သွေးသစ္စာ သီချင်းကို မြန်မာ လို သီဆို ဖျော်ဖြေ ပြီး မြန်မာလူမျိုးတွေအတွက် ပါဝင် အားဖြည့် ပေးလိုက် တဲ့ ကိုရီးယား အဆိုတော် ကြီးများ

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေး ကိစ္စမှာ ဆိုရင် ကိုရီးယား လူမျိုးတွေကပါ မြန်မာပြည်သူ ၊ပြည်သားတွေနဲ့အတူရပ်တည်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက် နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့ အလုပ်လုပ်ကိုင်တဲ့သူတွေကလည်း လမ်းပေါ်ထွက်ပြီး လူထု လှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေကတော့အားတက်သရောကူညီပေးနေကြတဲ့ ကိုရီးယား လူမျိုးတွေကို လေးစားပြီး ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

(18.4.2021)ရက်နေ့က ဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် ချန်ဝမ်မြို့မှာ မြန်မာကျောင်းသူ၊ကျောင်းသားများ အလုပ်လုပ်ကိုင်နေကြတဲ့သူများအပါအဝင် တောင်ကိုရီးယား ပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာ ဆိုရင် “သွေးသစ္စာ”သီချင်းကို ကိုရီးယား အဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြားအစီအစဉ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ကိုရီးယားအဆိုတော်ကြီးတွေကတော့ “သွေးသစ္စာ”သီချင်း ကို မြန်မာလို ပီပီသသသီဆိုနေပုံက မြန်မာပြည်သူတွေရဲ့ရင်ထဲထိမှန်ပြီး ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေကလည်း ကိုရီးယား အဆိုတော်ကြီး တွေနဲ့အတူ “သွေးသစ္စာ”သီချင်းကို လိုက်ဆိုကြပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။(၂)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ မြန်မာ့အရေးကို ကိုရီးယားပြည်သူ၊ပြည်သားတွေကပါ တစ်တပ်တစ်အား ကူညီပေးနေကြတာကြောင့် ကျေးဇူးတင်စရာကောင်းလှပါတယ်။ မြန်မာလူမျိုးတွေကို ပါဝင်အားဖြည့်ပေးရင်း “သွေးသစ္စာ”သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြတဲ့ ကိုရီးယားအဆိုတော်ကြီးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Source&Video Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *