အကြောက် တရားကင်းပြီး အမှန် ကို ရဲရဲ ဝံ့ဝံ့ ပြောနိုင်ဖို့ သားကို ပေးစား တစ် စောင် ရေးသား ခဲ့တဲ့ ကိုပေါက်

Posted on

ကဲ….ပရိသတ်ကြီးတို့ အနေနဲ့ အနုပညာ လောက မှာနာမည် တစ်လုံးနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ ကိုပေါက်ကို တော့ အားလုံးသိကြမယ် ထင်ပါတယ်။ သရုပ်ဆောင် တစ်ဦး အနေနဲ့ အနုပညာလောကထဲကို ဗီဒီယို ခေတ်ကတည်းက ရောက်ရှိလာခဲ့ပြီး ယခုအချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ဟာသ ညဏ်ရွှင်ပြီး ရယ်ကာ မောကာ စစနောက်နောက် နေတက်တာ ကြောင့် ကိုပေါက် တစ်ယောက်ဟာ ပရိသတ်တွေ အားပေး ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဘယ်ဇာတ်ရုပ်လာလာပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် အရည် အချင်း ရှိ ရုံသာမက ကင်မရာ နောက်ကွယ်က ရိုက်ကူးတဲ့ အပိုင်းကိုပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဒါရိုက်တာ တစ်ဦးလည်း ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုပေါက်ဟာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သားကို ပေးစာ တစ်စောင် ရေးသား ဖော်ပြခဲ့တာ ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ အကြောက်တရားကင်းပြီး အမှန်ကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ ငါ့သားတို့တော်လှန်ကြဖို့ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “သားသို့ပေးစာ သားရေ လောကကြီးက တရား ပါတယ်။ မတရားတာက အာဏာရှင်လူတစ်စု။ သားရေ ဗုဒ္ဓဘာသာက မွန်မြတ်ပါတယ်။ ယုတ်ပတ်နေတာက ဗုဒ္ဓဘာသာအမည်ခံ အာဏာရှင်လူတစ်စု။ သားရေ အမှန်ကို ရဲရဲဝံ့ဝံ့မပြောရဲရင်နေပါ မှားနေတာကိုထောက်ခံတဲ့သူတော့ မဖြစ်စေနဲ့။ သတ္တိဆိုတာ အကြောက်တရားနဲ့မခံချင်စိတ် တွေဓာတ်ပြုပြီး မွေးဖွား တယ်သား။ အကြောက်တရားတွေကင်းပြီး အမှန်ကိုပြောရဲဖို့အတွက် ဖေဖေမှားနေရင်တောင် ငါ့သားတို့ တော်လှန်ပါ။ ကိုပေါက်(ခေတ္တဝရမ်းပြေး) ၂၂.၂.၂၀၂၁ အရေးတော်ပုံ အောင်ရမည်…..” ဆိုပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်…….။

Photo Crd – Aung Min Naing’s FB account

zawgyi

ကဲ….ပရိသတ္ႀကီးတို႔ အေနနဲ႔ အႏုပညာ ေလာက မွာနာမည္ တစ္လုံးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားေနတဲ့ ကိုေပါက္ကို ေတာ့ အားလုံးသိၾကမယ္ ထင္ပါတယ္။ သ႐ုပ္ေဆာင္ တစ္ဦး အေနနဲ႔ အႏုပညာေလာကထဲကို ဗီဒီယို ေခတ္ကတည္းက ေရာက္ရွိလာခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ေနရာ တစ္ခုထိ ေရာက္ရွိ ေအာင္ျမင္ေနၿပီပဲ ျဖစ္ပါတယ္။ ဟာသ ညဏ္႐ႊင္ၿပီး ရယ္ကာ ေမာကာ စစေနာက္ေနာက္ ေနတက္တာ ေၾကာင့္ ကိုေပါက္ တစ္ေယာက္ဟာ ပရိသတ္ေတြ အားေပး ဝန္းရံတာ ကို ခံေနရတဲ့ သူတစ္ဦးပဲ ျဖစ္ပါတယ္။

ဘယ္ဇာတ္႐ုပ္လာလာပီျပင္ေျပာင္ေျမာက္လွတဲ့ သ႐ုပ္ေဆာင္ အရည္ အခ်င္း ရွိ ႐ုံသာမက ကင္မရာ ေနာက္ကြယ္က ႐ိုက္ကူးတဲ့ အပိုင္းကိုပါ ကြၽမ္းက်င္ပိုင္ႏိုင္တဲ့ ဒါ႐ိုက္တာ တစ္ဦးလည္း ပဲ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ ကိုေပါက္ဟာ သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ သားကို ေပးစာ တစ္ေစာင္ ေရးသား ေဖာ္ျပခဲ့တာ ပဲ ျဖစ္ပါတယ္။ ယခုအခ်ိန္မွာ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈေတြမွာ အေၾကာက္တရားကင္းၿပီး အမွန္ကို ရဲရဲဝံ့ဝံ့ ေျပာႏိုင္ဖို႔ ငါ့သားတို႔ေတာ္လွန္ၾကဖို႔ေျပာျပလာတာပဲ ျဖစ္ပါတယ္။

သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ “သားသို႔ေပးစာ သားေရ ေလာကႀကီးက တရား ပါတယ္။ မတရားတာက အာဏာရွင္လူတစ္စု။ သားေရ ဗုဒၶဘာသာက မြန္ျမတ္ပါတယ္။ ယုတ္ပတ္ေနတာက ဗုဒၶဘာသာအမည္ခံ အာဏာရွင္လူတစ္စု။ သားေရ အမွန္ကို ရဲရဲဝံ့ဝံ့မေျပာရဲရင္ေနပါ မွားေနတာကိုေထာက္ခံတဲ့သူေတာ့ မျဖစ္ေစနဲ႔။ သတၱိဆိုတာ အေၾကာက္တရားနဲ႔မခံခ်င္စိတ္ ေတြဓာတ္ျပဳၿပီး ေမြးဖြား တယ္သား။ အေၾကာက္တရားေတြကင္းၿပီး အမွန္ကိုေျပာရဲဖို႔အတြက္ ေဖေဖမွားေနရင္ေတာင္ ငါ့သားတို႔ ေတာ္လွန္ပါ။ ကိုေပါက္(ေခတၱဝရမ္းေျပး) ၂၂.၂.၂၀၂၁ အေရးေတာ္ပုံ ေအာင္ရမည္…..” ဆိုၿပီး ေဖာ္ျပလာတာ ကို ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေပး လိုက္တာပဲ ျဖစ္ပါတယ္ေနာ္…….။

Photo Crd – Aung Min Naing’s FB account

Leave a Reply

Your email address will not be published. Required fields are marked *