သူ နဲ့ သားလေး ရဲ့ငယ်စဉ် ကလေးဘဝတုန်း က ထူးဆန်းစွာ တိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်လေး ကို ပြောပြလာတဲ့ ရန်ရန်ချန်း

Posted on

ခုဆိုရင်မြန်မာနိုင်ငံရဲ့လုထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းလာ တာတာ နဲ့အမျှ ပြည်သူတွေရဲ့ အသက်အဆုံးအရှုံးမှုတွေလည်း များစွာထွက်ပေါ်လျက်ရှိပါတယ်။အသက်ပေးသွားကြတဲ့ လူငယ်အများစုကိုလည်း အားလုံးကနှမျောတသဖြစ်ကာ ဝမ်းနည်းကြေကွဲကြသလို သူတို့ကွယ်လွန်ခဲ့တဲ့ နေရာလေးတွေမှာ ပန်းလေးတွေချရင်း ဝမ်းနည်းကြောင့် ထုတ်ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေကပဲ တစ်ကမ္ဘာလုံးကလူသားတွေရဲ့ရင်ကိုရိုက်ခတ်ခဲ့တာအမှန်ပါပဲ ။

ဒီလိုအဆုံးအရှုံးတွေကြားကနေပဲ ပြည်သူအားလုံးကနောက် မဆုတ်ဘဲ ရှေ့ဆက် တိုးကာ ရဲရဲဝင့်ဝင့်လှုပ်ရှားမှုတွေမှာပါဝင်နေကြတာလည်းဖြစ်ပါတယ်။ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေကိုလည်း နီးစပ်ရာပြည်သူတွေက တတ်နိုင် သလောက် အကူအညီထောက်ပံ့မှုတွေများစွာပေးကာ စည်းလုံးညီညွတ်ခဲ့ကြတာကလည်း တကယ်ကို ကြည်သီးထစရာပါပဲ ။

အနုပညာရှင်များစွာဟာဆိုရင်လည်း ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း မမုဘဲ ဒီလှုပ်ရှားမှုတွေမှာပြည်သူနဲ့အတူ အားတက်သရောပါဝင်ခဲ့တာလည်းဒီနေ့ဒီချိန်ထိပါပဲ။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် အဆိုတော်ရန်ရန်ချန်းလည်းအပါအဝင်ပါပဲနော်။အခုလည်း ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သူရဲ့ငယ်စဉ်ကဖြစ်စဉ်နဲ့သားလေးရဲ့ခုဖြစ်စဉ်တိုက်ဆိုင်စွာရှိနေမှုကိုခုလိုရေးသားပြောပြလာတာဖြစ်ပါတယ်။” ဘဝကသိပ်ထူးဆန်းတယ်……ကျွန်တော်၄တန်းကျောင်းသားအရွယ်မှာ ၈၈၈၈ အရေးအခင်းဖြစ်တယ်…….ခုကျွန်တော့်သားလာမဲ့နှစ်၄တန်းတက်ရမဲ့အရွယ် မှာ ၂၂၂၂၂ အရေးအခင်းလာဖြစ်တယ်…….အဲ့ဒီတုန်းကလည်းခုလိုပဲဗိုလ်အောင်ကျော်လမ်းကြီး ပိတ်ထားတယ်။နောက်ထပ်ကျွန်တော်တို့ဖြတ်သန်းခဲ့ရသလိုတွေတော့လာမတူစေချင်တော့ဘူး…….”ဆိုတဲ့အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Yan Yan Chann Facebook Page

zawgyi

ခုဆိုရင္ျမန္မာႏိုင္ငံရဲ႕လုထုလႈပ္ရွားမႈႀကီးဟာ အရွိန္အဟုန္ေကာင္းလာ တာတာ နဲ႔အမွ် ျပည္သူေတြရဲ႕ အသက္အဆုံးအရႈံးမႈေတြလည္း မ်ားစြာထြက္ေပၚလ်က္ရွိပါတယ္။အသက္ေပးသြားၾကတဲ့ လူငယ္အမ်ားစုကိုလည္း အားလုံးကႏွေမ်ာတသျဖစ္ကာ ဝမ္းနည္းေၾကကြဲၾကသလို သူတို႔ကြယ္လြန္ခဲ့တဲ့ ေနရာေလးေတြမွာ ပန္းေလးေတြခ်ရင္း ဝမ္းနည္းေၾကာင့္ ထုတ္ေဖာ္ျပခဲ့ၾကတာလည္းျဖစ္ပါတယ္။ ဒီပုံရိပ္ေလးေတြကပဲ တစ္ကမာၻလုံးကလူသားေတြရဲ႕ရင္ကို႐ိုက္ခတ္ခဲ့တာအမွန္ပါပဲ ။

ဒီလိုအဆုံးအရႈံးေတြၾကားကေနပဲ ျပည္သူအားလုံးကေနာက္ မဆုတ္ဘဲ ေရွ႕ဆက္ တိုးကာ ရဲရဲဝင့္ဝင့္လႈပ္ရွားမႈေတြမွာပါဝင္ေနၾကတာလည္းျဖစ္ပါတယ္။ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြကိုလည္း နီးစပ္ရာျပည္သူေတြက တတ္ႏိုင္ သေလာက္ အကူအညီေထာက္ပံ့မႈေတြမ်ားစြာေပးကာ စည္းလုံးညီၫြတ္ခဲ့ၾကတာကလည္း တကယ္ကို ၾကည္သီးထစရာပါပဲ ။

အႏုပညာရွင္မ်ားစြာဟာဆိုရင္လည္း ၿခိမ္းေျခာက္မႈေတြ ရွိေနေပမယ့္လည္း မမုဘဲ ဒီလႈပ္ရွားမႈေတြမွာျပည္သူနဲ႔အတူ အားတက္သေရာပါဝင္ခဲ့တာလည္းဒီေန႔ဒီခ်ိန္ထိပါပဲ။ဒီလိုအႏုပညာရွင္ေတြထဲမွာဆိုရင္ အဆိုေတာ္ရန္ရန္ခ်န္းလည္းအပါအဝင္ပါပဲေနာ္။အခုလည္း ဒီလႈပ္ရွားမႈေတြနဲ႔ပတ္သက္ၿပီး သူရဲ႕ငယ္စဥ္ကျဖစ္စဥ္နဲ႔သားေလးရဲ႕ခုျဖစ္စဥ္တိုက္ဆိုင္စြာရွိေနမႈကိုခုလိုေရးသားေျပာျပလာတာျဖစ္ပါတယ္။” ဘဝကသိပ္ထူးဆန္းတယ္……ကြၽန္ေတာ္၄တန္းေက်ာင္းသားအ႐ြယ္မွာ ၈၈၈၈ အေရးအခင္းျဖစ္တယ္…….ခုကြၽန္ေတာ့္သားလာမဲ့ႏွစ္၄တန္းတက္ရမဲ့အ႐ြယ္ မွာ ၂၂၂၂၂ အေရးအခင္းလာျဖစ္တယ္…….အဲ့ဒီတုန္းကလည္းခုလိုပဲဗိုလ္ေအာင္ေက်ာ္လမ္းႀကီး ပိတ္ထားတယ္။ေနာက္ထပ္ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့ရသလိုေတြေတာ့လာမတူေစခ်င္ေတာ့ဘူး…….”ဆိုတဲ့အေၾကာင္းေလးပဲျဖစ္ရာ ပရိသတ္ႀကီးလည္း ၾကည့္ရႈႏိုင္ေစရန္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Yan Yan Chann Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *