သွေးအေးနေတာ မဟုတ် ဘဲ လွတ်လပ်မှု၊ ငြိမ်းချမ်း မှု ကို မရသေးသရွေ့ ရောက်ရာ အရပ်ကနေ ဆက်လက် တော်လှန်နေ ဦးမယ့် မင်းမော်ကွန်း

Posted on

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ တစ်ဦး ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ဖေဖော်ဝါရီလကတည်းက စတင်ကာ ထုတ်ဖော် ပြသခဲ့သူလည်း ဖြစ်ပါတယ်။ လတ်တလော မှာတော့ မင်းမော်ကွန်းကို ၅၀၅(က) ဖြင့် ဝရမ်း ထုတ် ခံထားရတာကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

အခုလို တိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့ အခြေအနေတွေ ကို ပရိသတ်တွေ စိတ်မပူစေရန်လည်း လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့Facebook အကောင့်တွင် သွေးအေးနေတာ မဟုတ်ဘဲ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို မရသေးသရွေ့ ရောက်ရာ အရပ်ကနေ ဆက်လက်တော်လှန်နေဦးမယ့် အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

” ဒီနေ့သင်္ကြန် အကျနေ့မှာ

ရေမစို အပျော် မဖက်ဘဲ

တော်လှန်ကြတဲ့မြန်မာပြည်အနှံ့က

ပြည်သူအားလုံးကိုလေးစားဂုဏ်ယူပါတယ်

သွေးအေးမသွားတဲ့အတွက်လည်း

ကျေးဇူးတင်ရပါတယ်

ကျွန်တော်၅၀၅ကိုကြောက်လို့

ပို့စ်တွေမတင်ရဲတော့ဘူးလို့

ထင်ကြသူများလည်းရှိကောင်း ရှိပါလိမ့်မယ်

အဲ့ဒီအတွက်ကိုအထွေအထူး

ဖြေရှင်းနေဖို့မလိုအပ်တော့ဘူး ထင်ပါတယ်

မြန်မာပြည်အဝှမ်းက ရဲဘော် ရဲဘက်တွေ နဲ့

ထပ်တူရပ်တည်နေတယ် ဆိုတာတော့

အကြွင်းမဲ့ယုံကြည်စေချင် ပါတယ်

ဘယ်တော့မှ သွေးမအေးသလို

တော်လှန်မှုကိုလည်း အရှိန်လျော့ချဖို့

လုံးဝလုံးဝ အစီအစဉ်မရှိပါဘူး

ရောက်ရာအရပ်မှာ

မနိုင်မချင်း မအောင်မချင်း

လွပ်လပ်မှု ငြိမ်းချမ်းမှုကို မရသေးသရွေ့

ဆက်လက် တော်လှန်နေဦးမှာပါ

အားလုံးကျန်းမာ ဘေးကင်းကြပါစေ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ကိုကျော်တစ်ယောက် မိသားစုနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *