“သူ့ကို တံခါးသော့ခတ်ပြီး ပေးမသွားအောင် လုပ်လို့ ရတယ်။ ဒါပေမယ့် နောင်တစ်ချိန် မှာ သူ့ကို အဲ့လို လုပ်ရပ်တွေကြောင့် အဖေလို့ မသတ်မှတ်မှာ စိုးရိမ်လို့” တဲ့ 💔💔💔သူလိုအဖေမျိုး ❤️💔 အဲ့နေ့ကခန့်မှန်းခြေ ၁၂နာရီ ကျော်လောက်ဖြစ်သွားပြီ။ သူမသွားတော့ဘူး လို့ ကျနော်ထင်နေတာ။
ကျနော် တံခါးတွေလဲပိတ်ထားတယ်။ စိတ်မချလို့ ငါ့သားအိမ်ပေါ်မှာ ဘာလုပ်နေလဲလို့ ကျနော် တတ် ကြည့်တယ်။
တက်ကြည့်တဲ့အခါမှာ သူ့နေရာမှာပဲ သူဖုန်းကိုင်နေတယ်။အဲ့တာနဲ့ ဪ စိတ်ချသွားပြီ ငါ့သား မသွားတော့ဘူး ဆိုပြီး ကျနော်ပြန်ဆင်းလာပြီးအလုပ်လုပ်နေတယ်။အိမ်နောက်ဘေးမှာ တံခါးဂျက်လေးက မကောင်းလို့ ကျနော်က တံခါးဂျက်လေးကို ပြင်နေတယ်။
အာရုံနည်းနည်း စိုက်နေတဲ့အချိန်မှာ သူကဘယ်အချိန်ဆင်းလာမှန်းမသိဘူး။ သူတိုးတိုးလေးဆင်းလာပြီးတော့ တံခါးကို ဖွင့်ပြီးထွက်သွားတာ။ကျနော်အဲ့ချိန်ထိမသိသေးဘူး သူထွက်သွားတာမသိသေးဘူး။ကျနော် သူ အိမ်ပေါ်မှာဘဲ ရှိနေတယ်ထင်တာ။ကျနော်အောက်မှာပဲ အလုပ်တွေ ဆက်လုပ်နေတယ်။
ပထမဆုံးကလေးတွေကျသွားပြီဆိုတဲ့သတင်းကို ကြားရတယ်။ကလေးတွေပြေးလာတယ်။ လမ်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။အဲ့အချိန်မှာ တစ်ယောက်ကျသွားတယ်ဆိုတဲ့အသံကို ကျနော်ကြားလိုက်ရတယ်။ဒါပေမယ့် ကျနော့်သားလို့ ကျနော် လုံးဝမထင်ခဲ့ဘူး။(အသံဆို့နစ်သွားသည်။)
လမ်းတွေကလည်း အဲ့အချိန်မှာ အကုန်ပိတ်သွားတော့ နောက်ဆုံးကျနော် အိမ်ကိုရောက်အောင်ပြန်လာတယ်။ ထမင်းစားနေတဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ်။ အမှန်တကယ်တော့ ကျနော့်သားဟာ အဲ့ကားထဲမှာပါနေတာ။ ကျနော့်အိမ်ရှေ့မှာဘဲဗျာ။ ကျနော်မခံစားနိုင်အောင်…
ကျနော်လက်တောင်မဆေးဘူး…ဘယ်သူလဲပေါ့..။မခံမရပ်နိုင်ဗျာ….။ ဒါမျိုးဖြစ်နေတာ ကျနော်တို့အသည်းတွေနာတယ်ဗျာ။ကျနော်တို့ဗမာပြည်က။ ကျနော်ကတော့ ဗမာပြည်မာမွေးတဲ့ တရုတ်လူမျိုးပါ။ ကျနော်လည်းထွက်ကြည့်တယ်။ တစ်ခုခုလေးများဖြစ်ရင် ကျနော်ကူညီလို့ရအောင်လို့ပေါ့ဗျာ။
ထွက်ကြည့်တဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ဝေါခနဲ ရှေ့မှာ လူနာတင်ကား။ နောက်မှာက ရဲကားပါတယ်။ အမတစ်ယောက်ကတော့ ငါ့ညီမကို ဘာလို့ဖမ်းသွားတာလဲ ဘာလို့ဖမ်းသွားတာလဲ
တကယ်တော့ အဲ့ ငါ့ညီမလေးကိုဘာလို့ဖမ်းသွားတာလဲ ဘာလို့ဖမ်းသွားတာလဲဆိုတဲ့ အဲ့သမီးလေး က သားအပစ်ခံရပြီး အဲ့လိုလဲနေတဲ့အချိန်မှာ သားရှေ့မှာ ဒိုင်းထောင်နေတာတဲ့ဗျာ။သူက မွေးရာပါ နားအရမ်းလေးတယ်။ နားလေးနေတဲ့သမီးလေးပါ။ကျနော်တို့အနောက်ရပ်ကွက်မှာပဲနေတယ်လို့ပြောတယ်။အဲ့ဒီသမီးလေးကိုလည်းဗျာ…။ ကျနော်အဲ့ဒီ videoဖိုင်တွေကိုလည်း ရင်ထဲမှာ မခံနိုင်လို့ ဒီနေ့ချိန်ထိ ကျနော်မကြည့်ခဲ့ပါဘူး။ ကျနော့်သားဖြစ်နေတော့ ကျနော်မခံနိုင်ဘူး။ ကျနော်သားဖြစ်နေတဲ့အချိန်မှာ ကျနော် အဲ့ဒီပတ်ချာလည်မှာ ကျနော့်သားကိုလိုက်ရှာနေတဲ့အချိန်ဗျ။
ကျနော့်သားလေးက ဖြစ်သွားတာ အရမ်းငယ်တယ်။ အရမ်းလည်းနုငယ်တယ်။သူ့ရင်ထဲမှာဖြစ်နေတဲ့အရောင်အဆိုးခံထားရ တယ်ဆိုတဲ့ သူမကြာခဏပြောတဲ့စကားကို ကျနော်မဆန့်ကျင်နိုင်ခဲ့ဘူး။
သူ့ကိုကျနော်အမှန်တကယ်သော့ခတ်ပြီးတော့ အိမ်ထဲမှာထည့်ထားလို့ ရတယ် ဒါပေမယ့် အခုခေတ်လူငယ်တွေဗျာ ကျနော်လုပ်ရက်မလား မလုပ်ရက်ပါဘူး။
သူတို့အနာဂတ်ကို သူတို့တောင်းဆိုနေတာဗျာ လွတ်လွတ်လပ်လပ်တောင်းဆိုနေတာကို ကျနော်မိဘတစ်ယောက်အနေနဲ့ ကျနော့်သားရဲ့ ခံယူချက်ကိုကျနော်မလုပ်ရက်ဘူးဗျာ။
ကျနော်သူ့ကို ဆန့်ကျင်ဘက်မလုပ်ရက်ခဲ့ဘူးဗျာ။ကျနော်ဆန့်ကျင်ဘက်လုပ်ခဲ့ရင် ကျနော်ဟာ သူ့အဖေမဖြစ်နိုင်တော့ဘူးထင်တယ်။သူကျနော့်ကိုအဖေလို့သတ်မှတ်မှာမဟုတ်ဘူး ကျနော်သိတယ်။သူ ကျနော့်ကိုအရမ်းချစ်ပါတယ် ကျနော်သိတယ်။ ကြေကွဲစွာ ပြောသွားပါတယ်။
ဦးသိန်းဇော် မောင်ခန့်ငြားဟိန်းရဲ့ဖခင် ထပ်တူ ကြေကွဲ ခံးစားရတယ် ဦးလေးရယ် ပြန်မရနိူင်တဲ့ သားရတနာလေး လုံးဝ ဆုံးရှုံးလိုက်ရတဲ့ ဖခင် တယောက်ရဲ့ မျက်ရည် ထပ်တူကျခဲ့ပါတယ် ဦးလေးတို့ မိသားစု အားတင်းပီး လက်ကျန်ဘဝလေးမှာ အေးချမ်းစွာ နေထိုင်နိူင်ပါစေ 😢💪❤
အရမ်းကို ဝမ်းနည်း ကြေကွဲရပါတယ် ဆက်ပြီးတောင် မကြည့်ရက် ပါဘူး မိဘ တစ်ယောက်ကဲ့ သောကတွေကို ခံစားမိပါတယ် လူတစ်စုရဲ့ အာဏာမက်မှုတွေကြောင့် အပစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက်ထပ်ပေးကြဦးမှာလဲ
ဘယ်လိုတောင် ဖြေသိမ့်ရမလဲတောင်မသိတော့ဘူး ဘယ်သူတွေက အသက်ပေး ကျဆုံးတာဖြစ်ဖြစ် ဘယ်သူကအဖမ်းခံနေရပါစေ မတရားစွာခံနေရတာ မြင်ရတာတောင် ကိုယ့်မိသားစု တစ်ယောက်ယောက်ဖြစ်သွားသလိုမျိုး ဖြစ်သွားပါလားဆိုတာ ခံစားချက်က ရင်နဲ့မဆံ့အောင် ခံစားရပါတယ်
အရေးတော်ပုံအောင်ရမည် ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမည်
kyi yan