သူမ နေထိုင်တဲ့ ငါးထပ်ခွဲ တိုက်အိမ်ကြီးကို ထုတ်ဖော် ပြသလိုက်တဲ့ “ပန်းရောင်ခြယ်”

Posted on

အဆိုတော်မလေး ပန်းရောင်ခြယ် ကတော့ ဖခင်ဖြစ်သူ ဂရေဟမ် ရဲ့ ဂီတအမွေ ကို အပြည့်အဝဆပိခံထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မ ကြာသေးမီ နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထား တာပဲ ဖြစ်ပါတယ်။ ဒါကတော့ နန်းတော် ကြီးတမျှ ခမ်းနားကျယ်ဝန်းလှပလွန်းသော သူမတို့မိသားစုနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

သူမကလည်း “ပန်းရောင် ရဲ့ private account မှာ memory လေးပြန်တက်လာလို့။ ဒီအိမ်လေး Mummy ဆောက်လို့ပြီးတာ ၅ နှစ်ရှိပြီ။ Mummy က engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက် ဒီပညာကိုတတ် ကျွမ်းလို့လုပ်တာမဟုတ်ပဲ မိသားစု အ တွက် business တစ်ခုဖြစ်အောင် ဆိုပြီး ငယ်ငယ်ထဲက တတ်သလောက်လေးနဲ့ စလုပ်ခဲ့တယ်၊ အမြဲလေ့လာတယ်၊ ကိုယ်တိုင် လည်းအ ရမ်း creative ဖြစ်တယ်။

ပန်းရောင်တို့ သားအဖသုံးယောက်က အနုပညာ အလုပ်ကိုပဲ ချစ်ပြီး အားသန်တာ၊ စီးပွားရေးပိုင်းကို အားမသန်ကြဘူး။ မိသား စုထဲမှာ Mummy က business mind-set အရမ်းရှိလို့တော်သေးတယ် ဟီး။ Daddy နဲ့ အိမ်ထောင်ကျပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂ ယောက်လုံးက တက္ကသိုလ်ကျောင်းသူကျေင်းသား ဘဝပဲရှိသေးတယ်။ Daddy က ဒရမ်တီးပြီးမိသားစုအတွက်ပိုက်ဆံရှာပေးတယ် Mummy ကလဲ မလိုတာမသုံးပဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးတယ်။၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစား ရုန်း ကန်ရင်းဖြတ်သန်းလာခဲ့တယ်။ Daddy အဆိုတော်ဖြစ်ပြီးနောက် ရှိုးပွဲတွေဆို အခွေရောင်းလို့ရလာတဲ့ ငွေတွေကို သူ့အတွက် ပိုက်ဆံအိတ်၊ စိန်ရွှေရတနာမဝယ်ဘဲ ဘိလပ်မြေတို့ အုတ်တို့ပဲဝယ်ခဲ့တယ်။

Daddy ရှာလို့ရလာတဲ့ အနုပညာကြေးတွေစုပြီး Mummy က မြေကွက်အလွတ်လေးတွေဝယ်လိုက်၊ အိမ်ဒီဇိုင်းအပြင်ရောအတွင်းရော စဉ်း စား၊ အခန်းဖွဲ့စည်းပုံ၊ နံရံကပ် wallpaper၊ မျက်နှာကြက်ဒီဇိုင်း၊ ပန်းရောင်တို့အတွက်ဆိုဗီရို မှန်တင်ခုံကပါအစ ကိုယ်တိုင်ဒီဇိုင်း စဉ်း စားပြီး ဖန်တီးပေးတယ်။ နေ့တိုင်း ဆိုက်ထဲဆင်းတယ်၊ ဆောက်လို့ပြီးပြီဆို အဲ့ခြံနဲ့အိမ်ကိုရောင်းလိုက်၊ ပြီးရင်နောက်တစ်ခြံဝယ်လိုက်၊ ဆော က် လိုက် ရောင်းလိုက် အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။

အဲ့ဒါတင်မဟုတ်ဘူး Daddy ရဲ့ အခွေထုတ်လုပ်ရေးအပိုင်းမှာလဲ အခွေ promotion ဘယ်လိုလုပ်မယ်၊valentine’s album ဆိုရင် အ ခွေထဲမှာ postcard လက်ဆောင်လေးတွေဘယ်လိုထည့်ပေးမယ်၊ အခွေအတွက်တီဗွီကြော်ငြာဆက်လဲ ဒါရိုက်တာဦးပီတာ၊ ဦးမီးပွား တို့ နဲ့အတူ သူ edit ထိုင်ဆက်တယ်၊ album cover photoshoot မှာDaddy နဲ့ အတူရိုက်မယ့် မင်းသမီးဝတ်ဖို့ဝတ်စုံကအစ သူစဉ်းစားစီစဉ် ပေးတယ်။ အရမ်းထက်မြတ်ပြီး မိသားစုကိုလဲ အရမ်းချစ်တဲ့သူတစ်ယောက်။ ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူးခေါင်းအရွတ်ပါပါးသွားရှာတယ်။

ငယ်ငယ်ထဲက ပန်းရောင်တို့ အိမ်ကို ဧည့်သည် လာပြီဆိုရင် “မသဉ္ဇာ ဆောက်ထားတဲ့ အိမ်လေးက လှလိုက်တာ” ဆိုပြီးအမြဲကြားရတယ်။ အိမ်လှလှလေးတွေ နဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ်။ ပန်းရောင်အမြဲတွေး မိတယ်၊ အကယ်၍ပန်းရောင် အိမ်ထောင်ပြုခဲ့သည်ရှိသော်၊ Mummy လို ဇနီးကောင်း မိခင်ကောင်း ဖြစ်နိုင်ပါ့မလားပေါ့။

ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ မေတ္တာတွေပေးပြီး ယောကျာ်းနဲ့ကလေးတွေကို ကျန်းမာ ပျော်ရွှင်အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့် ကျရင် အဲ့လိုပေးဆပ်နိုင်ပါ့မလားတွေးမိတယ်။ ပန်းရောင်တို့သုံးယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက် 💕 ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ မိဘရဲ့ ကျေးဇူးနဲ့မေတ္တာကတော့ ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။ အတူရှိ နေတဲ့အချိန်တွေကို အမြဲ တန်ဖိုးထားဖို့ကြိုးစားရင်း.. 💕” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆပ်ပေးလိုက် ရပါတယ်နော်။

crd

Leave a Reply

Your email address will not be published. Required fields are marked *