သူမအကြိုက်ကိုသိတဲ့ချစ်ခင်ပွန်းက ချစ်သက်လက်ဆောင်လေးကိုပြင်ဆင်ပြီး အလိုက်တသိနဲ့ Surpriseလုပ်လို့ ရင်ခုန်သွားရတဲ့ အူဝဲရဲ့ဗီဒီယို

Posted on

ပရိသတ်ကြီးရေ အကယ်ဒမီပြေတီဦးနဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ဇာတ်ကားတွေရိုက်ရင်းကနေ မေတ္တာသက်ဝင်ပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့က အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေကြတဲ့ အနုပညာရှင်တွေဖြစ်ပြီး ယနေ့အချိန်ထိတိုင်ဇာတ်ကားတွေရိုက်ကူးနေဆဲဖြစ်ပါတယ်။အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်မှာ သားတစ်ယောက်၊သမီးတစ်ယောက်လည်းထွန်းကားထားလို့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကလည်း ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်နေတာတောင် ငယ်ငယ်တုန်းကအတိုင်းနုပျိုပြီး လှပနေဆဲဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့အလှအပတွေကို ချီးကျူးကြပြီး အရမ်းချစ်နေကြတာဖြစ်ပါတယ်။အူဝဲနဲ့ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိကြပြီး အေးအတူပူအမျှချစ်ခင်ကြင်နာကြလို့ ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်နော်။ဒီနေ့လေးဟာဆိုရင်တော့ အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။

ပြေတီဦးနဲ့အူဝဲတို့က နှစ်ကိုယ်တူဘဝလေးကို အတူတူလျှောက်လှမ်းလာကြတာ (၁၀)နှစ်တောင်ပြည့်သွားပြီဖြစ်ပါတယ်နော်။အူဝဲတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ မိတ်ဆွေ၊သူငယ်‌ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဆုမွန်းကောင်းတောင်းပေးထားကြတာဖြစ်ပါတယ်။ဦးတီကတော့ သူတို့နှစ်ယောက်ရဲ့အထိမ်းအမှတ်နေ့လေးမှာ ချစ်ဇနီးလေးပျော်ရွှင်သွားအောင် Surpriseတိုက်လိုက်တာဖြစ်ပါတယ်။အူဝဲကလည်း သူမအရမ်းလိုချင်နေတဲ့ iPad Pro ကို လက်ဆောင်ရလိုက်လို့ အရမ်းပျော်ရွှင်ပြီး ဗီဒီယိုဖိုင်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin’s FB page
Source&Video Credit:Eaindra Kyaw Zin’s FB page Mystory

Leave a Reply

Your email address will not be published. Required fields are marked *