေျမာက္လာၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္..။ မီးႏိုလြတ္ေျမာက္လာတဲ့အေၾကာင္းကိုေတာ့ သူမနဲ႔ နီးစပ္ရာ အသိုင္းအဝိုင္းက လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားကာ ဝမ္းသာအားရ အသိေပးေျပာျပထားတာ ျဖစ္ပါတယ္..။

မီးႏိုကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ(၆)ရက္ေန႔က ေနအိမ္ ကေန အေၾကာင္းမဲ့ဖမ္းဆီးေခၚေဆာင္သြားခံရတာျဖစ္ၿပီး (၂) ရက္အၾကာ ဒီကေန႔ ဇူလိုင္(၈)ရက္ေန႔မွာ ျပန္လည္လြတ္ေျမာက္လာတာပါ..။ လက္ရွိအခ်ိန္ကာလႀကီးမွာ ပရဟိတအလုပ္ေတြနဲ႔ ျပည္သူ႔အက်ိဳးျပဳေနတဲ့ မီးႏိုတစ္ေယာက္ အခုလို ျပန္လည္ လြတ္ေျမာက္လာတဲ့အတြက္ ပရိသတ္ေတြကလည္း ဝမ္းသာေနၾကပါတယ္..။

က်န္းက်န္းမာမာ နဲ႔ အခ်ိန္တိုအတြင္း ျပန္လည္လြတ္ေျမာက္လာတဲ့ မီးႏို အတြက္ မိသားစုေတြနဲ႔ထပ္တူ စိတ္ေအးဝမ္းသာရသလို ပရိသတ္ေတြအတြက္လည္း သတင္းေကာင္းေလးကို ေဝမွ်အသိေပးလိုက္ပါတယ္ေနာ္..။ မီးႏိုဟာ 2009 Melody World ၿပိဳင္ပြဲဝင္ တစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္ေနတဲ့ အႏုပညာရွင္အျဖစ္လည္း ရပ္တည္ေနသလို စစ္ေရွာင္ျပည္သူေတြအတြက္လည္း လႉဒါန္းမႈေတြ ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္..။

Photo Credit – Mee No’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *