သူမ သည် စစ်တပ်ပိုင် မည်သည့် ပစ္စည်း ကိုမှ ရှေ့လျောက်ကြော် ငြာ ရိုက် ကူးခြင်း မပြုလုပ်တော့ဟု ကတိပြုလာ တဲ့ ခင်ဝင့်ဝါ

Posted on

CDM လှုပ်ရှားမှုပြုလုပ်ကြတဲ့ ဝန်ထမ်းတိုင်းကို လေးစား ဂုဏ်ယူကြောင်းနဲ့ သူမ သည်လည်း စစ်တပ်ပိုင် မည်သည့်ပစ္စည်းကိုမှ ရှေ့လျောက်ကြော်ငြာရိုက်ကူးခြင်းမပြုလုပ်တော့ဟု ကတိ ပြုလာတဲ့ ခင်ဝင့်ဝါ ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါဟာ ဆိုရင် ဘာဘီရုပ်လေး တစ်ရုပ်လို ချစ်စရာကောင်းပြီး ချောမောလှပတဲ့ ရုပ်ရည်လေး ရှိတဲ့အပြင် ဟန်ဆောင်မှုအရှိပဲ ပျော်ပျော်နေ တတ် သူလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝ သိမ်းပိုက် ရရှိထားတဲ့ အနုပညာရှင် တစ်ယေက်ပဲဖြစ်ပါတယ်နော်။ခင်ဝင့်ဝါဟာ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက် ကူး အောင်မြင်လာတာ ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကြီးတွေကိုပါ ပီပြင်စွာ သရုပ်ဆောင် နိုင်တဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ခင်ဝင့်ဝါ ကတော့ အနုပညာအလုပ် တွေကို ဆက်လက် လုပ်ကိုင်နေကာ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် Live sale တွေကိုပါ ကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ လတ်တလော မှ ာတော့ ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာပူးပေါင်းပါဝင်ကာ သူမရဲ့ Social Network ထက်တွင် “Civil Disobedience Movementမှာပါဝင်ပေးနေကြတဲ့ပြည်သူ့ ဝန်ထမ်းများ အားလုံးကို တစ်ဦး တစ်ယောက်ချင်းစီ လေးစားဂုဏ်ယူ အသိမှတ်ပြုပါတယ်။ 🙏🏻ဝင့်ဝါကိုယ်တိုင်က ပြည်သူ့ဝန်ထမ်မဟုတ်တဲ့အတွက် CDM မှာ ဘာမှထိထိရောက်ရောက်မပါဝင်နိုင်တာ အလွန်စိတ်မကောင်းဖြစ်မိပါတ🙏🏻ဒါကြောင့် သရုပ်ဆောင် ပြည်သူတစ်ယောက်အနေနဲ့ ကို ယ် တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ပါမယ်။

ကျွန်မ ခင်ဝင့်ဝါသည် ဒီနေ့ဒီအချိန်မှ စ၍စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့ မည်သည့်စီးပွား ရေး လုပ် ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်သလို စစ်အာဏာရှင်များနှင့်ဆက်စ ပ်သော ထုတ်လုပ်ရေးများနှင့်လည်းမည်သည့်အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့ မည်မ ဟုတ်ပါ။”ဆိုတဲ့ စာသားလေးကို ရေးသား ဖော်ပြလာတာ ဖြစ်တာကြောင့် ချစ်ပရိသတ်တွေ အ တွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလည်း အထူးပင်ကျေးဇူး တင် ရှိပါတယ်နော်….။

Source: Khin Wint Wah FB page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *