သူရဲကောင်းများ အတွက် မနက်ဖြန်တိုင်း မှာ မရပ် မနားပဲ အားသွန် ခွန်စိုက် ပိုပြီး ကြိုးစားသွားမယ့် အကြောင်းကို စိတ်အား ထက်သန်စွာ ပြောပြလာတဲ့ မင်းမော်ကွန်း

Posted on

ပရိသတ်ကြီးရေ……ရုပ်ရှင် သရုပ်ဆောင် မင်းသားချောလေး မင်းမော်ကွန် းကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာနဲ့ ရပ်တည်နေတဲ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပါ ပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။မင်းမော်ကွန်းဟာ ဗီဒီယိုဇာတ်ကား အများအပြားတွင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူရဲ့ ရုပ်ရှင်ဇာတ် ကားကြီးတွေကလည်း ပရိသတ်တွေရင်ထဲကို ထိမိစေခဲ့တဲ့ အတွက် အကယ်ဒမီဆုကိုပါ ဆွတ်ခူးရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ရပ် ပေါ်တွင် ပြည်သူ လူထုနဲ့ အတူ ရင်ထဲကဆန္ဒအမှန်တွေကို ဖော်ထုတ်ကာ တစ်ရက်မှမနားပဲ လမ်းမပေါ်တွင် ရဲရဲဝင့်ဝင့် တတ်ကြွစွာ ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။သူရဲ့စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့ အပေါ်တွင် ပြည်သူပရိသတ်တွေ သာမက အနုပညာရှင် အချင်းချင်းကတောင် ချီးကျူးရလောက်တဲ့ထိ နေပူထဲတွင်ပြည်သူလူထုရဲ့ ရှေ့ကနေဦးဆောင်ကာ ဟစ်ကြွေးနေတာ ဖြစ်ပါတယ်။

မနေ့ညကဆိုရင်လည်း မင်းမော်ကွန်းက”နွေဦးတော်လှန်ရေးမှာ အသက်ပေး ခဲ့ရသော ရဲဘော်ရဲဘက် အာဇာနည်သူရဲကောင်းများအတွက် အဖမ်းအဆီးခံခဲ့ရသောနိုင်ငံ့ခေါင်းဆောင်များ ကျောင်းသားပြည်သူများ အနုပညာရှင်များ အစရှိသောသူရဲကောင်းများအတွက် မနက်ဖြန်တိုင်းမှာ ကျွန်တော် တို့ ခုထက်ပိုပြီးကြိုးစားသွားပါ့မယ် ဒီတော်လှန်ရေးကိုနိုင်တဲ့ အထိ မရပ်မနားအားသွန်ခွန်စိုက် ဆက်တိုက်သွားပါ့မယ် ကျွန်တော်ဆက်ချီတက်နေပါဦးမယ်အရေးတော်ပုံအောင်ရမည်”ဆိုပြီး လူမူကွန်ယက် စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။လေးစားစရာကောင်းတဲ့ မင်းမော်ကွန်း ရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Kyaw Kyaw Htay Lwin FB Account

zawgyi

ပရိသတ္ႀကီးေရ……႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး မင္းေမာ္ကြန္ းကေတာ့ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ မ်ားစြာနဲ႔ ရပ္တည္ေနတဲ့အျပင္ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကိုပါ ပိုင္ဆိုင္ထားတဲ့ သူပဲျဖစ္ပါတယ္။မင္းေမာ္ကြန္းဟာ ဗီဒီယိုဇာတ္ကား အမ်ားအျပားတြင္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး သူရဲ႕ ႐ုပ္ရွင္ဇာတ္ ကားႀကီးေတြကလည္း ပရိသတ္ေတြရင္ထဲကို ထိမိေစခဲ့တဲ့ အတြက္ အကယ္ဒမီဆုကိုပါ ဆြတ္ခူးရရွိထားတဲ့ မင္းသားတစ္လက္ ျဖစ္ပါတယ္။

မင္းေမာ္ကြန္းဟာ ျမန္မာျပည္တြင္ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေန တစ္ရပ္ ေပၚတြင္ ျပည္သူ လူထုနဲ႔ အတူ ရင္ထဲကဆႏၵအမွန္ေတြကို ေဖာ္ထုတ္ကာ တစ္ရက္မွမနားပဲ လမ္းမေပၚတြင္ ရဲရဲဝင့္ဝင့္ တတ္ႂကြစြာ ပါဝင္လႈပ္ရွားေနတာ ပဲျဖစ္ပါတယ္။သူရဲ႕စိတ္အားထက္သန္စြာ လုပ္ေဆာင္ေနတဲ့ အေပၚတြင္ ျပည္သူပရိသတ္ေတြ သာမက အႏုပညာရွင္ အခ်င္းခ်င္းကေတာင္ ခ်ီးက်ဴးရေလာက္တဲ့ထိ ေနပူထဲတြင္ျပည္သူလူထုရဲ႕ ေရွ႕ကေနဦးေဆာင္ကာ ဟစ္ေႂကြးေနတာ ျဖစ္ပါတယ္။

မေန႔ညကဆိုရင္လည္း မင္းေမာ္ကြန္းက”ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပး ခဲ့ရေသာ ရဲေဘာ္ရဲဘက္ အာဇာနည္သူရဲေကာင္းမ်ားအတြက္ အဖမ္းအဆီးခံခဲ့ရေသာႏိုင္ငံ့ေခါင္းေဆာင္မ်ား ေက်ာင္းသားျပည္သူမ်ား အႏုပညာရွင္မ်ား အစရွိေသာသူရဲေကာင္းမ်ားအတြက္ မနက္ျဖန္တိုင္းမွာ ကြၽန္ေတာ္ တို႔ ခုထက္ပိုၿပီးႀကိဳးစားသြားပါ့မယ္ ဒီေတာ္လွန္ေရးကိုႏိုင္တဲ့ အထိ မရပ္မနားအားသြန္ခြန္စိုက္ ဆက္တိုက္သြားပါ့မယ္ ကြၽန္ေတာ္ဆက္ခ်ီတက္ေနပါဦးမယ္အေရးေတာ္ပုံေအာင္ရမည္”ဆိုၿပီး လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ေလးစားစရာေကာင္းတဲ့ မင္းေမာ္ကြန္း ရဲ႕ စိတ္ဓာတ္ေလးကို ပရိသတ္ေတြ အတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit – Kyaw Kyaw Htay Lwin FB Account

Leave a Reply

Your email address will not be published. Required fields are marked *