အကြမ်းဖက် ခံရတဲ့ မိသားစု နဲ့ ပက်သက် ပြီး ခံစားချက် ကို ပြောပြ လိုက် တဲ့ ထူးအယ်လင်း
Posted on
မရမ်းကုန်းမြို့နယ်သမိုင်း (၁)ရပ်ကွက်က အဆိုတော် ထူးအယ်လင်း ရဲ့ အမေအိမ် နဲ့ အတူ ၁၁ လမ်းထဲက ကားတွေကို ရိုက်ခွဲသွားခဲ့ပါတယ်။ထူးအယ်လင်းရဲ့ မိသားစုအခြေအနေမှာ အကိုအကြီးဆုံးက ဗိုက်ကျည် ရှပ်မှန်ပြီး အချုပ်ကား နဲ့ပါသွားတယ်။ ဗိုက်ကျည်ဆံမှန် တဲ့အမ က စိုးရိမ်ရတဲ့..အခြေအနေကနေ ယခု သေ ဆုံးသွား တဲ့ အကြောင်း ထူးအယ်လင်းကတင်ထားတာပဲဖြစ်ပါတယ်။။ရာဘာကျ ည် ခြောက်ချက်ထိတဲ့ ညီအောင်ဖြိုး..မစိုးရိမ်ရတော့ဘူးလို့သိရပြီး အမေ ဖြစ်သူက လက်ရှိ ကျန်းမာစွာ ရှိကြောင်းသိရပါတယ်။
အဆိုတော် ထူးအယ်လင်းရဲ့ မိခင်ဖြစ်သူ နေအိမ်ရှေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် များ ဖြင့် အဝိုင်း ခံထားရပြီး ထူးအယ်လင်းရဲ့ ညီဖြစ်သူလည်းထိမှန်ခံထားရတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ထူးအယ်လင်းက နယ်အဝေး ရောက်နေတာကြောင့်မိခင်နဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။“ဘုရင့်နောင် မရမ်းကုန်း လဝက ရုံးရှေ့ အမေ့အိမ်ထဲ ဝို င်းပ စ်ခံရတယ် သတင်းကြားတယ်။ညီဖြစ်တဲ့ အောင်ဖြိုး ထိတာ ၆ ချက်ရှိတယ် ပြောတယ်။
အမေ့ကို ဖုန်းဆက်တာလည်း ဖုန်းမရဘူး။ ကျနော်လည်း အဝေးရောက်နေတယ်။ တနိုင်ငံလုံး ရဲ့ သောကပါ”“အစ်ကိုနဲ့ အစ်မ ကျည်ထိတယ် ပြောတယ်။ ရာဘာကျည်လို့လည်း ပြောတယ်။ စိုးရိမ်ရတယ်လို့ ကြားတယ်။ အမေ့သတင်း မကြားရသေးဘူး”လို့ အဆိုတော် ထူးအယ်လင်းက ဆိုပါတယ်။ ယခုတွင်တော့ အဆိုတော် ထူးအယ်လင်းရဲ့ အစ်မဟာ သေဆုံးသွား ခဲ့ရပြီလို့ ထူးအယ်လင်း ရဲ့ ဖေ့ဖုတ်အကောင့်ကနေ သိရှိရပါတယ်ငါ့အမ(ဥမ္မာရှိန်) ဖြစ်လေရာဘဝမှာ အေးချမ်းပါစေဗျာကောင်းရာသုဂတိလားပါစေပြုခဲ့တဲ့ ကုသိုလ်အမျှရပါစေလို့ ထူးအယ်လင်းက ဖေ့ဖုတ်အကောင့်ကနေ အသိပေးလာပါတယ်
crd
zawgyi
crd
Leave a Reply
Your email address will not be published. Required fields are marked *