သူမ နဲ့ ဘာကြော်ငြာပဲ ရိုက်ရိုက် ကြော်ငြာခကို အောက်စီဂျင်အိုး အလှူ နဲ့ ရှင်းပေးရင် လက်ခံ လုပ်ဆောင်ပေးမယ် ဆိုတဲ့ မိတ်ကပ်မေဆူး

Posted on

ပရိသတ်တွေရဲ့အချစ်တော် အလှဖန်တီ းရှင် တစ်ယောက် ဖြစ်တဲ့ မိတ်ကပ်မေဆူး ကတော့ လတ်တလောမှာ Live လွှင့်ဈေးရောင်းပေးတဲ့ အလုပ်တွေကို ပြန်လည်လက်ခံပြီး လုပ်ဆောင်သွားမယ့်အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြ လာခဲ့ပါတယ်။ Live လွှင့်ဈေးရောင်းရာကနေ အကျိုးအမြတ်အနေနဲ့ အောက်စီဂျင်ဘူးတွေ လှူဒါန်းပေးသွာ းမှာပါတဲ့။

Live လွှင့်ဈေးရောင်းပေးခကိုတော့ မိတ်ကပ်မေဆူးက ငွေတစ်ပြား တစ်ကျပ်မှ မယူဘဲ သူ့ကို ဈေးရောင်းပေးဖို့ ငှားတဲ့ လုပ်ငန်းရှင်ဘက်ကနေပြီးတော့ တစ်နာရီကို ဈေးရောင်းပေးခအဖြစ် အောက်စီဂျင်တစ်အိုး၊ နှစ်နာရီငှားရင် နှစ်အိုးနှုန်း လှူဒါန်းပေးရမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ Live လွှင့်ဈေးရောင်းပေးသွားမှာဖြစ်ပါတယ်တဲ့။ Photo ကြော်ငြာတစ်ခုအတွက်ငှားရင်တော့ အောက်စီဂျင်အိုး (၅)အိုး လှူဒါန်းပေးရမှာပါ။

မိတ်ကပ်မေဆူးကတော့ ဘာကြော်ငြာပဲ ရိုက်ရိုက် Post တင်ပြီး ကြော်ငြာပေး ရတာပဲဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ အလှူနဲ့ လက်ခံပေးသွားမျာပါတဲ့။ ပရိသတ်ကြီးရေ မိတ်ကပ်မေဆူးရဲ့ ကြော်ငြာခကို တစ်ပြားတစ်ချပ်မှမယူဘဲ အောက်စီဂျင်အိုး လှူပေးပြီး ကြော်ငြာလက်ခံပေးသွားမယ်ဆိုတဲ့ စိတ်ကူးလေးက တကယ် ကို ကောင်မွန်လှတဲ့ စိတ်ကူးလေးပါပဲနော်။

Credit ; CeleZone

Source – Ma Ma Sue

zawgyi




Credit ; CeleZone

Source – Ma Ma Sue

Leave a Reply

Your email address will not be published. Required fields are marked *