သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေ ကို သတ္တိရှိရှိ လုပ်ဆောင် နေကြ တဲ့ မြို့နယ် တစ်ချို့က ပြည်သူတွေ အား လေးစား ဂုဏ်ယူနေတဲ့ မင်းမော်ကွန်း

Posted on

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ မှ စတင်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော် ပြသနေတာကြောင့် ပရိသတ်တွေကပါ အားကျ အတုယူ နေကြရတာပါ။ လတ်တလော အခြေအနေတွေကြောင့် တိမ်းရှောင်နေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်မှနေပြီး သတင်းအချက်အလက်တွေကို ဝေမျှပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်း ရဲ့ Facebook အကောင့်တွင် သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိပါဝင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေကြောင်းကို ရေးသားဝေမျှပေးထားတာပါ။ အခု လက်ရှိမှာလည်း အမှန်တရားဘက်က ရပ်တည်တဲ့သူမှန်သမျှ တတ်နိုင်တဲ့ ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင် နေကြတာဟာလည်း ဝမ်းသာစရာပါပဲနော်။

သူကလည်း ” မြှောက်ပေးတယ် ပြောလည်း မတတ်နိုင်

ဂရုလည်းမစိုက် ကိုယ်တောင် မလုပ်ရဲတဲ့

တစ်ချို့ကိစ္စတွေ ကိုတော့ လေးစားကြောင်း

ဂုဏ်ယူကြောင်းလောက် ကို

ချီးကျူးပါရစေ ဂုဏ်ပြုပါရစေ

တောင်ဒဂုံ

ဒီမတိုင်ခင်စပြီးအဖိခံရကတည်းက

အနီရောင်အဆင့်တောင်မကအောင်

ခြေမုန်းခဲ့သမျှ ခုထိအကျအဆုံးများစွာနဲ့

ကြံ့ကြံ့ခံတော်လှန်နေတာ

ဂုဏ်ယူကြောင်းပြောပါရစေ

လှိုင်

လူညီတယ် ဘယ်လိုဖိဖိ

တစ်ခုမဟုတ်တစ်ခုကတော့ ထူးခြား စေရမယ်

အတွေးအခေါ်လည်းကောင်းတယ်

လေးစားပါရစေ

မုံရွာ

ကြိုက်လိုက်တာဗျာ အရှိန်အဟုန်နဲ့

ခွန်နဲ့အားနဲ့ တက်ကြွနေဆဲ

သတ္တိနဲ့ ဆင်ခြင်တုန်တရားနဲ့ပေါင်းစပ်ထားတဲ့

ဒီလိုခွန်အားမျိုး အားကျပါရစေ

တမူး မြို့လေးသာသေးတယ်

ကလေး နာမယ်သာငယ်နေမယ်

ဂန့်ဂေါ မြို့ကလေးသာ ခေါင်ရှာတာ

ဒီမြို့တွေကပြည်သူတွေရဲ့

အရည်အသွေးနဲ့ခွန်အားကတော့

မသေးငယ်စေရအောင် ခမ်းနားကြီးကျယ်တဲ့

ကိုယ်ချင်းစာစိတ်မခေါင်းပါးတဲ့

မြို့ငယ်ကလေးများ ပါ

ရဲရင့်လိုက်ကြတာ

လေးစားချစ်ခင်

ဂုဏ်ယူနေပါကြောင်း ” ဆိုပြီး ရေးသားထားတာဖြစ်တဲ့ အတွက် ပရိသတ်တွေလည်း သိရှိစေရန် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *