ဟင်းသီး ဟင်းရွက်တွေကို တွန်းလှည်းပေါ် တင်ပြီး တစ်အိမ် တစ်ယောက် ထွက်ခိုင်းကာ ကြိုက်တာတစ်မျိုးယူ အလှူကို ပြုလုပ်ခဲ့ကြတဲ့ ပြည်သူများ

Posted on

စိတ်ရင်းစေတနာ ကောင်းကြတဲ့ ပြည်သူတွေကတော့ အခုလို လူတိုင်း နီးပါးခက်ခဲနေကြတဲ့ ကာလမှာတောင်တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းနေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့အပြန်အလှန် ဖေးမ ကူညီကြပြီး တစ်ယောက် အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။ မြန်မာပြည်သူ၊ပြည်သားတွေ ရဲ့ စိတ်ထားကတော့ မေတ္တာတရားတွေနဲ့လွှမ်းခြုံ ထားတာကြောင့် လူသားအချင်းချင်း သနားကြင်နာတတ်နေကြတာ ဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ သာမန်ပြည်သူတွေကအစ မိမိတို့မှာ ရှိသလောက်လေးကို ရက်ရက်ရောရော နဲ့ လှူဒါန်းနေကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်ကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေအတွက် စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်တွေကို အိမ်တိုင်းအတွက် လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်အစုံအလင်ကို တွန်းလှည်းပေါ် တင်ပြီး တစ်အိမ်တစ်ယောက်ထွက်ခိုင်းကာကြိုက်တာတစ်မျိုးယူခိုင်းတာ ဖြစ်ပါတယ်။

ရပ်ကွက်နေပြည်သူတွေကလည်း အိမ်ထဲကနေထွက်ပြီး ကြိုက်တဲ့ အသီးအရွက်လေးတွေယူနေကြတာကြောင့် လှူကြတဲ့စေတနာရှင်တွေအတွက် ပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုကာလမှာ ပြည်သူတိုင်းက မိမိတို့တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဝန်းရံပေး နေကြတာဖြစ်ပါတယ်။ အလှူအတန်းရက်ရောကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကတော့ COVID-19 (First Wave)ကတည်းက လှူဒါန်းခဲ့ကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုရဲ့ စေတနာ၊သဒ္ဒါတရားထက်သန်နေကြတဲ့ ပုံရိပ်လေးတွေကို ကြည်နူးပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

စိတ္ရင္းေစတနာ ေကာင္းၾကတဲ့ ျပည္သူေတြကေတာ့ အခုလို လူတိုင္း နီးပါးခက္ခဲေနၾကတဲ့ ကာလမွာေတာင္တတ္ႏိုင္သေလာက္ ေပးကမ္းလႉဒါန္းေနၾကတာပဲျဖစ္ပါတယ္။လက္ရွိမွာဆိုရင္ ျပည္သူေတြက စည္းစည္းလုံးလုံးနဲ႔အျပန္အလွန္ ေဖးမ ကူညီၾကၿပီး တစ္ေယာက္ အခက္အခဲကို တစ္ေယာက္က မွ်ေဝခံစားေပးေနၾကတာျဖစ္ပါတယ္။ ျမန္မာျပည္သူ၊ျပည္သားေတြ ရဲ႕ စိတ္ထားကေတာ့ ေမတၱာတရားေတြနဲ႔လႊမ္းၿခဳံ ထားတာေၾကာင့္ လူသားအခ်င္းခ်င္း သနားၾကင္နာတတ္ေနၾကတာ ျဖစ္ပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ သာမန္ျပည္သူေတြကအစ မိမိတို႔မွာ ရွိသေလာက္ေလးကို ရက္ရက္ေရာေရာ နဲ႔ လႉဒါန္းေနၾကတာျဖစ္ပါတယ္။တစ္ရက္ကဆိုရင္လည္း ရန္ကုန္တိုင္း၊ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာေနထိုင္ၾကတဲ့ ရပ္ကြက္သူ၊ ရပ္ကြက္သားေတြအတြက္ ေစတနာရွင္ျပည္သူေတြက ဟင္းသီးဟင္း႐ြက္ေတြကို အိမ္တိုင္းအတြက္ လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။ ဟင္းသီးဟင္း႐ြက္အစုံအလင္ကို တြန္းလွည္းေပၚ တင္ၿပီး တစ္အိမ္တစ္ေယာက္ထြက္ခိုင္းကာႀကိဳက္တာတစ္မ်ိဳးယူခိုင္းတာ ျဖစ္ပါတယ္။

ရပ္ကြက္ေနျပည္သူေတြကလည္း အိမ္ထဲကေနထြက္ၿပီး ႀကိဳက္တဲ့ အသီးအ႐ြက္ေလးေတြယူေနၾကတာေၾကာင့္ လႉၾကတဲ့ေစတနာရွင္ေတြအတြက္ ပီတိျဖစ္ဖို႔ေကာင္းပါတယ္။ဒီလိုကာလမွာ ျပည္သူတိုင္းက မိမိတို႔တတ္ႏိုင္တဲ့ အင္အားေလးေတြနဲ႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ဝန္းရံေပး ေနၾကတာျဖစ္ပါတယ္။ အလႉအတန္းရက္ေရာၾကတဲ့ ျမန္မာျပည္သူ၊ ျပည္သားေတြကေတာ့ COVID-19 (First Wave)ကတည္းက လႉဒါန္းခဲ့ၾကတာ အခုခ်ိန္ထိပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ ျပည္သူလူထုရဲ႕ ေစတနာ၊သဒၵါတရားထက္သန္ေနၾကတဲ့ ပုံရိပ္ေလးေတြကို ၾကည္ႏူးပီတိျဖစ္မိလို႔ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *