သူမကိုယ်တိုင် အောက်ဆီဂျင်(၈၀)အောက် ထိ ကျခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ အောင်မြင်စွာ တွန်းလှန် နိုင် ခဲ့တဲ့ အချက်တွေ ကို ဖွင့်ဟလာတဲ့ ဆောင်းယွန်းစံ

Posted on

ကိုဗစ်ရောဂါဆိုးကြီးက မြန်မာပြည်သူတွေ ရဲ့ အသက်တွေများစွာကို နှုတ်ယူခဲ့ပြီး ကိုဗစ်ရောဂါ ကူးစက်မှုဒဏ် ကို လူတန်းစားမရွေး၊အသက် အရွယ် မရွေး ခံစားခဲ့ရပါတယ်။ ကိုဗစ်ပျောက်ကင်းသွားတဲ့လူနာတွေကတော့ ရောဂါကူးစက်ခံထားရလို့ စိတ်ဓာတ်ကျနေတဲ့ပြည်သူတွေကို အားပေး စကားပြောဆိုတာမျိုး၊ ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြန်လည်မျှဝေပေးတာမျိုးတွေ ပြုလုပ်နေကြပါတယ်။ ကိုဗစ်ရောဂါကူးစက် မှုဒဏ်ကို အနုပညာရှင်တွေလည်း ခံစားခဲ့ရပြီး သရုပ်ဆောင်ဆောင်းယွန်းစံဟာလည်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါတယ်။

ယနေ့Julyလ(27)ရက်နေ့မှာတော့ သရုပ်ဆောင်ဆောင်းယွန်းစံ တစ်ယောက် ကိုဗစ်ရောဂါကူးစက်မှုကို တွန်းလှန်နိုင်ပြီ ဖြစ်ကြောင်း ပရိသတ် တွေကို အသိပေးပြောပြလာခဲ့ပါတယ်။ သူမကတော့ အောက်ဆီဂျင် (၈၀)အောက်ထိကျခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ အောင်မြင်စွာတွန်း လှန်နိုင်ခဲ့တဲ့ အချက်တွေကို လူအများ သိရှိအောင် ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့အချိန်မှာ အိပ်ရေးဝဝအိပ်တာမျိုး၊ အ စားများများစားတာမျိုးတွေ ပြုလုပ်ခဲ့သလို စိတ်ညစ်စရာတွေ မတွေးဘဲ စိတ်ကိုပျော်ရွှင်အောင်ထားခဲ့ကြောင်း သူမက ပြောပြလာခဲ့ပါတယ်။

သူမကတော့ တစ်ယောက်ယောက်က လာခေါ်နေသလိုမျိုး အိမ်မက်ဆိုးတွေ မက်ခဲ့ပေမယ့်လည်း ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ရအောင်ကျော် ဖြတ်မယ်ဆိုတဲ့ စိတ်လေးနဲ့ အားတင်းထားခဲ့တာကြောင့် ကိုဗစ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ခဲ့ပါတယ်။ ဆောင်းယွန်းစံကတော့ ရောဂါကူး စက်ခံရတဲ့လူနာတွေအနေနဲ့ ကိုယ့်အတွက် ခွန်အား ရှိမယ့် သူငယ်ချင်းကောင်းတွေနဲ့ စကားပြောပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။ ရောဂါကူးစက်ခံရတဲ့ (၂၁)ရက်တာကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီး ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ သူမအတွက် ပရိသတ် တွေက ဝမ်းသာနေကြပါတယ်။

Source : saung yoon san ‘s facebook acc

zawgyi

ကိုဗစ္ေရာဂါဆိုးႀကီးက ျမန္မာျပည္သူေတြ ရဲ႕ အသက္ေတြမ်ားစြာကို ႏႈတ္ယူခဲ့ၿပီး ကိုဗစ္ေရာဂါ ကူးစက္မႈဒဏ္ ကို လူတန္းစားမေ႐ြး၊အသက္ အ႐ြယ္ မေ႐ြး ခံစားခဲ့ရပါတယ္။ ကိုဗစ္ေပ်ာက္ကင္းသြားတဲ့လူနာေတြကေတာ့ ေရာဂါကူးစက္ခံထားရလို႔ စိတ္ဓာတ္က်ေနတဲ့ျပည္သူေတြကို အားေပး စကားေျပာဆိုတာမ်ိဳး၊ ကိုယ္ေတြ႕အျဖစ္အပ်က္ေတြကို ျပန္လည္မွ်ေဝေပးတာမ်ိဳးေတြ ျပဳလုပ္ေနၾကပါတယ္။ ကိုဗစ္ေရာဂါကူးစက္ မႈဒဏ္ကို အႏုပညာရွင္ေတြလည္း ခံစားခဲ့ရၿပီး သ႐ုပ္ေဆာင္ေဆာင္းယြန္းစံဟာလည္း ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရပါတယ္။

ယေန႔Julyလ(27)ရက္ေန႔မွာေတာ့ သ႐ုပ္ေဆာင္ေဆာင္းယြန္းစံ တစ္ေယာက္ ကိုဗစ္ေရာဂါကူးစက္မႈကို တြန္းလွန္ႏိုင္ၿပီ ျဖစ္ေၾကာင္း ပရိသတ္ ေတြကို အသိေပးေျပာျပလာခဲ့ပါတယ္။ သူမကေတာ့ ေအာက္ဆီဂ်င္ (၈၀)ေအာက္ထိက်ခဲ့ေပမယ့္ စိတ္ဓာတ္မက်ဘဲ ေအာင္ျမင္စြာတြန္း လွန္ႏိုင္ခဲ့တဲ့ အခ်က္ေတြကို လူအမ်ား သိရွိေအာင္ ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရတဲ့အခ်ိန္မွာ အိပ္ေရးဝဝအိပ္တာမ်ိဳး၊ အ စားမ်ားမ်ားစားတာမ်ိဳးေတြ ျပဳလုပ္ခဲ့သလို စိတ္ညစ္စရာေတြ မေတြးဘဲ စိတ္ကိုေပ်ာ္႐ႊင္ေအာင္ထားခဲ့ေၾကာင္း သူမက ေျပာျပလာခဲ့ပါတယ္။

သူမကေတာ့ တစ္ေယာက္ေယာက္က လာေခၚေနသလိုမ်ိဳး အိမ္မက္ဆိုးေတြ မက္ခဲ့ေပမယ့္လည္း ဘာေတြပဲ ျဖစ္ေန ျဖစ္ေန ရေအာင္ေက်ာ္ ျဖတ္မယ္ဆိုတဲ့ စိတ္ေလးနဲ႔ အားတင္းထားခဲ့တာေၾကာင့္ ကိုဗစ္ေရာဂါဆိုးႀကီးကို တြန္းလွန္ႏိုင္ခဲ့ပါတယ္။ ေဆာင္းယြန္းစံကေတာ့ ေရာဂါကူး စက္ခံရတဲ့လူနာေတြအေနနဲ႔ ကိုယ့္အတြက္ ခြန္အား ရွိမယ့္ သူငယ္ခ်င္းေကာင္းေတြနဲ႔ စကားေျပာေပးၾကဖို႔ တိုက္တြန္းေျပာဆိုထားပါတယ္။ ေရာဂါကူးစက္ခံရတဲ့ (၂၁)ရက္တာကာလကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ကိုဗစ္ေရာဂါေပ်ာက္ကင္းသြားတဲ့ သူမအတြက္ ပရိသတ္ ေတြက ဝမ္းသာေနၾကပါတယ္။

Source : saung yoon san ‘s facebook acc

Leave a Reply

Your email address will not be published. Required fields are marked *