သူမကို လိုက်စနေ တဲ့ သမီးလေးအား အမှတ်တရ ဗီဒီယိုလေး ရိုက်ကူး ထားပြီး ချစ်မဝ ဖြစ်နေ တဲ့ စန္ဒီမြင့်လွင်

Posted on

ဂီတလောကမှာ Rap သီချင်းတွေ သီဆိုရင်း ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိ လာတဲ့သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်လောကတွင် နေရာတစ်နေရာ ရရှိထားရုံသာမက ဂီတလောကမှာပါ အောင်မြင်မှုတွေ ပိုင်ဆိုင် ထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး ကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလည်း အရိပ် တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

Treasure လေးဟာ အသက်ငယ်သေး ပေမယ့်လည်း မေမေ နဲ့အတူ ကြော်ငြာများမှာပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့လှုပ်ရှားမှုတွေတိုင်းကိုခည်း ဒီးဒီတို့ ဇနီးမောင်နှံက ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အမြဲမှတ်တမ်း တင်ရိုက်ပေးထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စန္ဒီမြင့်လွင်ရဲ့ Instagram Story တွင်ချစ်စဖွယ်အမူအရာလေးနဲ့မေမေ့ကို ဝတုတ်ဆိုပြီး လိုက်စနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

Treasure လေးရဲ့ လှုပ်ရှားမှုတိုင်း ကို ပရိသတ်တွေက အမြဲ စောင့်ကြည့်အားပေးနေပြီး ချစ်မဝဖြစ်နေကြတာပါ။တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် တစ်အိမ်လုံးက အသည်းတုန်မတတ်ချစ်နေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးထဲမှာ Treasure တစ်ယောက် ပါးလေးက ဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာ ကောင်းလွန်းနေတာဖြစ်ပါတယ်။

သမီးလေးကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေး ကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sandy Myint Lwin’s IG Account

Leave a Reply

Your email address will not be published. Required fields are marked *