သူမဆီ သို့ မထင်မှတ်ဘဲ မှားဝင်လာတဲ့ ဖုန်းနံပါတ် တစ်ခု မှ ပြောပြ လာတဲ့ မြိတ်မြို့နားက သတင်းတွေ ကြောင့် စိတ်မကောင်း ဖြစ်နေရတဲ့ ပိုးမမှီသာ

Posted on

သရုပ်ဆောင် ပိုးမမှီသာကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေး နေတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း သူမရဲ့ Facebook အကောင့် တွင် သူမထံ အမှတ်မထင်ဘဲ မှားဝင်လာတဲ့ ဖုန်းနံပါတ်မှတစ်ဆင့် ကြားသိရတဲ့မြိတ်မြို့မှသတင်းတွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မနက်က မသိတဲ့ဖုန်းနံပါတ် တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် မသိတဲ့နံပါတ်ဆို သိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ ကိုင်လိုက်မိကြောင်း

သူမ ကိုင်မိလိုက်တဲ့အခါမှာ ” ပဲခူးကကျွန်တော့ သူငယ်ချင်းဖုန်းလားလို့ ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့ မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို

ပိုးမမှီသာ အနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ ဆိုပြီးချဖို့ လုပ်ခဲ့ပါတယ်

ဒါပေမယ့်လည်း သူ့ရဲ့ယဉ်ယဉ်ကျေးကျေး နဲ့ အကူအညီမဲ့နေတဲ့ လေသံကြောင့် ချက်ချင်းမချလိုက်ပဲ ဆက်နားထောင်မိလျက်သား ဖြစ်သွားရာက သူဆက်ပြောလာတာတော့

“တောင်းပန်ပါတယ် ခင်ဗျာ ကျွန်တော်တို့နယ်မှာ အင်တာနက်လည်း မရှိတော့အကုန်လုံး ဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့”

စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ်

“ မြိတ်” နားက ပါတဲ့ “ဒီမှာတော်တော် လိုက်ဖမ်းနေတာဗျာ ယောက်ျားလေးတွေချည်း လိုက်ဖမ်းတာ ကျွန်တော်တို့လည်း တော်တော်ပြေးနေရတယ်” တဲ့ “အရင်က လိုင်းလေးရတော့ အကုန်သိရသေးတယ် အခုကဘာတွေဖြစ်နေလဲ မသိလို့ပါခင်ဗျာ” တဲ့

သူမကလည်း “ရန်ကုန်ကပါဆိုတဲ့ အကြောင်း လိုင်းရတဲ့သူတွေလည်း အားလုံးအတူတူတင်ပေးပြီးပြန် ရဖို့ပြောနေကြကြောင်း အားမငယ်ဖို့အကျိုး အကြောင်းနည်းနည်းလေးတော့ပြောပြဖြစ်လိုက်ပါတယ်”

(ဖုန်းလိုင်းတွေစိတ်မချတာကြောင့် မပြောသင့်တဲ့ အန္တရာယ်ရှိနိုင်တဲ့ info သတင်း စကားလုံးတွေတော့ သတိထားပြီးပြောပါတယ်)

“လူတွေသေနေတုန်းပဲလားဗျာ” ဆိုတဲ့ မေးခွန်း ကိုလည်း ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့” လို့ ပြန်ဖြေခဲ့ ကြောင်းကိုလည်းရေးသားထားပါသေးတယ်။

သူပြောတဲ့ လိုက်ဖမ်းတယ် မဖမ်းတယ်ဆိုတဲ့ fact မှန် မမှန်ထက် ( တကယ်လိုက်ဖမ်းနေတယ်ဆိုလည်း အတော်ကိုစိတ်ပူစရာပါ) အင်တာနက်လိုင်းမရ လို့ သတင်းအချက်အလက်တွေ ဘယ်လောက်ပြတ်တောက်နေပြီလဲ ဆိုတာပါဘယ်နယ်တွေဝေးလံတဲ့ နေရာတွေမှာဘယ်လိုအခြေအနေတွေဖြစ်နေမလဲစိတ်ပူသွားတာ ဒီမှာဖြစ်နေတာတွေCRPH နဲ့သက်ဆိုင်ရာတွေရဲ့သိသင့်တဲ့သတင်းတွေ အားတက်စရာလေးတွေ အားလုံးအတူတူ ခုခံနေတယ်ဆိုတာတွေ CDM တွေအားကောင်းနေဆဲဖြစ်ပြီးအားမလျော့လိုက်ဖို့တွေ သူတို့မသိလိုက်ရမှာ အတော်လေး စိုးရိမ်သွားကြောင်းနဲ့ Mobile Data တွေအမြန်ဆုံးပြန်ရဖို့ အားလုံးတူတူကြိုးစားပေးရဦးမယ် ပြန်ဖွင့်ပေးဖို့မမေ့မလျော့ဆက်တိုက်ဖိအားပေးရမယ်

Telecom operator တွေကိုလည်း ပြည်သူတွေကိုကြည့်ပြီး ပြည်သူတွေနဲ့အတူကူညီရပ်တည်ပေးဖို့ ဒီနေရာကနေပဲတောင်း ဆိုလိုက်ပါကြောင်းနဲ့

Mobile Data ပြန်ဖွင့်ပေးပါ ” ဆိုပြီး သူမကြားသိခဲ့ရတာတွေကို ရေးသားပြောပြလာတာ ဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်း ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Poe Mamhe Thar’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *