သူမကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ အကျႌလေးတွေ ကို ရောင်းချပြီး ရရှိလာတဲ့ငွေကို အိမ်ထောင်စု(၃၀၀) အတွက် လိုအပ် တာတွေ လှူဒါန်းသွားမယ့် ဆောင်းယွန်းစံ

Posted on

ဆောင်းယွန်းစံကတော့ သရုပ်ဆောင်မော်ဒယ် မင်းသမီးချော လေး တစ်ယောက် ဖြစ်ပြီး

ဗီဒီယိုဇာတ်ကားတွေ တော်တော် များများ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ် ။

(၂၀၁၈) ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာကနေ

ပရိသတ်တွေ ပိုသတိထားမိပြီး အားပေး ဝန်းရံသူတွေများပြားလာခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံ တတ်သူလေးမို့ ပရိသတ်တွေ

အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

အလှူအတန်းတွေ ဆိုရင်လည်း ရှေ့ဆုံးကနေ ပါဝင်တတ်တဲ့ ဆောင်းယွန်း ကတော့

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ

ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ် ပြီး အားလုံး နဲ့အတူ

ရပ်တည်နေတာ လည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

အခုလည်း (၁၉) ရက်နေ့ တောင်ဒဂုံဘက်မှာ လှူဒါန်းမယ့် အလှူလေးအတွက်

သူကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီလေးတွေကို ရောင်းချကာ

ရရှိတဲ့ငွေကို အလှူအတွက် အသုံးပြုမယ့် အကြောင်းလေးကို ခုလိုရေးသာ းဖော်ပြလာပါတယ်။

” ၁၉ရက်နေ့မှာ တောင်ဒဂုံက ကျုးကျော်တဲ ၃၀၀ ကိုသွားရောက်လှုဒါန်းပါမယ်ရှင့်..

အလှူငွေတော့မေ ကာက်ရက်ပါဘူး.. အားလုံးအဆင်မပြေဘူးဆိုတာသိပါတယ်..

ဒါပေမယ့် ဆောင်းတို့ထပ်အများကြီးခက်ခဲနေတဲ့သူတွေရှိပါတယ်..

သူတို့ကိုသွားရောက်လှူဒါန်းမှာပါ..ဆောင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့

အကျီလေးတွေကိုရောင်းပါ့မယ်..S/M/L/XL Price -4500 Boy and Girl Edit

(ခုချိန်မှာဆောင်းအတွက် စျေးရောင်းဖို့ဆိုတာ အရမ်းရှက်ပါတယ်..အားလဲနာပါတယ်.

.ဆောင်း မရောင်းရင် ကူညီဖို့အတွကိဆောင်းမှာလဲ ငွေပိုငွေလျှံအများကြီးမရှိပါဘူး..

အလှူလဲ မခံရက်ပါဘူး..အဲ့တာကြောင့် ရောင်း တာ ပါရှင့်.နားလည်ပေးပါနော်..) “ဆိုပြီး

ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးရင်း ဆောင်းယွန်းရဲ့

အင်္ကျီလေးတွေကို အားပေးလိုက်ကြဦးနော်။

Credit– Cele Zone

Leave a Reply

Your email address will not be published. Required fields are marked *