သူမ ရဲ့ဖုန်းခိုးပြီး မိန်းကလေး တွေ ကို VIDEO CALL လိုက်ခေါ် နေတဲ့ မသမာ သူတွေ ကြောင့် စိတ်ပင်ပန်း ခဲ့ရတဲ့ ဆောင်းယွန်းစံ

Posted on

သရုပ်ဆောင်မင်းသမီး ဆောင်းယွန်းစံ ကတော့ သူမရဲ့ဖုန်း ကို ခိုးပြီး အခြားလူတွေကို ဗီဒီယိုကောလ်လိုက်ခေါ်နေတဲ့ မသမာသူတွေကြောင့် အခက်တွေ့ခဲ့ရပါတယ်..။

ဖုန်းကို မနေ့ညက အခိုးခံလိုက်ရတာ ဖြစ်ပြီး အမျိုးသား တစ်ယောက်က ဆောင်းယွန်းစံဟန်ဆောင်ကာ မိန်းကလေးတွေကို ဗီဒီယိုကောလ်နဲ့ ဖုန်းတွေ လိုက်ခေါ်ကာ နှောက်ယှက်နေတဲ့အကြောင်း သူငယ်ချင်းဖြစ်သူမေချစ်သွေးက ပရိသတ်တွေကို ပြောပြ ထားတာ ဖြစ်ပါတယ်..။

ဆောင်းယွန်းစံ ဖုန်းပျောက်သွားတဲ့ အတွက် ဖေ့စ်ဘွတ်မှာ စာတို့ ပို့စ်တို့ တက်လာ ခဲ့ရင် သူမ မဟုတ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြသူတချို့က သတိပေးပြောပြထားတာလည်း တွေ့ရပါတယ်..။

ဒါမယ့် ဖုန်းပျောက်တာ နာရီအတော် ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာတော့ ဆောင်းယွန်းစံရဲ့ ဖေ့စ်ဘွတ် Acc ကနေ ဖုန်းပြန်ရပြီဆိုတဲ့အကြောင်း ပို့စ်တစ်ခုတက်လာခဲ့ပါတယ်..။

“ဆောင်း ဖုန်း ပြန်ရပါပီ ..

စိတ်ပူစေခဲ့လို့ အားလုံးကို တောင်းပန်ပါတယ်..” ဆိုပြီး တောင်းပန် စကားနဲ့အတူ ရေးသားလာတာဖြစ်ပြီး ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

မည်သို့ပင်ဆိုစေကာမူ အခုလို အစစအရာရာ စိတ်ရောလူရော ပင်ပန်းဆင်းရဲနေကြတဲ့ အချိန်ကာလကြီးမှာ မသမာလူတချို့ကြောင့် ပြည်သူတွေမှာ အခက်အခဲတွေကြားက ပိုပြီး စိတ်ပင်ပန်းနေကြရတာကတော့ အမှန်ပါပဲ..။

Photo Credit – Saung Yoon San’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *