သူမ ရဲ့ ဖုန်းကိုကောက်ရတယ် ဆိုပြီး POST တင်ကာ ကောလ ဟာလ လွှင့်နေသူတွေ ကို ပညာသား ပါပါနဲ့ တုံ့ပြန်ပြောဆို လိုက်တဲ့ အေးသောင်း

Posted on

ပြည်သူတွေကတော့ အခက်အခဲတွေများစွာကြုံနေရပေမယ့်လည်း အမှန် တရား တစ်ခုတည်းကိုသာစွဲကိုင်ပြီး စိတ်ခွန်အားအပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေပါတယ်။ အနုပညာတွေများစွာကလည်း ရဲရဲဝင့်ဝင့်နဲ့ အမှန်တရား ဘက်က ရပ်တည်နေကြပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ကူညီဖြေရှင်းပေးနေကြပါတယ်။ မင်းသမီးမအေးသောင်း ကတော့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေး မှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

ယခုမှာတော့ အေးသောင်းတစ်ယောက်ဟာ အခက်အခဲကြုံနေချိန် မိတ်ဆွေ အစစ်တွေကို သိခွင့်ရခဲ့ပြီး စိတ်ပူနေကြတဲ့ သူငယ်ချင်းတွေရဲ့စာတွေကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။အေးသောင်းကတော့ သူမရဲ့ဖုန်းကိုကောက်ရတယ်ဆိုပြီး Postတင်ကာ ကောလဟာလလွှင့်နေသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ သူမက” စိတ်ပူပြီးမေးကြတဲ့သူငယ်ချင်းတွေရဲ့ စာတွေတွေ့ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ် အခက်အခဲကြုံချိန်မှာမိတ်ဆွေစစ်တွေကိုသိရသလို မပေါင်းသင်းအပ်သောသူစိတ်သဘောထားမပြည့်ဝသောသူများ/ ပြည့်ဝသော သူများကိုလည်း မှတ်မှတ် ရရရှိခဲ့ပါပြီ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

သူမကတော့ ” မန္တလေးမှာရောက် နေစဉ် အိပ်စရာ နေရာပေးကြသော တစ်ဦးချင်းစီကို ကျေးဇူးတင်ရပါတယ် နောက်ပြောချင်တာကတော့ ကျမ ဖုန်း လုံးဝ (လုံးဝ) မပျောက်ပါဘူးနော် ဖုန်းကောက်ရတယ်ဆိုတဲ့ ပို့စ်တင်နေတဲ့သူတွေကို အရင်ဆုံးကျောက်ပျဉ်နဲ့ထမီတထည်အရင်ပို့ပေးပါရစေ ပြီးမှထပ်တင်ပေါ့ ကျမရောက်တဲ့ နေရာမှာတာဝန်ကျေစေရမှာပါလို့ ပဲကတိပေးပါရစေ နေ့တိုင်းလုပ်ဆောင်မှုတွေ ကိုတော့အကောင့်မှာအချိန်နဲ့တပြေးညီတင်နိုင်တော့မှာမဟုတ်ကြောင်း ပြောချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

Source: Aye Thaung ‘ s Facebook Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *