သူ့ကို ဒလံကြီး ကိုယ့်ကား ကိုယ် မီးပြန် ရှို့တယ် ဆိုပြီး ပြောနေကြတဲ့ သူတွေကို ပေါက်ကွဲစွာ နဲ့ ပြန် လည် တုန့်ပြန်လိုက်တဲ့ ယုန်လေး

Posted on

ပရိတ်သတ်ကြီးရေ.. အဆိုတော်ယုန်လးဟာဆိုရင် တေးသီချင်း များစွာကို သီဆိုခဲ့တဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ယုန်လေးဟာဆိုရင် စစ်တပ်မှကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာသွားရောက်ဖျော်ဖြေခဲ့တဲ့ အတွက် ပရိတ်သတ်တွေ အကြီးအကျယ်ပေါက်ကွဲပြီး ဒေါသထွက် သည်အထိ ယုန်လေးကို စိတ်ဆိုး နေကြတာပဲဖြစ်ပါတယ်နော်…။

ပီးခဲ့တဲ့ရက်ပိုင်မှာလည်း ယုန်လေးရဲ့ကားကိုမီးရှို့ခြင်းခံခဲ့ရပါတယ် ။အဲ့ဒီအဖြစ်အပျက် နဲ့ပတ် သက်ပီး ယုန်လေးက အခုလိုပဲ ပေါက်ကွဲစွာနဲ့ပြန်လည်တုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ ယုန်လေးက ” အခု မှ လိုင်းရတဲ့ နေရာရောက်လို့ပါ ဒလံ ဆိုတဲ့ စကားအဓိပ္ပါယ်ကို သေချာ နားလည်နိုင်ပါစေ . အရင်ထဲက မကျေနပ် တာတွေ နဲ့ ရော ပြီး ဒလံ ဆိုတာနဲ့ မရောထွေးပြစ်ပါနဲ့ .

ဒီနေ့ ဒီချိန်ထိ သူတပါးကို ဒုက္ခရောက် အောင် မလုပ်ဖူးပါဘူး .ဒုက္ခရောက်နေတဲ့ လူတွေ ကိုသာ သူတို့ ဒုက္ခတွေကို ဖြေရှင်းပေးခဲ့တာပါ .ကျွန်တော် ကူညီပေးခဲ့တဲ့ လူတွေပါအဖြေတစ်ခု ဖြစ်စဉ်ကို သေချာ မသိပဲ ဆဲနေတာတွေ မြင်တော့ စိတ်မကောင်းပါဘူး .ဒီလောက်ပါပဲ . ကလဲ့စားချေတယ် ဆိုတာ ဘဝ မှာ မရှိခဲ့ဘူးပါ . နောက်လည်း မရှိပါ .အရင်ထဲကလည်း ကူတယ် ကယ်တယ် ဒီ အလုပ်ပဲ လုပ်နေတာ အခုလည်း ကူတယ်ကယ်တယ် . ဒါပဲ လုပ်တာပါ .အနုပညာ သမားတွေ နဲ့ ပက်သက်ပြီး နောက် Post တင်ပါမယ် .

ကားကိစ္စ ပြောချင်ပါတယ် .အာမခံ မထားထား တဲ့ အမှားက အဆိုးထဲက အကောင်းဖြစ်လာတယ် .ဆုံးရူံးတာ ကျွန်တော်ပါ .ကျွန်တော် ကိုယ့်ကားကို ကိုယ်တိုင်ရိူ့တယ် လို့ထပ်စွတ်စွဲတယ် . သိန်း ၂၀၀ နဲ့ ပေါင်ထားတယ် ထပ်ပြောတယ် .လူတွေ အကုသိုလ် နဲ့ စိတ်ဓာတ်တွေ အခြေနေတွေတော်တော် ဆိုးသွားပြီ ကျွန်တော် OG 2 က ရတဲ့ ရုံဝင်ကြေး နဲ့ ဝယ်ထားတဲ့ ကား ဘဝ ပြန်စတဲ့ အချိန် ပြန်ဝယ်နိုင်တဲ့ ကား ကျွန်တော် တန်ဖိုး ထားတဲ့ ကား ဘယ်လောက် ပေးပေးမရောင်းဘူး .ကျွန်တော် ပြန်ရိူ့ပါ့ မလား .

သိန်း ၂၀၀ နဲ့ ပေါင်ပြီး အပေါင်ဆုံး ချင်တယ်လို့ ပြောရအောင်လည်း သိန်း ၂၀၀ မက တန် ပါတယ် .မီးရို့ စရာရောလိုလိုလား . ကျွန်တော် အနုပညာ သမားပါ . ကျွန်တော် ကို Show ဌားလို့ ဆိုတယ် .ပြီးတော့ ကိုယ့်လူတွေကို ကူကယ်တဲ့ ကိစ္စတွေ လုပ်နေလို့ ဆိုပါတယ် . ဒါပါပဲ . ဝဠ်ကြွေး များရှိခဲ့ရင် ဒီ ဘဝ ဒီမှာတင်ကြေပါစေ.ကိုယ်စိတ်ကိုယ်သန့်တယ် .ကိုယ်စေတနာ ကိုယ် အကျိုးပေး မယ်လို့ ယုံကြည်ပါတယ် .” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာပဲဖြစ်ပါတယ်နော်…။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source ; Yone Lay’s Facebook acc

Credit ; Famous Stars

Leave a Reply

Your email address will not be published. Required fields are marked *