သူမ ရဲ့ ဂေဟာဝင်စီး ခံရတယ် ဆိုတဲ့ သတင်းက အမှန် မဟုတ် ကြောင်း စိုးရိမ် ထိတ်လန့် ခဲ့ ရသူတွေ ကို ပြန်လည် ရှင်းပြလာတဲ့ ခိုင်နှင်းဝေ

Posted on

သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေ ကတော့ ပရဟိတလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီး တစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်ကြတာကို တွေ့ရပါတယ်။အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ပရဟိတ လုပ်ငန်းတွေ ကိုလည်း လုပ်ကိုင် နေတဲ့ သူမက “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကို ဖွင့်လှစ် ထားတာဖြစ်ပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှာ ကလေး သူငယ်ပေါင်း များစွာကို လက်ခံစောင့်ရှောက်ထားတာ ဖြစ်ပြီး ဆရာမတွေ ကိုလည်း ခေါ်ယူကာ သေချာပျိုးထောင်နေတာပါ။ ဒီကနေ့ မတ်လ ၂၇ရက်နေ့မှာတော့ သူမရဲ့ ဂေဟာကို ဝင်စီးခံရတယ် လို့ သတင်း ထွက်ပေါ်ခဲ့ပြီး အများက စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒီသတင်းဟာ မမှန်ကန် တာ​ကြောင့် စိုးရိမ်နေကြသူတွေထံ ခိုင်နှင်းဝေက သူမရဲ့ Facebook Account ထက်မှာ ရေးသားဖြေရှင်းခဲ့ပါတယ်။

ခိုင်နှင်းဝေက ” သပိတ် စစ်ကြောင်း ကို လိုက်ပစ်ရင်း ဂေဟာ အရှေ့ရောက် လာတာပါရှင်..ကျွန်မ နဲ့ အတူ ကလေးတွေ အကုန်လုံး ဝန်ထမ်းတွေရော အထဲမှာ ရှိပါတယ်…ကလေးတွေ လန့်သွားတာက လွှဲလို့ အဆင်ပြေပါတယ်..စိတ်ပူပေးကြတဲ့ သူ အားလုံး ကျေးဇူးတင်ပါတယ်ရှင် ” ဆိုပြီး ရေးသားကာ ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ပေးကြသူတွေ ကိုလည်း ကျေးဇူးတင်ကာ ဂေဟာဝင်စီးခံရတာ မဟုတ်ကြောင်း ပြောလာခဲ့တာဖြစ်လို့ ပရိသတ်တွေသိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit – Khine Hnin Wai’s Facebook Account

Leave a Reply

Your email address will not be published.