သူရဲ့ နှလုံးသား ထဲ မှာ မြန်မာအတွက် နေရာ အလွတ် အမြဲရှိပြီးသား လို့ ဆိုကာ လွမ်းနေကြောင်း ပြောလာတဲ့ SINON

Posted on

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော် ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင် အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ ။ Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေလည်း လုပ်တတ် ပါသေးတယ်။ လမ်းမှာတွေ့တဲ့ ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။ စိတ်ထားဖြူစင်ပြီး အလုပ်ကြိုးစားသလို ပျော်ပျော်လည်း နေတတ်ပါသေးတယ်။ ဆယ်လက်မ ဒေါက်ဖိနပ်နဲ့ အလန်းစားပုံရိပ်တွေကတော့ Sinon ကို လူသိပိုများ စေခဲ့တဲ့ အဓိကအကြောင်းအရင်းပါပဲ။

ဒါ့အပြင် ဖော်ရွေပြီး အပြောအဆိုချိုသာတဲ့အပြင် မြန်မာပြည် ကိုလည်း အရမ်းချစ်သူပါ။ ငယ်စဉ်ကတည်းက အိမ်ယာမဲ့တစ်ယောက်အဖြစ်ကြီးပြင်းခဲ့တာကြောင့် အိမ်ယာမဲ့ ကလေးငယ်တွေရဲ့ဘဝကိုစာနာပြီး ဖေးမဖို့ကြိုးစားပေးသူတစ်ယောက်ပါ။ ပရဟိတလုပ်ငန်းတွေ ကိုလည်း တတ်နိုင်တဲ့ဖက်က အမြဲတမ်းလုပ်ပေးနေခဲ့ပါတယ်။ မြန်မာတို့ရဲ့ အထိမ်းအမှတ်နေ့တွေဆိုလည်း အမြဲတမ်းအလှူတစ်ခုလုပ်ပေးလေ့ရှိပါတယ်။ လတ်တလောအခြေအနေတွေကြောင့် ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ရပေမယ့် မြန်မာပရိသတ်တွေနဲ့ အတူ အမြဲရှိတဲ့အကြောင်း သူ့ရဲ့ Facebook စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။

မြန်မာပြည်ကထွက်ခွာပြီး ဖိလစ်ပိုင်ကိုရောက်တဲ့ အထိတောင် သံပုံးတီး တာတွေ ပြုလုပ်ခဲ့သလို သူလည်ပတ်ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ လည်း မြန်မာအလံကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ပေးခဲ့တဲ့ အထိကို မြန်မာ့အရေးမှာ စွမ်းစွမ်းတမံကူညီပေးခဲ့သူပါ။ဒါကြောင့်လည်း Sinon ကို မြန်မာပြည်သူ ပြည်သားတွေက ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း မြန်မာနိုင်ငံအတွက် သူရဲ့ ရင်ထဲမှာ နေရာအလွတ် အမြဲရှိနေပြီး သတိရနေကြောင်းကို ” ငါ့ နှလုံးသား ထဲမှာ မြန်မာအတွက် နေရာလွတ် က အမြဲရှိပြီးသား အရမ်းလွမ်းတယ် မြန်မာ” ဆိုကာ ရေးသား ဖော်ပြလာခဲ့ပါတယ်။ မြန်မာပြည်ကို ချစ်တဲ့ Sinon ကို မြန်မာပြည်သူတွေကလည်း အများကြီးချစ်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Source & Photo Credit : Sinon Loresca Facebook Page

zawgyi

zawgyi

Sinon Loresca ကေတာ့ Cat Walk King အျဖစ္ ထင္ရွားေက်ာ္ ၾကားသလို ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ အျဖစ္လည္း ေအာင္ျမင္ေနသူတစ္ေယာက္ပါ ။ Sinon က ျမန္မာႏိုင္ငံကိုသာမက ႐ိုးသားတဲ့ ျပည္သူေတြကိုပါ ခ်စ္ခင္ၿပီး မၾကာခဏဆိုသလို အလႉအတန္းေတြလည္း လုပ္တတ္ ပါေသးတယ္။ လမ္းမွာေတြ႕တဲ့ ခ်ိဳ႕တဲ့သူေတြကိုလည္း ကာလဒါနေလးေတြလုပ္တတ္တာေၾကာင့္ ပရိသတ္ေတြကခ်စ္ခင္အားေပးၾကပါတယ္။ စိတ္ထားျဖဴစင္ၿပီး အလုပ္ႀကိဳးစားသလို ေပ်ာ္ေပ်ာ္လည္း ေနတတ္ပါေသးတယ္။ ဆယ္လက္မ ေဒါက္ဖိနပ္နဲ႔ အလန္းစားပုံရိပ္ေတြကေတာ့ Sinon ကို လူသိပိုမ်ား ေစခဲ့တဲ့ အဓိကအေၾကာင္းအရင္းပါပဲ။

ဒါ့အျပင္ ေဖာ္ေ႐ြၿပီး အေျပာအဆိုခ်ိဳသာတဲ့အျပင္ ျမန္မာျပည္ ကိုလည္း အရမ္းခ်စ္သူပါ။ ငယ္စဥ္ကတည္းက အိမ္ယာမဲ့တစ္ေယာက္အျဖစ္ႀကီးျပင္းခဲ့တာေၾကာင့္ အိမ္ယာမဲ့ ကေလးငယ္ေတြရဲ႕ဘဝကိုစာနာၿပီး ေဖးမဖို႔ႀကိဳးစားေပးသူတစ္ေယာက္ပါ။ ပရဟိတလုပ္ငန္းေတြ ကိုလည္း တတ္ႏိုင္တဲ့ဖက္က အၿမဲတမ္းလုပ္ေပးေနခဲ့ပါတယ္။ ျမန္မာတို႔ရဲ႕ အထိမ္းအမွတ္ေန႔ေတြဆိုလည္း အၿမဲတမ္းအလႉတစ္ခုလုပ္ေပးေလ့ရွိပါတယ္။ လတ္တေလာအေျခအေနေတြေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံကို ျပန္သြားခဲ့ရေပမယ့္ ျမန္မာပရိသတ္ေတြနဲ႔ အတူ အၿမဲရွိတဲ့အေၾကာင္း သူ႔ရဲ႕ Facebook စာမ်က္ႏွာ မွာ ေရးသားခဲ့ပါတယ္။

ျမန္မာျပည္ကထြက္ခြာၿပီး ဖိလစ္ပိုင္ကိုေရာက္တဲ့ အထိေတာင္ သံပုံးတီး တာေတြ ျပဳလုပ္ခဲ့သလို သူလည္ပတ္ေရာက္ရွိေနတဲ့ ႏိုင္ငံေတြမွာ လည္း ျမန္မာအလံကို ကိုင္ေဆာင္ကာ ဆႏၵထုတ္ေဖာ္ ေပးခဲ့တဲ့ အထိကို ျမန္မာ့အေရးမွာ စြမ္းစြမ္းတမံကူညီေပးခဲ့သူပါ။ဒါေၾကာင့္လည္း Sinon ကို ျမန္မာျပည္သူ ျပည္သားေတြက ေက်းဇူးတင္ေနၾကတာျဖစ္ပါတယ္။ ဒီေန႔မွာလည္း ျမန္မာႏိုင္ငံအတြက္ သူရဲ႕ ရင္ထဲမွာ ေနရာအလြတ္ အၿမဲရွိေနၿပီး သတိရေနေၾကာင္းကို ” ငါ့ ႏွလုံးသား ထဲမွာ ျမန္မာအတြက္ ေနရာလြတ္ က အၿမဲရွိၿပီးသား အရမ္းလြမ္းတယ္ ျမန္မာ” ဆိုကာ ေရးသား ေဖာ္ျပလာခဲ့ပါတယ္။ ျမန္မာျပည္ကို ခ်စ္တဲ့ Sinon ကို ျမန္မာျပည္သူေတြကလည္း အမ်ားႀကီးခ်စ္ေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

Source & Photo Credit : Sinon Loresca Facebook Page

zawgyi

Leave a Reply

Your email address will not be published. Required fields are marked *