သူ့ကို သတ်ဖို့ လိုရင် အချိန်မရွေး လာနိုင်ကြောင်းနဲ့ တိုင်းပြည် ကိုတော့ နစ်နာအောင် မလုပ်ဖို့ ပြတ်သားစွာ ပြောလိုက်တဲ့ မင်းမော်ကွန်း

Posted on

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူ တွေ နဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေ နဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲနော် ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင် မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ပါတယ်။

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ နှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင် နေရတာလည်းဖြစ်ပါတယ်။ ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့ လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူ ပြည်သူတွေ ခွန်အား ဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေးနေဆဲပါ။

အခုလည်း သူ့ကို သတ်ဖို့လိုအပ်ရင် အချိန်မရွေးလာသတ်နိုင်ကြောင်းနဲ့ ပြည်သူတွေအားလုံး ချစ်တဲ့ တိုင်းပြည်ကြီးကိုတော့ နစ်နာအောင် မလုပ်ဖို့ ခုလို စာလေးရေးကာဝေမျှလာပါတယ်။ ” ငါ့ကိုသတ်ဖို့လိုအပ်ရင် အချိန်မရွေးသာလာခဲ့သူငယ်ခြင်း ဒါပေမယ့်ငါတို့ချစ်တဲ့တိုင်းပြည်ကို နစ်နာရအောင်မင်း ပြန်မသတ်ပါနဲ့တော့” ဆိုပြီး ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မင်းမော်ကွန်းလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account

zawgyi

လတ္တေလာ ျမန္မာႏိုင္ငံရဲ႕ ဒီမီုကေရစီအေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူ ေတြ နဲ႔အတူ အႏုပညာရွင္မ်ားစြာကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ ဒီလို ျပည္သူေတြ နဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းလည္း အပါအဝင္ပါပဲေနာ္ ။ မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္ မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ႕ အနာဂတ္ အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့ပါတယ္။

မင္းေမာ္ကြန္းကေတာ့ ကိုယ္တိုင္လည္း လမ္းမထြက္ကာ လႈပ္ရွားမႈေတြမွာ စိတ္ေရာကိုယ္ပါ ႏွစ္ၿပီး ပါဝင္သလို ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကိုလည္း စာနာ နားလည္မႈေလးေတြနဲ႔ အတူ ေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူ႔အေနနဲ႔ ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနတာေၾကာင့္ ခုဆို မိသားစုနဲ႔ ခြဲခြာကာ တိမ္းေရွာင္ ေနရတာလည္းျဖစ္ပါတယ္။ ဒီလို တိမ္းေရွာင္ေနရတဲ့ အခ်ိန္ေတြမွာေတာင္ သူ႔ရဲ႕ လူမႈကြန္ယက္ကေနၿပီး သတင္းအခ်က္အလက္ေတြနဲ႔အတူ ျပည္သူေတြ ခြန္အား ျဖစ္ေစမယ့္ စာေလးေတြကို ေဝမွ်ေပးေနဆဲပါ။

အခုလည္း သူ႔ကို သတ္ဖို႔လိုအပ္ရင္ အခ်ိန္မေ႐ြးလာသတ္ႏိုင္ေၾကာင္းနဲ႔ ျပည္သူေတြအားလုံး ခ်စ္တဲ့ တိုင္းျပည္ႀကီးကိုေတာ့ နစ္နာေအာင္ မလုပ္ဖို႔ ခုလို စာေလးေရးကာေဝမွ်လာပါတယ္။ ” ငါ့ကိုသတ္ဖို႔လိုအပ္ရင္ အခ်ိန္မေ႐ြးသာလာခဲ့သူငယ္ျခင္း ဒါေပမယ့္ငါတို႔ခ်စ္တဲ့တိုင္းျပည္ကို နစ္နာရေအာင္မင္း ျပန္မသတ္ပါနဲ႔ေတာ့” ဆိုၿပီး ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း မင္းေမာ္ကြန္းလည္း ေဘးအႏၲရာယ္ ကင္းရွင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *