ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ညီညာပြီး ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ် တစ်ဦးဖြစ်တဲ့ မိုးမြင့်သဇင် ကို သိကြမယ်ထင်ပါတယ်နော်။ တစ်ခေတ်တစ်ခါကမြန်မာဗီဒီယိုလောကရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အနုပညာပညာအလုပ်ကို ခေတ္တရပ်နားသွားပင်မဲ့ အခုတစ်ခါမှာ ဆိုရင်တော့ ထိပ်တန်း photo model တစ်ဦးအဖြစ် ပြန်လည် ရပ်တည်လာတာကို ပရိသတ်ကြီး အနေနဲ့ ရှုမြင်ခံစားကြရမှာဖြစ်ပါတယ်။
မိုးမြင့်သဇင်ဟာ ပရိသတ်တွေကြားမှာ sexy ကျလှတဲ့ မော်ဒယ်တစ်ဦးအဖြစ် ရေပန်းစား လှတဲ့ မော်ဒယ်နွယ်နွယ်ထွန်း ရဲ့ တစ်ဦးတည်းသော အမတစ်ယောက်ပဲဖြစ်ပါတယ်။မိုးမြင့်သဇင်ဟာ ဆိုရင်လည်း ညီမဖြစ်သူနဲ့အပြိုင် လို့ဆိုရလောက်အောင် ဆက်စီ ကျကျဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထား သူလေး တစ်ဦးပါပဲ။
သူမရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် အများဆုံးတင်လေ့ ရှိတာတွေ့ရပါတယ်။ လတ်တလောမှာတော့ သူမရဲ့ အလှတရားတွေနဲ့ အမိုက်စား ရိုက်ကူးထားတဲ့ ကမ်းခြေထက်က sexy ကျကျ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာ တွေ့ရပါတယ်။ကဲ….ချစ် ပရိသတ်ကြီး တွက် မိုးမြင့်သဇင် ရဲ့ အလန်းစား ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit : Moe Myint Thazin Facebook Account
zawgyi