အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခံရ တဲ့ မီးနို နဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ အဆိုတော်လီယို

Posted on

ပြည်သူတွေ အတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အဆိုတော်မီးနို ကတော့ ဒီကနေ့ ဇူလိုင်လ (၆)ရက်နေ့ မနက်ပိုင်းကပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်..။

မီးနိုဖမ်းဆီးခံလိုက်ရတဲ့ အကြောင်းကိုတော့ သူငယ်ချင်း ဖြစ်သူ အဆို တော် လီယိုက အားလုံးကို အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်..။

“ကျနော့် သူငယ်ချင်း မီးနိုကို မတရား ဖမ်းဆီး သွားပါပြီ”လို့ မီးနိုရဲ့ သူငယ်ချင်း အတွက် အဆိုတော် Leo က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အတည်ပြု ပြောထားတာပါ..။

လီယိုကတော့ သူငယ်ချင်းမီးနို ရဲ့ စိတ်မကောင်းစရာ သတင်းတွေကြောင့် မယုံနိုင်အောင် ဝမ်းနည်းနေရပြီး ပရိသတ်တွေကလည်း စိတ်ပူနေကြရတာ ဖြစ်ပါတယ်..။

မိသားစုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း မီးနိုအတွက် စိုးရိမ်ပူပန်နေကြရသလို အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်လို့ သိရပါတယ်..။

အဆိုတော်မီးနိုဟာ ပြီးခဲ့တဲ့လပိုင်းတွေက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေနဲ့ ကရင်စစ်ဘေးရှောင်များအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပို့ဆောင်လှူဒါန်းခဲ့ပြီးအခြား လိုအပ်နေတဲ့ နေရာတွေကိုလည်း ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေသူ ဖြစ်ပါတယ်။

Photo Credit – Mee No’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *