သေလုမြောပါး အခြေအနေ ထိ ရောက်ခဲ့ ပေမယ့် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီဖြစ်တဲ့ ကောင်းထက်ဇော်

Posted on

ကူးစက်မှုတွေတစ်ကျော့ပြန်လည် ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူ အတော်များများလည်း ကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်း ကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေ အထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးရတဲ့ ပြည်သူချစ် အနု ပညာရှင်ကြီးတွေနဲ့ ၄င်းတို့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေလည်း တစ်နေ့တခြားများပြားလာနေပြီး အောက်ဆီဂျင် ပြတ်လပ် မှုတွေကြောင့် အများစုမှာသေဆုံး နေကြရတာတွေ့ရပါတယ်။

MRTV-4, Channel-7ရဲ့ ပင်တိုင်စံ Presenter တစ်ယောက်ဖြစ်တဲ့ ကောင်းထက်ဇော်ဟာလည်း မကြာခင် ရက်ပိုင်း အတွင်းက အောက်ဆီ ဂျင်ကျကာ အရေးပေါ်အခြေအနေ နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဆုတ်ယောင်‌ကာ အသက်ရှူကြပ်ပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့ရ တဲ့အတွက် ညတွင်းချင်း အောက်ဆီဂျင်အိုး အကူအညီတောင်းခံခံ့ရတဲ့ ပို့စ်တွေလည်း လူမှုကွန်ယက် စာမျက်နှာထက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

အခုလိုအရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ရပြီးနောက်မှာတော့ ကောင်းထက်ဇော်ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ လို့သိရပါတယ်။ ဆေးကုသမှုဆက်လက်ခံယူ‌နေပြီး ဆေးရုံဆင်းခွင့်မရေသေးပေမယ့်လည်း ကျန်းမာရေးကောင်းမွန်လာကြောင်းကို ပုံနဲ့တကွ ဆရာတော် တစ်ပါးက ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Myanmarload

zawgyi

ကူးစက္မႈေတြတစ္ေက်ာ့ျပန္လည္ ျဖစ္ေပၚေနတဲ့ ကိုဗစ္ Third waveရဲ႕အရွိန္ေၾကာင့္ ျမန္မာျပည္သူ အေတာ္မ်ားမ်ားလည္း ကူးစက္ခံေနရၿပီး အႏုပညာရွင္အခ်ိဳ႕လည္း ကူးစက္ခံေနရကာ အသက္ဆုံးရႈံးမႈေတြ အထိျဖစ္ေပၚေနတာျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ေသဆုံးရတဲ့ ျပည္သူခ်စ္ အႏု ပညာရွင္ႀကီးေတြနဲ႔ ၄င္းတို႔ရဲ႕ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြလည္း တစ္ေန႔တျခားမ်ားျပားလာေနၿပီး ေအာက္ဆီဂ်င္ ျပတ္လပ္ မႈေတြေၾကာင့္ အမ်ားစုမွာေသဆုံး ေနၾကရတာေတြ႕ရပါတယ္။

MRTV-4, Channel-7ရဲ႕ ပင္တိုင္စံ Presenter တစ္ေယာက္ျဖစ္တဲ့ ေကာင္းထက္ေဇာ္ဟာလည္း မၾကာခင္ ရက္ပိုင္း အတြင္းက ေအာက္ဆီ ဂ်င္က်ကာ အေရးေပၚအေျခအေန နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ အဆုတ္ေယာင္‌ကာ အသက္ရႉၾကပ္ၿပီး အေရးေပၚအေျခအေနျဖစ္ခဲ့ရ တဲ့အတြက္ ညတြင္းခ်င္း ေအာက္ဆီဂ်င္အိုး အကူအညီေတာင္းခံခံ့ရတဲ့ ပို႔စ္ေတြလည္း လူမႈကြန္ယက္ စာမ်က္ႏွာထက္ေတြမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အခုလိုအေရးေပၚအေျခအေနနဲ႔ ႀကဳံခဲ့ရၿပီးေနာက္မွာေတာ့ ေကာင္းထက္ေဇာ္ဟာ က်န္းမာေရးျပန္လည္ေကာင္းမြန္လာၿပီ လို႔သိရပါတယ္။ ေဆးကုသမႈဆက္လက္ခံယူ‌ေနၿပီး ေဆး႐ုံဆင္းခြင့္မေရေသးေပမယ့္လည္း က်န္းမာေရးေကာင္းမြန္လာေၾကာင္းကို ပုံနဲ႔တကြ ဆရာေတာ္ တစ္ပါးက ပရိသတ္ေတြကို အသိေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြ အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *