သူမ ရဲ့ခြံ မှ ထွက်ရှိ တဲ့ ဒူးရင်းသီးတွေ ရောင်းချဖို့ အတွက် လူမှုကွန်ယက်ပေါ်သို့ ပြန်လည် အခြေချလာတဲ့ နန္ဒာလှိုင်

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ဇေကမ္ဘာ ရဲ့ သားကို လက်ထပ် ထားကာ သူဌေးချွေးမ အဖြစ်နေထိုင်လျက်ရှိနေပြီး အနုပညာအလုပ်တွေကိုတောင် စွန့်လွှတ်ထားသူပါနော်။ စီးပွားရေးလုပ်ငန်းတွေ ကလည်းအတော်လေးကို အခြေအနေ ကောင်းနေပြီး အခြား လုပ်ငန်းတွေကိုပါ ချဲ့ထွင်ဖို့ ပြင်ဆင် နေတာပါနော်။ အနေအေးပြီး တည်ငြိမ်သူဖြစ်လို့ ပရိသတ်တွေက ချစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အားလုံးရဲ့ ဝေဖန်ရှုံ့ချခြင်းတွေကို ခံနေရပါပြီနော်။

အကြောင်းရင်းကတော့ ဖေဖော်ဝါရီလ ကတည်းကနေ မေလအစ ပိုင်းအထိ ဆိုရှယ်မီဒီယာတွင် ပျောက်နေခဲ့ပြီး အခုချိန်ဟာ ဒူးရင်းသီးရာသီဖြစ်တာကြောင့် သူမရဲ့ခြံထဲက အသီးတွေကို Facebook တွင် အရောင်းပို့စ်တွေ တင်နေတာပါနော်။ ပရိသတ်တွေ Social punishment လုပ်တဲ့ အထဲတွင် နန္ဒာလှိုင်လည်း ပါဝင်ပါတယ်နော်။

ဈေးရောင်းတဲ့ ပို့စ်အောက်တွင် သူမ ရဲ့ လုပ်ရက်ကို ခံပြင်းနေကြတဲ့ ပရိသတ်များက အပြစ်တင်ပြောဆိုနေကေမယ့်လည်း နန္ဒာလှိုင်ကတော့ တစ်စုံတစ်ရာ ပြန်လည်ပြောကြားထားခြင်း မရှိသေးပါဘူးနော်။ နွေဦးတော်လှန်ရေးမှာ မပါဝင်ကြသူတိုင်းရဲ့စီးပွားရေးတွေကို boycott လုပ်ရ ကြအောင်ပါနော်။

crd

Leave a Reply

Your email address will not be published. Required fields are marked *