သေင်္ဘာသီး စားခြင်း မှ ရရှိနိူင်မယ့် အံ့ဖွယ် အကျိုး ကျေးဇူးများ”

Posted on

မရေမတွက် နိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောသီးဟာ များများ စားသုံးသင့် တဲ့ သစ်သီးထဲကတစ်ခု ဖြစ်ပါတယ် ။ ပြင်းထန်တဲ့ ရောဂါများစွာ ကာကွယ်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင်းတို့နဲ့ အာနိသင်ဖြည့် ထားပါ တယ်။

ခန္ဓာကိုယ်မှာ နေ့စဉ် လိုအပ်တဲ့ မရှိမဖြစ် အာဟာရတွေ ပေါများ စွာပါ ရှိတယ်။ သင်္ဘောသီးမှာ အမျှင်ဓာတ်၊ ကြေးနီ၊ ဖိုးလ်လိပ်(ဗီတာမင်-ဘီ)၊ပင်နီသိုးနစ်(ခ်)အက်ဆစ်(ဗီတာမင်-B5) တစ်နည်းအားဖြင့် ရေပျော်ဝင်စေနိုင်တဲ့ ဗီတာမင်၊ မက်ဂနီဆီယမ်၊ ဗီတာမင်-အေ၊ စီ၊ ရီဘိုဖလားဗင်း နဲ့ သားမင်းတို့ ပါဝင်ပါတယ်။

သင်္ဘောသီးစားခြင်းဖြင့် ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့

၁။ ကိုယ်တွင်း ခုခံအား စနစ်ကောင်းမွန် စေခြင်း

၂။ မျက်စိကျန်းမားစေခြင်း

၃။ ကင်ဆာရောဂါကင်းဝေးစေခြင်း

၄။ အသားရေကျန်းမာနုပျိုစေခြင်း

၅။ အစာခြေမှုစနစ်ကောင်းမွန်စေခြင်း

၆။ ဆံပင်ကြီးထွားမှု လျင်မြန်စေခြင်း

၇။ ရာသီမီးယပ်ဝေဒနာကိုက်ခဲမှု သက်သာစေခြင်း

၈။ ကိုယ်အလေးချိန် ကျစေတဲ့ သစ်သီးတစ်မျိုး လည်းဖြစ်ပါတယ်။

အဓိကကောင်းကျိုး ကတော့ မျက်စိအားကောင်းစေပြီး ဝမ်းမှန်စေတာ ပါပဲ။ သင်္ဘောသီးမှ ည့်စားရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ကတော့-

၁။ အသားအရေကို လှပါစေပါတယ်

သဘောင်္သီးမှာ ပါဝင်တဲ့ များစွာသော ဓာတ်သဘာဝတွေဟာ အသားအရေကို လှပစေပီး အရွယ်တင်နုပျိုမှုကိုလည်း ထိန်းသိမ်းပေးနိုင်စွမ် းရှိပါတယ် ။

၂။ ကိုယ်လေးချိန်ကို လျော့ချပေးနိုင်

သဘောင်္သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်စီ တွေက ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သဘောင်္သီး မှည့်စားသုံးခြင်းဟာ ခန္ဓာကိုယ် အလေးချိန် လျှော့ချနေသူများအဖို့ကောင်းစွာသင့်တော်ပြီး ဗိုက်ဆာလောင်မှု ကိုလည်း အချိန်အတန်ကြာ ထိန်းထားပေးနိုင် ပါတယ်။

၃။ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် သင့်တော်ပါတယ်

သဘောင်္သီးမှည့်ရဲ့ အရသာဟာ ချိုတယ်ဆိုပေမယ့်သဘောင်္သီးမှည့်ထဲမှာ သကြားဓာတ်ပါဝင်မှု နှုန်းက နည်းပါးပါတယ်။ ဒါကြောင့်မို့လို့ သဘောင်္သီးမှည့်ကို ဆီးချိုရောဂါ ဝေဒနာရှင်များ အထူးတလည်ရှောင်ရှားနေစရာမလိုတဲ့ အပြင် အခြားသော ဗီတာမင်ဓာတ်တွေက ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ဆင့်ကဲရောဂါများကိုတောင်ဟန့် တားကာကွယ်နိုင်တယ်လို့ ဆေးပညာရှင်များက ညွှန်းဆိုကြပါတယ်။

၄။ ဝမ်းချုပ်ရင်စား

သဘောင်္သီးမှည့် ခပ်ပျော့ပျော့က ဓာတ်ချုပ် ဝမ်းချုပ် နေသူများ အတွက်တော့ ဆေးတစ်လက်ပါပဲ။ ပုံမှန်အားဖြင့် အစာချေဖျက်မှု အားနည်းတာကြောင့် ဝမ်းချုပ်နေသူများ သဘောင်္သီးမှည့်ကို စားပေးခြင်းဖြင့်အစာချေဖျက် မှုကို အားကောင်းစေပြီး ဝမ်းကိုလည်းအေးမြစေ ပါတယ်။

၅။ ကိုယ်ခံအားကောင်းစေ

သဘောင်္သီးမှည့်မှာ ပါဝင်နေတဲ့ ဗီတာမင်စီ ဓာတ်ကကိုယ်ခံအားကျဆင်းမှုမှ တားဆီးကာကွယ်ပေးပါတယ်ကိုယ်ခံအားကောင်းမွန်နေပြီ ဆိုရင်တော့ ပြင်ပမှ ရောဂါဘယ များကူး စက်ဝင်ရောက်လာ မှုကို အကောင်းဆုံး ခုခံပေးနိုင် ပါတယ်။ ဗီတာမင် စီ က ကိုယ်ခံအားကောင်းမွန်ဖို့အတွက်အကောင်းဆုံးဖြည့်တင်းပေးနိုင် ပါတယ် ။

၆။ အဆစ်အမြစ်ရောင်ရမ်းခြင်းမှကာကွယ်

အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းဟာ ခန္ဓာကိုယ်တွင်း ဗီတာမင်စီ ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်သဘောင်္သီးမှာ ဗီတာမင် စီ အပြည့်အ၀ ပါဝင်တာကြောင့် အဆစ်အမြစ် ရောင်ရမ်းနေသူတွေအတွက် သဘောင်္သီးမှည့်စားသုံးခြင်းကြောင့် အဆိုပါ ရောဂါမှ သက်သာစေနိုင် ပါတယ် ဒါ့အပြင် ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန် ပါတယ်။

၇။ စိတ်ဖိစီးမှုတွေကို လျော့စေ

လုပ်ငန်းခွင်အတွင်း ဖြစ်စေ၊ စာသင်ခန်းအတွင်း ဖြစ်စေ ကိုယ်လက် လှုပ်ရှားမှု များလွန်းလို့ မအီမသာဖြစ်လို့ပဲ ဖြစ်စေ သဘောင်္သီးမှည့် ချိုချိုအေးအေးလေးကို စားသုံးကြည့် လိုက်ပါ

ချိုမွှေးတဲ့ အရသာ၊ အေးမြတဲ့ ခံစားမှုကြောင့် စိတ်ဖိစီး ညိုးနွမ်းမှုတွေ ပြေပျောက်စေပြီ းတက်ကြွ လန်းဆန်းစေ ပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *