သူမ ရဲ့ ဖခင်ကြီး ကို နောက်ဆုံးအချိန်တောင် တွေ့ခွင့်မရတဲ့အတွက် ဝမ်းနည်းကြေကွဲစွာ နဲ့ ခံစားချက်တွေ ရေးသားလာတဲ့ ထားထက်ထက်

Posted on

ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ထားထက်ထက်ဟာ ဆိုရင် နွေဦးတော် လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ် ခဲ့တဲ့အပြင် သူမကိုယ်တိုင်လဲဆန္ဒထုတ်ဖော်ကာ တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူမကို ပုဒ်မ(၅၀၅-က)နဲ့ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်ရင်း လွတ်လပ်ရေးနယ်မြေကိုရောက်ရှိပြီးစစ်ပညာ သင်ယူနေတာပဲဖြစ်ပါတယ်နော်။

သူမရဲ့မိသားစုနဲ့လည်းတွေ့ခွင့်မရရှိခဲ့တာကလည်း ဘေးလွတ်ရာကို တိမ်းရှောင် ခဲ့ရတဲ့ အချိန်မှစပြီး လက်ရှိအချိန်အထိပါပဲ။ ဒီကနေ့မှာဆိုရင်လည်း ထားထက်ထက်ရဲ့ဖခင်ဟာ ဒီကနေ့မှာကွယ်လွန်သွားပြီဖြဟ်တဲ့အတွက် ယူကြုံးမရဝမ်းနည်းကြေကွဲနေတာပဲဖြစ်ပါတယ်နော်။ဒီအကြောင်းကိုထားထက်က”ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကိုထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့ အရာရာ 😭😭😭ဖေဖေ့ကို အဆက်အသွယ်မလုပ်တာ ၄ လရှိပြီ။ဖေဖေနဲ့စကားမပြောရတာ ၄ လရှိပြီ။ဖေဖေ့မျက်နှာမမြင်ရတာ ၄ လရှိပြီ။ဖေဖေနေကောင်းကျန်းမာရဲ့လား ဘာ လိုအပ်တာရှိလဲ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ဗိုက်နာလို့နေမကောင်းဘူးကြားတော့ အရမ်းသတိရစိတ်ပူလို့ စကားပြောချင် တွေ့ချင်လို့ ဖြစ်ချင်ရာဖြစ် ဖုန်းခေါ်မယ် စကားပြောမယ် လို့ ချိန်းထားတာ ဒီနေ့လေ ဘာလို့ဒီနေ့မှ စကားတောင်မပြော မြင်ခွင့်တောင်မရပဲ သမီးကိုထားခဲ့ရတာလဲ။

ဖေ့သမီးလေးအတွက် ဂုဏ်ယူနေပေမယ့် တောထဲမှာ အနေအစား ဆင်းရဲပင်ပန်းတာ ကို နှမြောပြီး စိတ်မကောင်း ဖြစ်နေတယ် ပြောတယ်ဆို။ 😭😭😭သမီးက မီးမရှိ အင်တာနက်မရတဲ့နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာသွားသုံးရတာလေ ဒီနေ့မနက်ပိုင်း အင်တာနက်ရတဲ့နေရာမသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေပြောမလို့ လုပ်နေတာလေ အဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။ဖေဖေ့ဘဝအကြောင်းစာအုပ်ထုတ်ချင်တယ် ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တနေ့တမျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။

ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။ ခရီးတူတူသွားဖို့ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစု လိုက်တူတူသွားဖို့ သမီးစီစဉ် လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။ မိသားစုဓာတ်ပုံကောင်းကောင်းရိုက်ချင်လို့ ဆိုင်ကိုမသွားချင်ဘူးဆိုလို့ အိမ်မှာပဲသေချာခေါ်ရိုက်မလို့ဟာ တောင် မရိုက်ရသေးဘူးလေ ဖေရယ်။ သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကိုကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။ သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး။

သမီးဘယ်လို ခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကို စောင့်မယ်ဆို။ သမီးဘယ်လိုမှ မဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီးတခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင် တခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ။ အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်းရဲ့လား မင်းသား ဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်တွေလျှောက်လုပ်မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကို ပြောရမှာလဲ ဖေရယ်။ ဖေပြန်လာပေးတာပဲလိုချင်တယ်။ သမီးမှာစကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။ ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။ ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့ 😭😭😭 သမီးကို မထားခဲ့ပါနဲ့နော် 26 July 2021(Monday) ” ဆိုပြီးရေးသားလာတာပဲဖြစ်ပါတယ်နော်။ မိသားစုနဲကထပ်တူဝမ်းနည်းရပါတယ်ထားထက်ထက်ရယ်။ အန်ကယ်လည်းကောင်းရာအွန်ရာဘုံဘဝသို့ရောက်ရှိပါစေနော်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *