သွေးစည်း နေရမယ့် အချိန်မှာ တိုက်ခိုက် နေသူတွေ အတွက် ဒေါင်း ရဲ့ အပြတ် သား ဆုံး စကားတစ်ခွန်း

Posted on

ပျိုတိုင်းကြိုက်တဲ့ မင်းသားချောဒေါင်းကတော့ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ် ရွေးကောက် ပွဲကတည်းက

NLD ပါတီကို ဝန်းရံခဲ့သူ တစ်ယောက်ဖြစ်သလို မဲဆွယ်စည်းရုံးရေး အတွက်လည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါင်းက မြန်မာပြည် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိ နေတာကြောင့် အချို့သော ပရိသတ်တွေရဲ့

ဝေဖန်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ အဆိုးဆုံး ကတော့ ဒေါင်းက ဘန်ကောက်မြို့မှာ တိမ်းရှောင်နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်ရှိ နေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ နဲ့ ပက်သတ်ပြီး ဒေါင်းက “ဟုတ်ပြီဒါဆို ကျွန်တော်သူ့သမီးကို တကယ် သွားပက်သက်မယ် ပြီးရင်သူ့အဖေကိုသတ်ပြီးထောင်ထဲမှ ာဂုဏ်သိက္ခာ ရှိရှိနေသွားလိုက်မယ်။

ရိုင်းသွားရင်တောင်းပန်ပါတယ်။ တိုင်းပြည်အခြေအနေ ဒီလောက်ဆိုးနေတဲ့အချိန်

ကျွန်တော့်သတင်းအမှားတွေကြောင့် ပြည်သူတွေ လမ်းလွဲသွားမှာစိုးလို့ပါ။ အားလုံးအရှိန်အဟုန်မြင့် ဒီမိုကရေစီ အတွက် လုပ်ဆောင်ကြမယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဒေါင်းကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လူမျိုးခြားတွေနဲ့ အလုပ်လုပ်ကိုင် နေရတာဖြစ်သလို မြန်မာ့ပြည်တွင်းရေး အတွက်လည်း မျက်ခြေမပျက်စောင့်ကြည့်နေပြီး ပြည်သူတွေအတွက်

အားပေးလှုံ့ဆော်မှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: DAUNG – ဒေါင်း’s fbceleupdatenews

celeupdatenews

zawgyi











celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *